Saturday, March 19, 2022

ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်ရန်အတွက် နိုင်ငံခြားအရန်ငွေများကို ထုတ်ယူသုံးစွဲရန်ဆွေးနွေးမှုများပြုလုပ်နိုင်ကြောင်း ချက်သမ္မတ ဗဟိုဘဏ် အကြီးအကဲက ပြောကြားခဲ့ခြင်း

Reuters; Mar-20 (Sun)

ချက်သမ္မတ ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ငွေလဲနှုန်းမတည်ငြိမ်မှုများကို ထိန်းချုပ်ရန်သာမက ငွေကြေးဖောင်းပွမှုများကို တိုက်ဖျက်ရန်အတွက် နိုင်ငံတော်၏ နိုင်ငံခြားအရန်ငွေများကို ထုတ်ယူသုံးစွဲရန်အတွက် ဆွေးနွေးမှုများ လု်ပဆောင်နိုင် ကြောင်း ချက်သမ္မတဗဟိုဘဏ်ဥက္ကဋ္ဌ ဂျူရီရုစနော့ (Jiri Rusnok) က မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ နိုင်ငံခြားအရန်ငွေများဖြင့် နိုင်ငံ၏ ငွေကြေး Crown တန်ဖိုးကို တည်ငြိမ်အောင်လုပ်ဆောင်နိုင်ကြောင်းနှင့် ငွေးကြေးဖောင်းပွမှု တိုက်ဖျက်ရေး လက်နက်တစ်ခုအဖြစ်ထိရောက်စွာ အသုံးပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါသုံးစွဲမှု နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ခက်ခဲရှုပ်ထွေးသောကိစ္စရပ် တစ်ခုဖြစ်ကြောင်း ဂျူရီရုစနော့က ထည့်သွင်းပြောကြားခဲ့ပါသည်။

 ယူကရိန်းနိုင်ငံအား ရှရှားနိုင်ငံမှစတင်တိုက်ခိုက်ခဲ့ပြီးနောက် အကျိုးဆက် အနေဖြင့် ချက်သမ္မတနိုင်ငံအတွင်းမှ ရင်းနှီးမြုပ်နှံသူများထွက်ခွာမှုကိုဖြစ်ပေါ်စေသော ငွေကြေးတန်ဖိုးနိမ့်ကျခြင်းအား ရပ်တန့်ရန်အတွက် မတ်လ ၄ ရက်တွင် ဈေးကွက်အတွင်းရှိ Crowns ငွေကြေးများအားဗဟိုဘဏ်အနေဖြင့် စတင်ဝယ်ယူခဲ့ပါသည်။ အဆိုပါဝယ်ယူမှုနှင့် စပ်လျဉ်း၍ အခြားသောရွယ်ချက် မရှိကြောင်းနှင့် တရားနည်းလမ်းမကျသော ငွေကြေးမခိုင်မာမှုများကို ကျဆင်းစေရန် ရည်ရွယ်ကြောင်း ဂျူရီရုစနော့က ပြောကြားခဲ့ပါသည်။ ယူကရိန်းစစ်ပွဲနှင့်အတူ ငွေးကြေးဖောင်းပွမှုအရေးကိစ္စသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ယခုနှစ်ကုန်ပိုင်းတွင် သုညအဆင့်ထိ နိမ့်ကျစေနိုင်ကြောင်းနှင့် ဥရောပစီးပွားရေးကျဆင်းမှုများလည်းဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment