တူကီယဲရေတပ်ဗိုလ်ချုပ်ကြီး အာကူမန့်တက်လီအိုဂလူ (Ercüment Tatlıoğlu) သည် ပါကစ္စတန်နိုင်ငံ၊ ရေတပ်ဌာနချုပ်သို့သွားရောက်၍ ပါကစ္စတန်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်းဂျက်ခန်နီရာဇီ (Amjad Khan Niazi) နှင့် တွေ့ဆုံခဲ့ကြောင်း The Nation သတင်းဌာန စက်တင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း ရေကြောင်းလုံခြုံရေးနှင့် နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ရေတပ်စစ်ရေးလေ့ကျင့်ခန်းများ၊ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ အပြန်အလှန်ဝင်/ထွက်သွားလာမှုများအပါအဝင် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment