မော်လ်ဒိုဗာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲအား နိုဝင်ဘာလ ၁ ရက်တွင်
ပြုလုပ်ခဲ့ရာ အတိုက်အခံ Action
and Solidarity ပါတီမှ မိုင်ယာဆန်ဒူ (Maia Sandu) က မဲရလဒ် ၃၅.၅၂ ရာခိုင်နှုန်းဖြင့်
အများဆုံးရရှိခဲ့ပြီး လက်ရှိသမ္မတ အီဂါဒိုဒွန်
(Igor Dodon) က မဲရလဒ် ၃၃.၀၈ ရာခိုင်နှုန်းဖြင့်
ဒုတိယအများဆုံးရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ထို့ကြောင့် သမ္မတရွေးကောက်ပွဲဒုတိယ အကျော့အား လာမည့်သီတင်း ၂ ပတ်အတွင်း ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း
မော်လ်ဒိုဗာသမ္မတ အီဂါဒိုဒွန်က ပြောကြားခဲ့ပါသည်။
အဆိုပါဒုတိယအကျော့ရွေးကောက်ပွဲတွင် ဆန်ဒူနှင့် ဒိုဒွန်တို့ထပ်မံယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းနှင့်
ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနှင့် အထက်ရရှိသူက အနိုင်ရရှိလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment