Wednesday, June 1, 2022

ဆလိုဗေးနီးယားလွှတ်တော်သည် ဗဟိုလက်ဝဲယိမ်းအစိုးရအဖွဲ့သစ်အား ထောက်ခံအတည်ပြုခဲ့ခြင်း

 

Xinhua;Jun-1(Wed)

              ဆလိုဗေးနီးယားလွှတ်တော်တွင် ဇွန်လ ၁ ရက်ကပြုလုပ်ခဲ့သော မဲခွဲဆုံးဖြတ်မှု၌ လွှတ်တော်အမတ် ၉၀ ဦးရှိသည့်အနက် ထောက်ခံမဲ ၅၃ မဲဖြင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ရော့စ်ဘက်ဂိုလက် (Robert Golob) ဦးဆောင်သည့် ဗဟိုလက်ဝဲယိမ်းညွန့်ပေါင်းအစိုးရ အဖွဲ့သစ်အား အတည်ပြုနိုင်ခဲ့ပြီးနောက် အစိုးရသစ်သည် ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်ခဲ့ ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လက်ရှိ ဝန်ကြီးချုပ် ဂိုလက် ဦးဆောင်သည့် Freedom Movement ပါတီသည် လက်ဝဲယိမ်းပါတီများဖြစ်သော Social democrats ပါတီ၊ The Left ပါတီတို့နှင့် မဟာမိတ်ဖွဲ့၍ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ် ပါသည်။ အစိုးရသစ်ဖွဲ့စည်းရာတွင် ဝါရင့်နိုင်ငံရေးသမားများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အမျိုးသမီးများလည်းပါဝင်မည်ဖြစ်ကြောင်း လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများပြုလုပ်ပြီး နောက် ရော့စ်ဘက်ဂိုလက်က ပြောကြားခဲ့ပါသည်။

              အစိုးရအဖွဲ့သစ်တွင် ကာကွယ်ရေးဝန်ကြီးနေရာအား ယခင်ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ မာဂျန်ဆာရက်စ် (Marjan Sarec) အား ခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးနေရာအား ယခင်ဥရောပလွှတ်တော်အမတ်ဖြစ်သူ တန်ဂျာဖေဂျွန် (Tanja Fajon) အား ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြ ထားပါသည်။ အစိုးရသစ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး၊ စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်းများလျှော့ချရေး၊ ပြည်သူ့ကျန်းမာရေးစနစ်များကိုမြှင့်တင်ရေး၊ မီဒီယာ လွတ်လပ်ခွင့်များနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမြှင့်တင်ရေးတို့အား ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂိုလက်က ကတိပြုပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment