Sunday, January 10, 2021

တူရကီသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ ထပ်မံဝယ်ယူသွားရန် သဘောတူညီချက်ရရှိခဲ့ခြင်း

 Mehrnews; Jan-11 (Mon)

              တူရကီအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်အား ဒုတိယအကြိမ်ထပ်မံဝယ်ယူသွားရန် သဘောတူညီခဲ့ကြောင်း တူရကီကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းအကြီးအကဲ အစ္စမေးလ်ဒီမာ (Ismail Demir) က ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် လက်ကား ရောင်းဝယ်ရေးသဘောတူစာချုပ်တစ်ရပ်ဖြစ်ပြီး ထုတ်လုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံများအား မူဘောင်အတွင်း၌ ထည့်သွင်း‌ဖော်ပြထားကြောင်း တူရကီကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းဌာနမှ ကြီးမှူးကျင်းပသည့် “ ၂၀၂၀ ပြည့်နှစ် ဆောင်ရွက်ချက်များ အပေါ် အကဲဖြတ်ခြင်းနှင့် ၂၀၂၁ ခုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း” ဆွေးနွေးပွဲတွင် ၎င်းကသတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း၌ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ဒုံးကျည်ထုတ်လုပ်မှု စသည့်ကဏ္ဍရပ်များတွင် လိုအပ်ချက်မရှိ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒီမာက ပြောကြားခဲ့ပါသည်။

          ထို့ပြင် အီလက်ထရောနစ်စစ်ဆင်ရေးနှင့် ရေဒါစနစ်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းစနစ်များ၊ လေ့ကျင့်ရေးလုပ်ငန်း များ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် စစ်လက်နက် ပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင်လည်း ပြီးပြည့်စုံစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်နက်တင်ပို့ရောင်းချမှုနှင့် စပ်လျဉ်း၍ အမျိုးမျိုးသောတားမြစ်ပိတ်ပင်မှုများရှိနေစဉ်အတွင်း အဆိုပါလက်နက် စနစ်အားထပ်မံဝယ်ယူရန် ရုရှားနှင့်သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ တူရကီအနေဖြင့်  လာမည့် ၂၀၂၅ -၂၀၂၆ ခုနှစ်အတွင်း၌လည်း ၎င်းတို့၏ကိုယ်ပိုင် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေသည်ဟု အစ္စမေးလ်ဒီမာက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment