၇။ တူရကီလုံခြုံရေးတပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ
PKK အကြမ်းဖက်
သမား ၃ ဉီးအား ဖမ်းဆီးခဲ့ကြောင်း
တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု တူရကီနိုင်ငံပိုင်
Anadolu သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ဟာကူရက်
(Hakurk) ဒေသ၌ တူရကီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတွင် အဆိုပါအကြမ်းဖက်သမား
၃ ဉီးအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
တူရကီ၊ အမေရိကန် နှင့် အီးယူတို့မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ထားသည့်
PKK အကြမ်းဖက်အဖွဲ့သည် တူရကီနိုင်ငံအား နှစ်
၃၀ ကျော် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီး၊ ကလေးငယ်နှင့် မွေးကင်းစကလေးများအပါအဝင်
လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment