The Defense Post; Sep-7(Thu)
ပိုလန်နိုင်ငံသည် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုရှောင်ရှား၍ ရန်သူ၏ တိုက်ခိုက်ရေးဒရုန်းများကို ချိနဲ့စေနိုင်မည့် မောင်းသူမဲ့လေယာဉ်အသစ်၏ ရှေ့ပြေးပုံစံအား ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက စက်တင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ HAASTA ဟု အမည်ပေးထားသည့် အဆိုပါမောင်းသူမဲ့လေယာဉ်အား ပိုလန်နိုင်ငံတောင်ပိုင်း ကီးအဲ့စ် (Kielce) မြို့တွင်ပြုလုပ်သည့် နိုင်ငံတကာကာကွယ်ရေး စက်မှုထုတ်ကုန်ပြပွဲ၌ မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ HAASTA မောင်းသူမဲ့လေယာဉ်၏ တောင်ပံစွန်းနှစ်ခုအကြား အကွာအဝေးသည် ၁၃ ပေရှိပြီး အလေးချိန် ၇၇ ပေါင်အထိ သယ်ဆောင်နိုင်ပါသည်။
အဆိုပါမောင်းသူမဲ့လေယာဉ်သည် အမြင့်ပေ ၄ မိုင် (၆.၄ ကီလိုမီတာ) မှနေ၍ တစ်နာရီလျှင် အမြန်နှုန်း ၁၇၀ မိုင် (၂၇၄ ကီလိုမီတာ) အရှိန်နှုန်းဖြင့် မောင်းနှင်ပျံသန်း နိုင်ရန်အတွက် HP ICE အမျိုးအစား လျှပ်စစ်မျိုးစပ်အင်ဂျင်တစ်လုံး တပ်ဆင်ထား ပါသည်။ မောင်းသူမဲ့လေယာဉ်သည် အီရန်နှင့် ရုရှားနိုင်ငံတို့က အသုံးပြုလျက်ရှိသည့် Shahed အမျိုးအစား မောင်းသူမဲ့လေယာဉ်များကဲ့သို့သောဒရုန်းများ၊ အရှိန်အဟုန်နိမ့် ပျံသန်းလာသည့်ဒရုန်းများအား ဖျက်ဆီးရန် အဓိကဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ် ကြောင်း ထုတ်လုပ်သူများက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အဆိုပါမောင်းသူမဲ့ လေယာဉ်၌ ၅.၄၅ မီလီမီတာ စက်သေနတ်တပ်ဆင်ထားပြီး အနာဂတ်တွင် ၇.၆၂ မီလီမီတာ၊ သို့မဟုတ် ၁၂.၇ မီလီမီတာ သေနတ်ကို တပ်ဆင်နိုင်ခြေရှိပါသည်။ HAASTA မောင်းသူမဲ့ လေယာဉ်သည် မြေပြင်သို့မဆင်းသက်ဘဲ လေထုထဲတွင် ၁၀ နာရီအထိပျံသန်းနိုင်ပြီး ဂြိုဟ်တုနှင့် ချိတ်ဆက်ပျံသန်းပါက အကွာအဝေး အကန့်အသတ်မရှိပျံသန်းနိုင်ပါသည်။ ၎င်းသည် တန်ပြန်မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးမှ ရှာဖွေဖော်ထုတ်ခြင်း၊ ထောက်လှမ်း ခြင်းနှင့် ကင်းထောက်ခြင်း စသည့်စစ်ဆင်ရေးလုပ်ငန်းများအထိ လုပ်ဆောင်နိုင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment