ANI; Sep-15(Fri)
အစ္စရေးလေတပ် (Israeli Air Force-IAF) နှင့် ဂရိလေတပ် (Greece’s Hellenic Air Force) တို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစ္စရေးနိုင်ငံအတွင်း၌ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်ခန်းအတွင်းပါဝင်သည့် လေယာဉ်များအနေဖြင့် ကီလိုမီတာထောင်ပေါင်းများစွာ ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ANI သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ် အတွင်း တိုက်လေယာဉ်များအနေဖြင့် အနိမ့်ပျံသန်းခြင်းနှင့် စစ်မြေပြင်သို့ ခဲယမ်း မီးကျောက်များချပေးခြင်း စသောလေ့ကျင့််ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လေ့ကျင့်ခန်းသည် ရေရှည်တိုက်ခိုက်မှုများအတွက် စစ်ဆင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ခြင်းအပြင် လေကြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် သည့် လေ့ကျင့်ခန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း IAF က ပြောကြားထား ပါသည်။
အဆိုပါပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်းကို ၂ ရက်ကြာဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်လေ့ကျင့်ပျံသန်းမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် ၎င်းလေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား အပြန်အလှန်သင်ယူမှု၊ အားနည်းချက်နှင့် အားသာချက်များကို အသုံးချနိုင်မှု၊ ပျံသန်းမှုဆိုင်ရာ တိုးတက်မှု၊ ရာသီဥတုဆိုးရွားချိန် များတွင် ရင်ဆိုင်ရမည့် ပျံသန်းမှုဆိုင်ရာစိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင် ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု IAF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment