ပိုလန်နိုင်ငံရှိ ပိုလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ သံရုံးဝန်ထမ်း ၄၅ ဦးအား ၅ ရက်အတွင်း နိုင်ငံအတွင်းမှထွက်ခွာသွားရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း Bne သတင်းဌာနက မတ်လ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်ရှိရုရှားသံရုံးဝန်ထမ်းများသည် ပိုလန်နယ်စပ်သို့ ရောက်ရှိလာသည့် ယူကရိန်းဒုက္ခသည်များအား ခြိမ်းခြောက်၍ နယ်စပ်အခြေအနေ များအား ရုရှားထံသို့ သတင်းပေးပို့မှုများပြုလုပ်သည့်အပြင် ပိုလန်သို့ ရောက်ရှိလာ သည့်ဒုက္ခသည်များအား ရုရှားနိုင်ငံသို့ပေးပို့ပေးမည်ဟု ဖျားယောင်းစည်းရုံးမှုများ ပြုလုပ်နေသည့်အတွက် ထိုကဲ့သို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းလည်း ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပါရှိပါသည်။ ရုရှားနိုင်ငံကမူ ပိုလန်၏ အဆိုပါ ဆုံးဖြတ်ချက်သည် ရုရှားအပေါ် ရန်လိုသည့်အပြုအမူသာဖြစ်သည်ဟု ပြန်လည် ပြောကြားထားကြောင်းသိရှိရပါသည်။
No comments:
Post a Comment