Sunday, September 3, 2023

တူကီယဲနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်း

Stockholmcf; Sep-4(Mon)

တူကီယဲနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လတွင် ၆၀ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း Stockholmcf သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါသည်။ တူကီယဲနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်များအရ ကုန်ဈေးနှုန်းမြင့်တက်ခြင်းသည် ဇူလိုင်လတွင် ၄၇.၈ ရာခိုင်နှုန်းရှိပြီး ဩဂုတ်လတွင် ၅၈.၉ ရာခိုင်နှုန်းခန့်မြင့်တက် ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းများကို တုံ့ပြန်နိုင်ရေး အတွက် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းများကို မြှင့်တင်ပေးရန် ဖိအားပေးမှုများဖြစ်ပေါ် စေကြောင်း သတင်းဌာနတွင် ဖော်ပြထားပါသည်။ ဗဟိုဘဏ်၏အတိုးနှုန်းသတ်မှတ်ချက်အား ပြီးခဲ့သည့်နှစ်လအတွင်း ၈.၅ ရာခိုင်နှုန်းမှ ၁၇.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါသည်။

လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်ခြင်းသည် ဗဟိုဘဏ်၏ အတိုးနှုန်း သတ်မှတ်ချက်အား ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ဖိအားပေးမှုများ ဖြစ်ပေါ်စေလျက် ရှိကြောင်းကိုလည်း သတင်းဌာနက မှတ်ချက်ပြုရေးသားထားပါသည်။ တူကီယဲနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းများသည် ၂၀၂၂ ခုနှစ်မှစတင်ကာ သိသိသာသာမြင့်တက်လာခဲ့ ကြောင်းနှင့် မျှော်မှန်းထားသည့်ထက် ပိုမိုမြန်ဆန်စွာ မြင့်တက်ခဲ့ကြောင်း ၎င်းသတင်း ဌာနတွင် ဖော်ပြခဲ့ပါသည်။ လက်ရှိငွေကြေးဖောင်းပွမှုများကြောင့် နေထိုင်မှုစရိတ် အကျပ်အတည်းများဖြစ်ပေါ်ခြင်းကို ထိန်းညှိနိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်ခြင်းသည် ဗဟိုဘဏ်အပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း သတင်းဌာန၏ဖော်ပြချက်အရ သိရှိ ရပါသည်။

Ref; Turkish Inflation Nears 60%, Piling Pressure on Central Bank

No comments:

Post a Comment