Wednesday, January 15, 2020

တူရကီလုံခြုံရေးတပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ PKK အကြမ်းဖက် သမား ၃ ဉီးအား ဖမ်းဆီးခဲ့ခြင်း

 

၇။           တူရကီလုံခြုံရေးတပ်ဖွဲ့များသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ PKK အကြမ်းဖက် သမား ၃ ဉီးအား ဖမ်းဆီးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု တူရကီနိုင်ငံပိုင် Anadolu  သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ဟာကူရက် (Hakurk) ဒေသ၌ တူရကီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတွင် အဆိုပါအကြမ်းဖက်သမား ၃ ဉီးအား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီ၊ အမေရိကန် နှင့် အီးယူတို့မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ထားသည့် PKK  အကြမ်းဖက်အဖွဲ့သည် တူရကီနိုင်ငံအား နှစ် ၃၀ ကျော် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီး၊ ကလေးငယ်နှင့် မွေးကင်းစကလေးများအပါအဝင် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment