Friday, March 25, 2022

တူရကီသမ္မတသည် ဥဇဘက်ကစ္စတန်နိုင်ငံသို့ချစ်ကြည်ရေးသွားရောက်ခဲ့ခြင်း

 

တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် ( Recep Tayyip Erdogan ) သည်  နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၃၀) ပြည့်အထိမ်းအမှတ်အဖြစ် မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း akipress သတင်းဌာနက မတ်လ ၂၆ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ အာဒိုဂန်၏  အဆိုပါခရီးစဉ်အတွင်း  တူရကီ-ဥဇဘတ်ကစ္စတန် နှစ်နိုင်ငံ အကြား ကုန်သွယ်မှုတန်ဖိုးအား အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးပြောဆိုမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန် ဆိုင်ရာ တူရကီသံအမတ်ကြီးက ပြောကြားထားပါသည်။ တူရကီနှင့်  ဥဇဘက် ကစ္စတန်ခေါင်းဆောင် ၂ ဦး၏ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အစည်းအဝေး၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးအား အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိရေး ရည်မှန်းကြိုးပမ်းရန် ပြောဆိုထားခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment