Friday, September 3, 2021

တူရကီ ကာကွယ်ရေးဝန်ကြီးသည် ဆိုမာလီယာ တရားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

 

တူရကီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် ဆိုမာလီယာ တရားရေးဝန်ကြီး ဟတ်စ်စင်ဟူစိန်ဟာဂျီ (Hassan Hussein Haji) တို့သည် နှစ်နိုင်ငံ ဒေသတွင်းအရေးကိစ္စများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ဖြေရှင်း သွားရန် စက်တင်ဘာလ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း aa သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် ၎င်းတို့အနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် ဆိုမာလီယာ နိုင်ငံတို့သည် နိုင်ငံရေးနှင့် စစ်ရေးအပါအဝင် ကဏ္ဍမျိုးစုံတွင် ကောင်းမွန်သည့် ချစ်ခင်ရင်းနှီး မှုများရှိကြောင်း၊ တူရကီနိုင်ငံအနေဖြင့်  ဆိုမာလီယာပြည်သူများ အေးချမ်းလုံ ခြုံစွာ နေထိုင်နိုင်ရေးအတွက် အထောက်အပံ့မျိုးစုံအား ဆက်လက်ပေးအပ်သွားမည်ဖြစ် ကြောင်း ဟူလူဆီ အကာ က ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

No comments:

Post a Comment