တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဂျော်ဂျီယာဝန်ကြီးချုပ် အီရာလီဂရီဘက်ရှ်ဗီလီ (Irakli Garibashvili) အား နယူးယောက်ခ် မြို့ရှိ Türkevi Center ၊ သို့မဟုတ် Turkish House ၌ စက်တင်ဘာလ ၁၇ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး Middle Corridor အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် Baku-Tbilisi-Kars ရထားလမ်း၏ လျင်မြန်စွာလည်ပတ်မှုအား အဓိကဦးစားပေးအဖြစ် အလေးပေးပြောကြားခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း သမ္မတ အာဒိုဂန်သည် ဖေဖော်ဝါရီလ တွင် တူကီယဲ၌ ကြီးမားသောငလျင်လှုပ်ခတ်ပြီးနောက် ဂျော်ဂျီယာနိုင်ငံ၏ ပံ့ပိုးကူညီမှု အတွက် ကျေးဇူးတင်ကြောင်း တူကီယဲ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ခေါင်းဆောင်နှစ်ဦးသည် တူကီယဲနှင့် ဂျော်ဂျီယာ နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၅ ဘီလီယံ အထိတိုးမြှင့်ရန် အရေးကြီးကြောင်းကိုလည်း အလေးပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment