Monday, November 30, 2020

မော်ဒိုဗာရွေးကောက်ခံသမ္မတအသစ်သည် ရုရှားတပ်ဖွဲ့များအား ၎င်း၏ပိုင်နက်မှ ရုပ်သိမ်းသွားရန် တောင်းဆိုခဲ့ခြင်း

 

BBC; Nov-30 (Mon)

              မော်ဒိုဗာနိုင်ငံ၏ရွေးကောက်ခံသမ္မတအသစ် မာရီယာဆန်ဒူ(Maia Sandu) သည် ယူကရိန်းနယ်စပ်ရှိ Trans-Dniester ခွဲထွက်ဒေသတွင် တပ်ဖြန့်ချထားသော ရုရှားတပ်ဖွဲ့ဝင်များအားပြန်လည်ရုပ်သိမ်းသွားရန် နိုဝင်ဘာလ ၃၀ ရက်တွင် တောင်းဆို ခဲ့ကြောင်း BBC သတင်းဌာနက ပြောကြားခဲ့ပါသည်။ ရုရှားတပ်ဖွဲ့များကို Trans-Dniester ခွဲထွက်ဒေသ၌ တပ်ဖြန့်ချထားသွားရန် မည်သည့်အခါမှခွင့်ပြုချက်မပေးခဲ့ ကြောင်း ရွေးကောက်ခံသမ္မတအသစ် မာရီယာဆန်ဒူက  ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ရွေးကောက်ခံသမ္မတအသစ် မာရီယာ ဆန်ဒူသည် နိုဝင်ဘာလအစောပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရုရှား နိုင်ငံကထောက်ခံသည့် လက်ရှိသမ္မတ အီဂေါဒိုဒွန် (Igor Dodon)ကို အနိုင်ရရှိခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဆန်ဒူ၏ပြောကြားချက်များကိုငြင်းပယ်ခဲ့ပြီး အဆိုပါလုပ်ဆောင်မှု များသည် ရုရှားနိုင်ငံနှင့်မော်ဒိုဗာနှစ်နိုင်ငံတို့အကြား တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေ နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးသမ္မတဖြစ်သူ ဆန်ဒူသည် ကမ္ဘာ့ဘဏ် (World Bank)၏ စီးပွားရေးကျွမ်းကျင်ပညာရှင်ဟောင်းတစ်ဦးဖြစ်ပြီး ဥရောပသမဂ္ဂနှင့်နီးကပ်သည့် ဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်ပါသည်။ ရုရှားနိုင်ငံ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဖြစ်သော Trans-Dniester ဒေသရှိ ရုရှားတပ်ဖွဲ့ဝင်များအား မော်ဒိုဗာနိုင်ငံရှိ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe) အောက်ရှိ အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့ များဖြင့် အစားထိုးသင့်ကြောင်း ဆန်ဒူက ထပ်လောင်းပြောကြားခဲ့ပါသည်။ လက်ရှိတွင် အဆိုပါဒေသ၌ ရုရှားတပ်ဖွဲ့ဝင် ၁,၅၀၀ ဉီးအား တပ်ဖြန့်ချထားပါသည်။ ထို့ပြင် ရုရှား တပ်ဖွဲ့ဝင်များအား အဆိုပါဒေသမှ လက်နက်သိုလှောင်ထားရှိမှုများနှင့်အတူ ချွင်းချက် မရှိရုပ်သိမ်းသွားရန် တောင်းဆိုခဲ့မှုအပေါ် ကုလသမဂ္ဂ (United Nations) က ထောက်ခံ ခဲ့ပါသည်။ ထို့နောက် ရုရှားအစိုးရရုံးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ရုရှားတပ်ဖွဲ့များအနေဖြင့် Trans-Dniesterဒေသတွင် တပ်ဖြန့် ချထားမှုများဆက်လက်လုပ်ဆောင်သွားဟု မျှော်မှန်းထားရှိကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်ဟုသိရှိရပါသည်။ 

တူရကီနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်၊ မအောင်မြင်သောအာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တရားဟောဆရာ ဖက်သူလာဂူလန်အား ထောက်ပံ့ပေးလျက်ရှိသည့် စစ်ဘက်တပ်ဖွဲ့ဝင် ၈၂ ဦးအား အကျဉ်းချထားမှုများ ပြုလုပ်ခဲ့ခြင်း

 


 ၅။           တူရကီနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်၊ မအောင်မြင်သောအာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တရားဟောဆရာ ဖက်သူလာဂူလန် (Fethullah Gulen) အား ထောက်ပံ့ပေးလျက်ရှိသည့် စစ်ဘက်တပ်ဖွဲ့ဝင် ၈၂ ဦးအား အကျဉ်းချထားမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ပြည်နယ်ပေါင်း ၃၉ ခု၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး ဖက်သူလာဂူလန်နှင့် ဆက်နွှယ်လျက်ရှိသူများ အနက် ၇၀ ဦးသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း Anadolu သတင်း ဌာနကပြောကြားခဲ့ပါသည်။ တူရကီအနောက်ဘက်ကမ်းရိုးတန်းပြည်နယ် အဇ်မီယာ (Izmir) ရှိ အစိုးရရှေ့နေချုပ်၏ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ဖမ်းဆီးအကျဉ်းချထားမှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

တူရကီနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်၊ မအောင်မြင်သောအာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တရားဟောဆရာ ဖက်သူလာဂူလန်အား ထောက်ပံ့ပေးလျက်ရှိသည့် စစ်ဘက်တပ်ဖွဲ့ဝင် ၈၂ ဦးအား အကျဉ်းချထားမှုများ ပြုလုပ်ခဲ့ခြင်း

 ၅။           တူရကီနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်၊ မအောင်မြင်သောအာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တရားဟောဆရာ ဖက်သူလာဂူလန် (Fethullah Gulen) အား ထောက်ပံ့ပေးလျက်ရှိသည့် စစ်ဘက်တပ်ဖွဲ့ဝင် ၈၂ ဦးအား အကျဉ်းချထားမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ပြည်နယ်ပေါင်း ၃၉ ခု၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး ဖက်သူလာဂူလန်နှင့် ဆက်နွှယ်လျက်ရှိသူများ အနက် ၇၀ ဦးသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း Anadolu သတင်း ဌာနကပြောကြားခဲ့ပါသည်။ တူရကီအနောက်ဘက်ကမ်းရိုးတန်းပြည်နယ် အဇ်မီယာ (Izmir) ရှိ အစိုးရရှေ့နေချုပ်၏ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ဖမ်းဆီးအကျဉ်းချထားမှု များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Saturday, November 28, 2020

မွန်တီနီဂရိုးနှင့် ဆားဘီးယားတို့သည် သက်ဆိုင်ရာသံအမတ်များအား အပြန်အလှန်နှင်ထုတ်ခဲ့ကြခြင်း

 မွန်တီနီဂရိုးနှင့်ဆားဘီးယားနိုင်ငံတို့သည် သက်ဆိုင်ရာသံအမတ်များအား တိုင်းပြည်မှ အပြန်အလှန်နှင်ထုတ်ခဲ့ကြောင်း CGTN သတင်းဌာနမှ နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ မွန်တီနီဂရိုးနိုင်ငံဆိုင်ရာ ဆားဘီးယားသံအမတ် ဗလာဒီမာဗိုဇိုဗစ် (Vladimir Bozovic) သည် မိမိတို့၏ ပြည်တွင်းရေးရာကိစ္စရပ်များ အပေါ် ဝင်ရောက်စွက်ဖက်လျက်ရှိပြီး မိမိတို့အနေဖြင့် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ လက်မခံနိုင်သည့်အတွက်ကြောင့် တိုင်းပြည်မှနှင်ထုတ်ရခြင်းဖြစ်ကြောင်း မွန်တီ နီဂရိုးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဆားဘီးယားနိုင်ငံသည်လည်း ၎င်းသံအမတ်နှင်ထုတ်ခံရခြင်းကြောင့် ဆားဘီးယားနိုင်ငံဆိုင်ရာ မွန်တီနီဂရိုး သံအမတ် တာဇံမီလိုစီဗစ် (Tarzan Milosevic) အား တိုင်းပြည်တွင်းမှ ရက်အတွင်း ထွက်ခွာသွားရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့သံအမတ်များ အပြန်အလှန် နှင်ထုတ်ခဲ့မှုများကြောင့် ၎င်းတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲတင်းမာမှုများ ပိုမို မြင့်တက်လာဖွယ်ရှိကြောင်း သိရှိရပါသည်။ 

ယူကရိန်းနှင့် တူရကီ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့အကြား ဆွေးနွေမှုတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်ခြင်း

 ယူကရိန်းနှင့်တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို လာမည့်ဒီဇင်ဘာလတွင် ယူကရိန်းနိုင်ငံ၏ မြို့တော် ကီးယက် (Kyiv) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း UNIAN သတင်းဌာနက ပြောကြားခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများ တက်ရောက်မည်ဖြစ်‌ပါသည်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr Zelensky) သည် တူရကီနိုင်ငံ၏ မြို့တော် အစ္စတန်ဘူလ် (Istanbul) သို့ အလည်အပတ်ခရီးရောက်ရှိစဉ် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံ၍ အဆိုပါအစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာ (Dmytro Kuleba) က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးမှုအတွင်း Antonov လေကြောင်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ မူဘောင်အတွင်း အပြန်အလှန် အကျိုး သက်ရောက်စေမည့် ဆွေးနွေးမှုများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

Wednesday, November 25, 2020

ယူကရိန်းနှင့်တူရကီတို့သည် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များ ပူးတွဲထုတ်လုပ်သွားရန် သဘောတူညီခဲ့ခြင်း

 

Intellinews; Nov-26 (Thu)

              ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး(Volodymyr Zelenskiy)သည် တူရကီနှင့် ဖက်စပ်ကုမ္ပဏီတစ်ခုတည်ထောင်၍ Bayraktar TB2 အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ် ၄၈ စီးထုတ်လုပ်ရန် သဘောတူညီခဲ့ကြောင်း နိုင်ငံပိုင်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် Ukrspetsexport ကုမ္ပဏီ၏ညွှန်ကြားရေးမှူးချုပ် ဗတ်ဒမ်အီဟော်ရိုဗီချီ (Vadym Ihorovych)က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လက်ရှိ အချိန်တွင် နာဂေါ်နို-ကရာဘတ်ခ်ဒေသနှင့်စပ်လျဉ်း၍ အာမေးနီးယားနှင့်အဇာဘိုင်ဂျန် အကြား ပဋိပက္ခဖြစ်ပွားလျက်ရှိခြင်းကြောင့် အဆိုပါလေယာဉ်များအား အဇာဘိုင်ဂျန် နိုင်ငံသို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ကနေဒါအနေဖြင့် တူရကီနိုင်ငံသို့မောင်းသူမဲ့လေယာဉ်၏ နည်းပညာအစိတ်အပိုင်းများကူညီထောက်ပံ့ခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့မှုအပေါ် ဒေါသထွက်မိကြောင်း တူရကီသမ္မတ ရီဆတ် တေးရစ်အာဒိုဂန်(Recep Tayyip Erdogan)က ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်တွင် ယူကရိန်းသမ္မတဇီလန်စကီးနှင့် ဖုန်းပြောဆိုစဉ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် ဘေကာမာကင်နာ (Baykar Makina) ကုမ္ပဏီသည် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအပြင် ထောက်လှမ်းရေးစနစ်များကိုလည်း ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ တူရကီနှင့်ယူကရိန်း တို့အနေဖြင့် သဘောတူညီချက်တွင်မပါဝင်သည့် မည်သည့်နိုင်ငံကိုမဆို တူရကီထံမှ Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များဝယ်ယူလိုပါက တင်ပို့ရောင်းချရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဟော်ရိုဗီချီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်း နိုင်ငံ၌ထုတ်လုပ်မည့် အဆိုပါမောင်းသူမဲ့လေယာဉ်များသည် တူရကီတွင်ထုတ်လုပ်ခဲ့သည့် မောင်းသူမဲ့လေယာဉ်များနှင့် အနည်းငယ်ကွာခြားမှုရှိလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

Tuesday, November 24, 2020

ဆီးရီးယားအရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုပြုလုပ်ရန် သဘောတူညီချက် မရရှိသေးကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

 

Trtworld; Feb-26(Wed)

         ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ၊ ရုရှား၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့မှ ခေါင်းဆောင်များသည် ဆီးရီးယားအနောက်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန်အတွက် သဘော တူညီချက်မရရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် (Angela Merkel) တို့နှင့် အတူ မတ်လ ၅ ရက်တွင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ဖေဖော်ဝါရီလ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။

         တူရကီနိုင်ငံအနေဖြင့် အိုင်ဒဲလစ်အရေးနှင့် လစ်ဗျားအရေးကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ဆီးရီးယားအရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဗလာဒီမာပူတင် နှင့် မတ်လ ၅ ရက်တွင် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း အာဒိုဂန်က ပြောကြားထားပါသည်။  ရုရှားအစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) ကမူ ရုရှားအစိုးရအနေဖြင့် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့နှင့်အတူ ဆွေးနွေးမှုများပြုလုပ်သွားမည် မဟုတ်ကြောင်းနှင့် အီရန်နှင့်တူရကီနိုင်ငံတို့ဖြင့်သာ ဆွေးနွေးမှုများပြုလုပ်သွားရန် စဉ်းစား သုံးသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။    

တူရကီနှင့် ဆားဘီးယားတို့အကြား ဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်း

 တူရကီနှင့်ဆားဘီးယားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံအကြား သံတမန်ရေး၊ ကာကွယ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများတွင် အပြန်အလှန်ဆက်ဆံမှု များတိုးမြှင့်သွားနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်တွင် ဒေသတွင်း သတင်းဌာနတစ်ခုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆားဘီးယားကာကွယ်ရေး ဝန်ကြီး နီဘိုဂျားစတီဖာနိုဗစ်(Nebojsa Stefanovic) နှင့် တူရကီသံအမတ် တန်ဂျူ ဘယ်လ်ဂစ် (Tanju Bilgic) တို့အကြား ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ် (Belgrade) မြို့တော်၌ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် စစ်လက်နက်ထုတ်လုပ်ရေးနှင့် အဆင့် မြှင့်တင်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်လိုအပ် ကြောင်းကို အလေးအနက်ထားထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ဆားဘီးယားကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။ 

Monday, November 23, 2020

နာဂေါ်နို-ကရာဘတ်ခ်ဒေသ၌ သီးခြားအခြေစိုက်စခန်းတစ်ခုဖွင့်လှစ်မည့် တူရကီ၏ အစီအစဉ်နှင့်ပတ်သက်၍ တူရကီနှင့်ရုရှားတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်း

 Ahvalnews; Nov-24 (Tue)

              နာဂေါ်နို-ကရာဘတ်ခ်ဒေသ၌ သီးခြားလေ့လာစောင့်ကြည့်ရေးစခန်းတစ်ခု ဖွင့်လှစ်သွားမည့် တူရကီနိုင်ငံ၏ အစီအစဉ်နှင့်ပတ်သက်၍ တူရကီနှင့် ရုရှားနိုင်ငံ တို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ် များက နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ ၁၀ ရက်တွင် ရုရှား၊ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ သဘောတူညီခဲ့သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်၏ သဘောတူညီချက်များအရ နာဂေါ်နို-ကရာဘတ်ခ်ဒေသရှိ နယ်စပ်ထိန်းချုပ်ရေး လမ်းကြောင်းကို ကင်းလှည့်စေနိုင်မည့် ရုရှားတပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်အား စေလွှတ်ပေးခဲ့ ပါသည်။ တူရကီသည် ယခင်ဆိုဗီယက်နိုင်ငံ ၃ နိုင်ငံအကြား သဘောတူညီချက်တွင် ပါဝင်ခဲ့ခြင်းမရှိသော်လည်း အဇာဘိုင်ဂျန်ပိုင်နက်ရှိ ရုရှားစောင့်ကြည့်ရေးစင်တာသို့ တူရကီလေ့လာရေးအဖွဲ့များစေလွှတ်မှုကို ခွင့်ပြုပေးခဲ့ပါသည်။

          ထို့နောက် တူရကီလွှတ်တော်က တူရကီတပ်ဖွဲ့များအား ၁ နှစ်တာ တပ်ဖြန့် ချထားသွားမည့် အဆိုပြုချက်အား ပြီးခဲ့သည့်သီတင်းပတ်အတွင်း အတည်ပြုခဲ့ပါသည်။ ထို့ပြင် တူရကီတပ်ဖွဲ့ဝင်များအား လိုအပ်သောလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးနောက် တပ်ဖြန့် ချထားသွားရန် အသင့်ရှိကြောင်းလည်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) က နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် ရုရှား နိုင်ငံတို့အနေဖြင့် စောင့်ကြည့်ရေးမစ်ရှင်ဆိုင်ရာ သတ်မှတ်ချက်များနှင့်ပတ်သက်၍ သဘောတူညီထားခြင်းမရှိသေးသော်လည်း တူရကီနိုင်ငံသည် ၎င်း၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် သီးခြားလေ့လာရေးစခန်းတစ်ခုတည်ဆောက်သွားရန် တွန်းအားပေး လုပ်ဆောင်လျက်ကြောင်း Reuters သတင်းဌာနက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် အဆိုပါဒေသ၌ ပူးတွဲလေ့လာစောင့်ကြည့်ရေးစင်တာတစ်ခု တည်ဆောက် သွားရန်မလိုကြောင်း ရုရှားနိုင်ငံက ယူဆထားသော်လည်း တူရကီနိုင်ငံအတွက် လေ့လာ စောင့်ကြည့်ရေးစင်တာတစ်ခု တည်ဆောက်သွားရန်လိုအပ်သည်ဟု တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူစီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

Sunday, November 22, 2020

ဂရိဦးဆောင်သော ဥရောပသမဂ္ဂ ရေတပ်စစ်ရေးလှုပ်ရှားမှုအဖွဲ့သည် တူရကီကုန်တင်သင်္ဘောအား တရားမဝင်ရှာဖွေခဲ့ခြင်း

 

AA; Nov-23 (Mon)

              ဂရိဦးဆောင်သော ဥရောပသမဂ္ဂ ရေတပ်စစ်ရေးလှုပ်ရှားမှုအောက်ရှိ ဂျာမနီ စစ်ရေယာဉ်တစ်စီးသည် မြေထဲပင်လယ်အရှေ့ပိုင်းမှ လစ်ဗျားသို့သွားရောက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော တူရကီကုန်တင်သင်္ဘောတစ်စီးအား နိုဝင်ဘာလ ၂၃ ရက်တွင် နာရီပေါင်းများစွာကြာ တရားမဝင်ရှာဖွေမှုများပြုလုပ်ခဲ့ပါသည်။ ဂျာမနီစစ်ရေယာဉ်သည် ပီလိုပိုနီးစ်ကျွန်းစု (Peloponnese islands) အနောက်တောင်ပိုင်းအနီး၌ ROSELINA-A အမည်ရှိ တူရကီ ကုန်တင်သင်္ဘောအား ကြားဖြတ်ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် အစားအစာနှင့် အိမ်သုတ်ဆေး များသာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်သည် တရားမဝင်သောလုပ်ရပ် ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာသတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြပါသည်။

              ထိုသို့ရှာဖွေခြင်းသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာဥပဒေအရ အဖွဲ့အစည်းတစ်ခုအနေဖြင့် ရှာဖွေမှုများပြုလုပ် ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ခွင့်ပြုချက်ရယူရန်လိုအပ်မည်ဖြစ်ကြောင်းလည်း တူရကီက ကြေညာခဲ့ပါသည်။ ရှာဖွေမှုပြုလုပ်နေစဉ်အတွင်း ၎င်းသင်္ဘောပေါ်ရှိ ကုန်သေတ္တာများအားလုံးအား ဖွင့်လှစ်ရှာဖွေခဲ့ကြပြီး အဆိုပါလုပ်ရပ်များသည် တူရကီမှ ခွင့်ပြုချက်မရှိသောကြောင့် တရားမဝင်ကြောင်း သတိပေးချက်များကို ၎င်းတို့အနေဖြင့် လျစ်လျူရှုခဲ့ကြပါသည်။ တူရကီအနေဖြင့် အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ ပင်လယ် ရေကြောင်းလွတ်လပ်ခွင့်စည်းမျဉ်းများအရ နိုင်ငံတကာအဖွဲ့အစည်းများရှေ့မှောက်တွင် အရေးယူဆောင်ရွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Saturday, November 21, 2020

တူရကီနှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စရပ်များနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြခြင်း

 တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာအဇစ်အယ်လ်ဆော့ (Salman bin Abdulaziz Al Saud) တို့သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို နိုဝင်ဘာလ ၂၁ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ အဆိုပါ တယ်လီဖုန်းဆက်သွယ်မှုအတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် နိုဝင်ဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်မည့် G-20 ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သော ကိစ္စရပ်များအပြင် ဒေသတွင်းပြဿနာရပ်များကိုအတူတကွ ပူးပေါင်းဖြေရှင်းမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပါသည်။ G-20 ထိပ်သီးအစည်းအဝေးအား ဆော်ဒီအာရေဗျ နိုင်ငံမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Friday, November 20, 2020

တူရကီသည် တင့်ကား အင်ဂျင်များနှင့် Transmission စနစ်များအား ဝယ်ယူရရှိနိုင်ရန် တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင် လျက်ရှိခြင်း

 တူရကီအစိုးရတာဝန်ရှိသူများသည် ၎င်းတို့၏ Altay တိုက်ပွဲဝင် တင့်ကားများတွင် တွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တင့်ကား အင်ဂျင်များနှင့် Transmission စနစ်များအား ဝယ်ယူရရှိနိုင်ရန် တောင်ကိုရီးယား ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင် လျက်ရှိကြောင်း Defense News သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီ အစိုးရသည် ၎င်းတို့၏ တင့်ကားများတွင် တွေ့ကြုံရသည့်ပြဿနာရပ်များအတွက် ပြည်ပ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအေဂျင်စီများနှင့် ညှိနှိုင်းမှုများလုပ်ဆောင်သွားနိုင်ရေးကို ၁၉၉၀ ပြည့်နှစ်ကတည်းက စီမံနေခဲ့ခြင်းလည်းဖြစ်ပါသည်။ ထို့ပြင် တူရကီနိုင်ငံ အနေဖြင့် ပြင်သစ်ကာကွယ်ရေးပစ္စည်းကုမ္ပဏီများနှင့်လည်း အဆိုပါပြဿနာရပ်အား ညှိနှိုင်းဖြေရှင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Wednesday, November 18, 2020

ဂရိနိုင်ငံအနေဖြင့် F-35 တိုက်လေယာဉ်များဝယ်ယူမည်ဆိုပါက တူရကီသည် မြေထဲပင်လယ်၌ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဖြန့်ချထားသွားမည်ဆိုခြင်း

 

Sputnik;Nov-18(Wed)

              ဂရိနိုင်ငံအနေဖြင့် အမေရိကန်ထံမှ F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်ဆိုပါက တူရကီဘက်မှလည်း ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များအား မြေထဲပင်လယ်ဒေသအတွင်း တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း တူရကီ စစ်ဘက်မှ အငြိမ်းစားဗိုလ်ချုပ် နီဂျက်အီစလန် (Nejat Eslen)က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့်  မြေထဲပင်လယ်ဒေသ၌ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များ တပ်ဖြန့်ချထားရန် လုပ်ဆောင်လျက်ရှိမှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဗိုလ်ချုပ် အီစလန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဂရိအစိုးရကမူ တူရကီနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များသည် ၎င်းတို့လေတပ်၏ လုပ်ငန်းဆောင်တာများအပေါ် အနှောင့်အယှက်ဖြစ်ပေါ် လျက်ရှိခြင်းကြောင့် F-35 တိုက်လေယာဉ်များအား အလျင်စလိုဝယ်ယူခဲ့ရခြင်းဖြစ် သည်ဟု  ဂရိပြည်တွင်းသတင်းဌာနက ဖော်ပြထားပါသည်။

              တူရကီနိုင်ငံသည် ပထဝီနိုင်ငံရေးအရဒေသတွင်းတည်ရှိမှုနှင့် ၎င်း၏စစ်ရေး စွမ်းဆောင်ရည်များကြောင့် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် အဓိက အာရုံစိုက်ရာ နိုင်ငံတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ် အီစလန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အနေဖြင့်လည်း တူရကီနှင့်ဂရိနိုင်ငံအကြား စစ်ရေးမဟာဗျူဟာအရ ညီညွတ်မျှတစေရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြား ခဲ့ပါသည်။ တူရကီအနေဖြင့် S-400  လေကြောင်းရန်ကာကွယ်ရေးစနစ်များအား အေဂျီယန် ပင်လယ်နှင့် အရှေ့မြေထဲပင်လယ်ဒေသတို့၌ တပ်ဖြန့်ချထားမည်ဆိုပါက ဂရိနိုင်ငံ အပါအဝင် အခြားဒေသတွင်းနိုင်ငံများကိုပါ လွှမ်းမိုးချုပ်ကိုင်၍ ဒေသတွင်းအင်အားကြီး နိုင်ငံအဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်ဟုလည်း နီဂျက်အီစလန်က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

အဇာဘိုင်ဂျန်တွင် တူရကီတပ်ဖွဲ့များ တပ်ဖြန့်ချသွားရန် တူရကီလွှတ်တော်က အတည်ပြုခဲ့ခြင်း

 

Xinhua; Nov-18 (Wed)

              နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh) ဒေသအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို စောင့်ကြည့်သွားရန်အတွက် အဇာဘိုင်ဂျန်ဒေသ၌ တူရကီ တပ်ဖွဲ့များ တပ်ဖြန့်ချသွားရန် အဆိုပြုချက်အား နိုဝင်ဘာလ ၁၇ ရက်တွင် တူရကီလွှတ်တော်က အတည်ပြုခဲ့ပါသည်။ ၎င်းအဆိုပြုချက်အရ တူရကီတပ်ဖွဲ့ဝင် များကို အဇာဘိုင်ဂျန်တွင် တစ်နှစ်ကြာတပ်ဖြန့်ချသွားမည်ဖြစ်ပြီးစေလွှတ်မည့် တပ်ဖွဲ့ဝင် အရေအတွက်အား တူရကီသမ္မတမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။ ၎င်းအဆိုပြုချက် သည် အဇာဘိုင်ဂျန်နှင့် တူရကီတို့အကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနှင့် အပြန်အလှန်ကူညီထောက်ပံ့ရေးသဘောတူစာချုပ် (Strategic Partnership and Mutual Assistance Treaty) အရ ကတိကဝတ်များကိုဖြည့်ဆည်းရန်၊ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်မှုများမှကာကွယ်ရန်၊ တူရကီ၏ အကျိုး စီးပွားကို ထိရောက်စွာကာကွယ်ရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့ကို ထိန်းသိမ်းရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

              တူရကီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမှုသည် တူရကီ၏ အမျိုးသားအကျိုးစီးပွား အတွက် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းကိုလည်း အဆိုပြုချက်အတွင်း ထည့်သွင်း ပြောကြားထားပါသည်။ ထို့ပြင် ရုရှားနှင့် တူရကီအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်သွားရန် ပူးတွဲစင်တာ (Joint Center) တစ်ခုကို တည်ထောင်ထားပြီး လိုအပ်ပါက တူရကီတပ်မတော်စစ်မှုထမ်းများနှင့် အစိုးရဝန်ထမ်း များအနေဖြင့် ပူးတွဲစင်တာရှိ လုပ်ငန်းစဉ်များတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အဆိုပြုချက် အတွင်း ပြောကြားထားပါသည်။ အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည်  နာဂေါ်နို-ကရာဘတ်ခ်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၀ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Tuesday, November 17, 2020

မြောက်မက်ဆီဒိုးနီးယား၏ ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ရေးဆိုင်ရာ ဆွေးနွေးမှု များကို ကန့်ကွက်ရန် ပြင်ဆင်လျက်ရှိကြောင်း ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ခြင်း

 

ဘူလ်ဂေးရီးယားနှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့အနေဖြင့် သမိုင်းကြောင်း နှင့် ဘာသာစကားဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနေရဆဲဖြစ်သောကြောင့် မြောက်မက်ဆီဒိုးနီးယား၏ ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ရေးဆိုင်ရာ ဆွေးနွေးမှု များကို ကန့်ကွက်ရန် ပြင်ဆင်လျက်ရှိကြောင်း ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး အီကာတီရီနာဇာဟာရီဗာ (Ekaterina Zaharieva) က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြား ခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ ပြည်ပရေးရာဝန်ကြီးများအနေဖြင့် မြောက်မက်ဆီဒိုးနီးယား အား ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံရေးဆိုင်ရာဆွေးနွေးမှုများကို နိုဝင်ဘာလ ၁၇ ရက်တွင် ပြုလုပ်သွားရန် ဆောင်ရွက်လျက်ရှိသော်လည်း အခြားတစ်နိုင်ငံက ကန့်ကွက်လျှင် ဆွေးနွေးမှုအား စတင်နိုင်မည်မဟုတ်ကြောင်း ဇာဟာရီဗာက ပြောကြား ခဲ့ပါသည်။ ထို့ပြင် မြောက်မက်ဆီဒိုးနီးယားအနေဖြင့် ၂၀၁၇ ခုနှစ်တွင် လက်မှတ် ရေးထိုးထားသည့် မိတ်ဖက်ဖြစ်မှုဆိုင်ရာသဘောတူစာချုပ်ပါ ကတိကဝတ်များကို လိုက်နာခြင်းမရှိဘဲ ဘူလ်ဂေးရီးယား မုန်းတီးရေးမူဝါဒများကိုသာ ချမှတ်လျက်ရှိသည်ဟု ဇာဟာရီဗာက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီသမ္မတရုံးသည် အဇာဘိုင်ဂျန်နိုင်ငံသို့ တူရကီတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ရေး ဆိုင်ရာအဆိုပြုချက်တစ်ရပ်အား ပါလီမန်သို့ တင်သွင်းခဲ့ခြင်း

 

တူရကီသမ္မတရုံးသည် အဇာဘိုင်ဂျန်နိုင်ငံသို့ တူရကီတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ရေး ဆိုင်ရာအဆိုပြုချက်တစ်ရပ်အား နိုဝင်ဘာလ ၁၆ ရက်တွင် ပါလီမန်သို့ တင်သွင်းခဲ့ ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါအဆိုပြုချက်အား နိုဝင်ဘာလ ၁၇ ရက်တွင် တူရကီလွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ပြီး ထောက်ခံမှု ရရှိခဲ့ပါက နာဂေါ်နို-ကရာဘတ်ခ်ဒေသတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တူရကီတပ်ဖွဲ့ဝင်များအား ၁ နှစ်ကြာ ဖြန့်ကြက်သွားနိုင်မည် ဖြစ်ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က လည်း တူရကီအနေဖြင့် နာဂေါ်နို-ကရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုကို စောင့်ကြည့်ရန်အတွက် ၎င်းဒေသရှိ ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် များနှင့်အတူ  ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာ ဘဏ္ဍာငွေထည့်ဝင် ထောက်ပံ့ရေးစီမံချက်အား ပိုလန်နှင့် ဟန်ဂေရီတို့က ဗီတိုအာဏာသုံး၍ပယ်ချခဲ့ခြင်း

 

Watoday;Nov-17(Tue)

              ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ ကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် နိုင်ငံများအတွက် ဥရောပသမဂ္ဂ၏ ဘဏ္ဍာငွေ ထောက်ပံ့ရေးဆိုင်ရာစီမံချက်အား ဗီတိုအာဏာသုံး၍ပယ်ချခဲ့ပါသည်။ ဥရောပသမဂ္ဂ အနေဖြင့် အဆိုပါဘဏ္ဍာငွေထောက်ပံ့ရေးအတွက် အမေရိကန်ဒေါ်လာ ၂.၉ ထရီလီယံ သတ်မှတ်ထားပြီး ယင်းစီမံချက် အကောင်အထည်ဖော်နိုင်ရန် ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်ရာ ၃ ပုံ ၂ ပုံ ထောက်ခံမှုရရှိခဲ့ပါသည်။ သို့သော် ပိုလန်နှင့် ဟန်ဂေရီတို့ကမူ လူ့အခွင့်အရေးအကာအကွယ်ပေးရေးနှင့်ပတ်သက်၍ အတင်းအကျပ်ဖိအားပေးမှုမခံယူ လိုကြောင်းပြော၍ ဗီတိုအာဏာသုံးကာ ကန့်ကွက်လျက်ရှိသဖြင့် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်အား ရှေ့ဆက်အကောင်အထည်ဖော်နိုင်မည် မဟုတ်သေးကြောင်း ဥရောပသမဂ္ဂ ဆိုင်ရာ ဂျာမနီပြောရေးဆိုခွင့်ရှိသူ ဆီဘက်စတိန်းဖစ်ချာ (Sebastian Fischer) က ပြောကြားခဲ့ပါသည်။ 

              ဥရောပသမဂ္ဂရေးရာဝန်ကြီးများအနေဖြင့် အထက်ပါ မတိုးသာမဆုတ်သာ ဖြစ်နေသည့် ဘဏ္ဍာငွေထောက်ပံ့ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားရန်စီစဉ် လျက်ရှိပြီး ဖြေရှင်း၍မရနိုင်သေးပါက လာမည့်နိုဝင်ဘာလ ၁၉ ရက်တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါနှစ်နိုင်ငံအနေဖြင့် ထိုကဲ့သို့ ဗီတိုအာဏာသုံး၍ကန့်ကွက်ခြင်းဖြင့် ၎င်းတို့အတွက် လိုအပ်သည့်ဘဏ္ဍာငွေ များအား ဥရောပထံမှရရှိနိုင်တော့မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောကြားခဲ့ကြပါသည်။ အဆိုပါ ဘဏ္ဍာငွေများထည့်ဝင်ထောက်ပံ့ရေးအစီအစဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ရရှိရန် လျင်မြန်စွာ အကောင်အထည်ဖော်လျက်ရှိပါသည်။ သို့သော် ယင်းအစီအစဉ်မှာ ဥပဒေနှင့်မညီဘဲ  နိုင်ငံရေးဆိုင်ရာ အနိုင်အထက်ပြုမှုဖြစ်ကြောင်း ပိုလန်တရားရေးဝန်ကြီး ဇီဘီနီယူ ဇီရိုဘရို (Zbigniew Ziobro) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီရန်နှင့် ဆားဘီးယားတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန်ဆွေးနွေးခဲ့ခြင်း

 

Mehrnews;Nov-17(Tue)

              အီရန်နှင့်ဆားဘီးယားနိုင်ငံတို့မှတာဝန်ရှိသူများသည် အပြန်အလှန်ကုန်သွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း MNA သတင်းဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့်ဆက်သွယ်ရေးဝန်ကြီး တက်တီယာနာမတ်တစ် (Tatjana Matic) နှင့် အီရန်နိုင်ငံသံအမတ် ဟတ်ဆန်ရာရှီးပါး (Hassan Rashidpour) တို့သည် နိုဝင်ဘာလ ၁၆ ရက်တွင် ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ် (Belgrade) မြို့၌ ကျင်းပခဲ့သည့်အစည်းအဝေးတွင် အဆိုပါကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ပေးရေးနှင့် တိုက်ရိုက် ပျံသန်းမှုခရီးစဉ်များပြုလုပ်ရေးတို့လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရာရှီးပါးက ပြောကြားခဲ့ပါသည်။

          ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ဘော်လကန် (Balkan) ဒေသရှိ ဆားဘီးယား နိုင်ငံအား အထူးအလေးထားကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုး တိုးတက်စေရန် အစွမ်းရှိသမျှကြိုးစားသွားမည်ဖြစ်ကြောင်း ရာရှီးပါးက ပြောကြား ခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအကြီးအကဲ မတ်တစ်ကမူ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်အတွက် အဓိကဖြစ်သည့် ပူးတွဲငွေပေးချေမှုစနစ်တစ်ရပ်ကို ထူထောင်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ အနေဖြင့် အီရန်နှင့်အတူ ကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များတွင် တိုးမြှင့်ဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ အတားအဆီးများကျော်လွှားပြီးပါက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် လာစေရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံထံမှ F-35 ဂျက်တိုက်လေယာဉ် ၂၄ စီး ဝယ်ယူသွားရန် ဂရိနိုင်ငံက တောင်းဆိုခဲ့ခြင်း

Sputnik; Nov-17 (Tue)

              ဂရိနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ F-35 ဂျက်တိုက်လေယာဉ် ၂၄ စီးအား ဝယ်ယူသွားရန် ဂရိကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် စစ်လက်နက်ပစ္စည်းများဆိုင်ရာ အထွေထွေညွှန်ကြားမှုဉီးစီးဌာနက တောင်းဆိုထားသည်ဟု ဂရိဒေသတွင်း သတင်း ဌာနက နိုဝင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောကြားချက်အရ အမေရိကန်အစိုးရထံသို့ ပဉ္စမမျိုးဆက် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၁၈ စီးမှ ၂၄ စီး အကြား ဝယ်ယူသွားရန် ဂရိအထွေထွေညွှန်ကြားရေးမှူးချုပ် သီအိုဒိုရော့စ်လာဂျီအိုစ် (Theodoros Lagios) က မေတ္တာရပ်ခံစာတစ်စောင်အား ရေးသားခဲ့ပါသည်။ ဂရိနိုင်ငံ အနေဖြင့် ဂျက်တိုက်လေယာဉ်များ အဆောတလျင်လိုအပ်လျက်ရှိသည့်အတွက် ၎င်းအဆိုပြုချက်နှင့်ပတ်သက်၍ အမြန်ဆုံးတုံ့ပြန်နိုင်ရေးအတွက်လည်း အမေရိကန် အစိုးရအား လာဂျီအိုစ်က တောင်းဆိုခဲ့ပါသည်။ အဆိုပါတိုက်လေယာဉ်များ ၂၀၂၁ ခုနှစ် အတွင်း ဂရိနိုင်ငံသို့ရောက်ရှိရန်အတွက်မူ ဂရိနှင့်အီးယူတို့အကြား သဘောတူညီ ထားသည့် ပြည်တွင်းဘဏ္ဍာရေးဆိုင်ရာအစီအစဉ်များမှာ အရေးပါသောကိစ္စရပ်တစ်ခုပင် ဖြစ်ပါသည်။

            သို့သော် ဂျက်တိုက်လေယာဉ်များဝယ်ယူရေးနှင့်ဆိုင်သော ၎င်းတို့၏ ရည်မှန်းချက်အား တတ်နိုင်သမျှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လာဂျီအိုစ်က ပြောကြားခဲ့ပါသည်။ ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တို တားကစ် (Kyriakos Mistotakis) သည် ပြင်သစ်နိုင်ငံထံမှ Dassault Rafale အမျိုးအစား ဂျက်တိုက်လေယာဉ် ၁၈ စီးအားဝယ်ယူသွားရန် တောင်းဆိုခဲ့ပြီးနောက် လေကြောင်းစွမ်းအားသာလွန်မှုနှင့် ခရီးဝေးမြေပြင်တိုက်ခိုက်မှုများ ပိုမိုဆောင်ရွက် နိုင်သည့် အမေရိကန်နိုင်ငံထံမှ F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူမည့်အစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံအနေဖြင့် Rafale ဂျက်တိုက်လေယာဉ်နှင့်    F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူခြင်းသည် တူရကီနိုင်ငံနှင့် အင်အားယှဉ်ပြိုင်ရာတွင် အထောက်အကူရရှိနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

 

Monday, November 16, 2020

တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် တူရကီနိုင်ငံမှတစ်ဆင့် ဥရောပဒေသသို့ သွားရောက်ရန်ကြိုးပမ်းလျက်ရှိသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၂၄၉ ဦးအား တားဆီးနိုင်ခဲ့ခြင်း

 တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် တူရကီနိုင်ငံမှတစ်ဆင့် ဥရောပဒေသသို့ သွားရောက်ရန်ကြိုးပမ်းလျက်ရှိသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၂၄၉ ဦးအား နိုဝင်ဘာလ ၁၆ ရက်တွင် တားဆီးနိုင်ခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် အာဖဂန်နစ္စတန်၊ အီရတ်၊ အီရန်နှင့် ဆီးရီးယား နိုင်ငံတို့မှ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၁၁၅ ဦးအား တူရကီနိုင်ငံ၊ အက်လီမန် (Akliman) ခရိုင်ရှိကမ်းခြေတစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူ ၁၀၇ ဦးကိုလည်း ဆီဖယ်ရီဟီဆာ (Seferihisar) ခရိုင်ရှိ  ကမ်းခြေတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ ထို့ပြင် နောက်ထပ်နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၂၇ ဦးအား အဗာလစ် (Ayvalik) ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း တူရကီအစိုးရက သတင်းထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။