Friday, August 11, 2023

တူကီယဲသမ္မတသည် ရုရှား သမ္မတနှင့် တွေ့ဆုံသွားနိုင်ဖွယ်ရှိခြင်း

     တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် ဩဂုတ်လနှောင်းပိုင်း၊ သို့မဟုတ် စက်တင်ဘာလအစောပိုင်းတွင် တွေ့ဆုံ၍ ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ် သွားနိုင်ဖွယ်ရှိသည်ဟု သမ္မတအာဒိုဂန်၏အစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များက ၎င်းတို့၏အစည်းအဝေးကျင်းပမည့်နေရာနှင့်အချိန်ကို အတိအကျမသတ်မှတ်ရသေး သော်လည်း အမြန်ဆုံးရွေးချယ်ဆုံးဖြတ်ရန်သဘောတူညီခဲ့သည်ဟု ရုရှားသမ္မတ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေး အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းအရေးနှင့် ပင်လယ်နက် (Black Sea) အတွင်း လွတ်လပ်စွာဂျုံတင်ပို့ရေးသဘောတူညီချက်များအပေါ် အဓိကထားဆွေးနွေး သွားနိုင်ဖွယ်ရှိသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment