The Defense Post; Apr-4 (Mon)
အမေရိကန်နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၆၇ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ် ၈ စီးရောင်းချမည့်အစီအစဉ်တစ်ရပ်အား အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု The Defense Post သတင်းဌာနက ဧပြီလ ၄ ရက်တွင်ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအပေါ် စစ်ဆင်ရေးတစ်ရပ် စတင်တိုက်ခိုက် ခဲ့ပြီးနောက် ရုရှားနိုင်ငံနှင့်နီးစပ်လျက်ရှိသော ဥရောပနိုင်ငံများအနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များအပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး ၎င်းနိုင်ငံများအနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များကိုတုံ့ပြန်ရန်အတွက် စစ်ဘက်ဆိုင်ရာ အဆင့် မြှင့်တင်မှုများပြုလုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် အမေရိကန် နိုင်ငံက NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ဘူလ်ဂေးရီးယားနိုင်ငံအား F-16 တိုက်လေယာဉ် ၈ စီး ရောင်းချမည့်အစီအစဉ်တစ်ရပ်အား အတည်ပြုလက်မှတ်ရေးထိုးခြင်းအားဖြင့် ဥရောပဒေသအတွင်း ရုရှားနိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများကို ကာကွယ်ဟန့်တားရန် အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်းနှင့် ဘူလ်ဂေးရီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ်များ ရောင်းချပေးခြင်းသည် ဘူလ်ဂေးရီးယားနိုင်ငံတွင် အသုံးပြုလျက်ရှိသော MiG-29 တိုက်လေယာဉ်များကို ယူကရိန်းနိုင်ငံသို့ပို့ဆောင်ပေးရန်အတွက် သဘောတူညီချက် တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်ကြောင်း သတင်းဌာနများတွင် ရေးသားဖော်ပြ လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် နီးစပ်လျက်ရှိသော ဘူလ်ဂေးရီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ်များ ရောင်းချပေး ခြင်းသည် ဥရောပတိုက်အတွင်း ရုရှားနိုင်ငံ၏စစ်ရေးအရ ခြိမ်းခြောက်မှုများကို ထိန်းချုပ် ဟန့်တားနိုင်ရန်အတွက် ဘူလ်ဂေးရီးယားနိုင်ငံ၏ လေတပ်ကို အဆင့်မြှင့်တင်ပေးခြင်း ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း NATO အဖွဲ့ဝင်နိုင်ငံများအပေါ် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများကိုပြသ၍ ၎င်း၏ဩဇာကိုချဲ့ထွင်လိုခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment