Sunday, July 10, 2022

အစ္စရေးသမ္မတနှင့် ချက်သမ္မတတို့တွေ့ဆုံသွားမည်ဆိုခြင်း

    အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Isaac Herzog) သည် ချက်သမ္မတ မီလို့စ်ဇီမန် (Miloš Zeman) ဖိတ်ကြားချက်အရ ဇူလိုင်လ ၁၀ ရက်ညနေပိုင်းတွင် ချက်နိုင်ငံသို့ တစ်ရက်ကြာချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ကြောင်း အစ္စရေးပြည်တွင်း သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတ ဟာဇော့သည် ၎င်းခရီးစဉ်အတွင်း ချက်နိုင်ငံ၊ မြို့တော် ပရာ့ဂ် (Prague) ချက်ဝန်ကြီးချုပ် ပတ်ဖီရာလာ (Petr Fiala) အထက်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့အရာရှိများနှင့်အတူ  သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ပါသည်။ သမ္မတ ဟာဇော့သည် ဇူလိုင်လ ၁၁ ရက်တွင် သမ္မတ ဇီမန်အပါအဝင် မြို့တော် ပရာ့ဂ်ရှိ ဂျူးလူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment