Monday, April 4, 2022

ဘူလ်ဂေးရီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းရန် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ခြင်း

 

The Defense Post; Apr-4 (Mon)

              အမေရိကန်နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ .၆၇ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ် စီးရောင်းချမည့်အစီအစဉ်တစ်ရပ်အား အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း The Defense Post သတင်း ဌာနက ဧပြီလ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံထံမှ F-16 တိုက်လေယာဉ်များ ဝယ်ယူမှုကြောင့် ဘူလ်ဂေးရီးယားလေတပ်အနေဖြင့် ပင်လယ်နက်ဒေသတွင်း ခေတ်မီ တိုက်လေယာဉ်များအား အမြဲတမ်းတပ်ဖြန့်ချထားမှုများ လုပ်ဆောင်နိုင်ပြီး လက်ရှိ အခြေအနေနှင့် နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် ခြိမ်းခြောက်မှုများအား ၎င်းတို့ နိုင်ငံ၏ရင်ဆိုင်နိုင်စွမ်းမှာ တိုးတက်လာမည်ဖြစ်ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ ထို့ပြင် NATO အဖွဲ့ဝင် တစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ MiG-29 တိုက်လေယာဉ်များ ထောက်ပံ့ပေးနိုင်ဖွယ်ရှိပြီး အပြန်အလှန်အားဖြင့် ယူကရိန်းသို့ MIG-29 တိုက်လေယာဉ်ထောက်ပံ့ပေးမည့်နိုင်ငံသို့ အမေရိကန်မှ F-16 တိုက်လေယာဉ်များ အစားထိုးပြန်လည်ပေးအပ်မည်ဟူသော ထင်မြင် ယူဆချက်များ ထွက်ပေါ်နေသည့်ကာလအတွင်း အထက်ပါ F-16 တိုက်လေယာဉ်များ ရောင်းချမည့် အတည်ပြုချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

              သို့ရာတွင် ဘူလ်ဂေးရီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချမှု အနေဖြင့် ဘူလ်ဂေရီးယားရှိ MiG-29 တိုက်လေယာဉ်များအား ယူကရိန်းသို့ပေးပို့ရန် အတွက် အစားထိုးပေးအပ်မှုအဖြစ် ဆက်နွှယ်မှုရှိ/မရှိအချက်အပေါ် ပင်တဂွန်ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ဖြေကြားရန်ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) မတ်လ ၁၉ ရက်၌ ဘူလ်ဂေးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင်လည်း ယူကရိန်းနိုင်ငံသို့ Mig-29 တိုက်လေယာဉ်များ ပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိထားခြင်းမရှိကြောင်း ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ကာရီလ်ပက်ကော့ဗ် (Kiril Petkov) က ပြောကြားခဲ့ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံ တို့သည် ယူကရိန်းလေသူရဲများ မောင်းနှင်နိုင်သော ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်များအား အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment