Sunday, November 1, 2020

မော်လ်ဒိုဗာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲအား ကျင်းပပြုလုပ်လျက်ရှိခြင်း

 

မော်လ်ဒိုဗာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲအား နိုဝင်ဘာလ ၁ ရက်တွင် ပြုလုပ်ခဲ့ရာ အတိုက်အခံ Action and Solidarity ပါတီမှ မိုင်ယာဆန်ဒူ (Maia Sandu) က မဲရလဒ် ၃၅.၅၂ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး လက်ရှိသမ္မတ  အီဂါဒိုဒွန် (Igor Dodon) က မဲရလဒ် ၃၃.၀၈ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် သမ္မတရွေးကောက်ပွဲဒုတိယ အကျော့အား လာမည့်သီတင်း ၂ ပတ်အတွင်း ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း မော်လ်ဒိုဗာသမ္မတ အီဂါဒိုဒွန်က ပြောကြားခဲ့ပါသည်။ အဆိုပါဒုတိယအကျော့ရွေးကောက်ပွဲတွင် ဆန်ဒူနှင့် ဒိုဒွန်တို့ထပ်မံယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနှင့် အထက်ရရှိသူက အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment