ဟန်ဂေရီနိုင်ငံအနေဖြင့် လာမည့်ဆယ်စုနှစ်များတွင် ဂျာမနီနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် အသင့်ရှိနေသည်ဟု ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘာရာဘော့ခ် (Annalena Baerbock) ထံသို့ စာရေးသားပေးပို့ခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည်နှစ် ၃၀ အတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ကြောင်း ၎င်းက ထည့်သွင်းရေးသားခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသောကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားရန်လည်း ဝန်ကြီး ပီတာဆီဂျာတိုက တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment