Tuesday, August 30, 2022
ဆားဘီးယားနိုင်ငံ၏ စက်ရုံများ၊ အဖွဲ့အစည်းများနှင့် အများပိုင်နေရာများတွင် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည်ဟု ဆားဘီးယားသတ္တုနှင့် စွမ်းအင် ဝန်ကြီးက တောင်းဆိုခဲ့ခြင်း
Monday, August 29, 2022
ချက်နိုင်ငံသည် ဩဂုတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ၂ ရက်ကြာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ၏ Gymnich အမည်ရှိ အလွတ်သဘောအစည်းအဝေးကို မြို့တော် ပရာဂူး (Prague) ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိခြင်း
Sunday, August 28, 2022
ဂရိသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအသုံးပြု၍ တူကီယဲ၏ F-16 ဂျက်တိုက်လေယာဉ်များကို နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ခဲ့ခြင်း
ဂရိနိုင်ငံ၏ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အေဂျီယန် (Aegean) ပင်လယ်နှင့် အရှေ့မြေထဲပင်လယ် (Eastern Mediterranean) တို့ကို ဖြတ်ကျော်ပျံသန်းနေသော တူကီယဲဂျက်လေယာဉ်များကို နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအသုံးပြု၍ သြဂုတ်လ ၂၃ ရက်တွင် တူကီယဲ တိုက်လေယာဉ်များကို ထက်ကြပ်မကွာရေဒါဖမ်းယူမှု (Radar locked) များပြုလုပ်ခဲ့ ကြောင်း သတင်းအရင်းအမြစ်များကဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ထိုကဲ့သို့ ရန်လိုသည့် လုပ်ရပ်မျိုးလုပ်ဆောင်ခဲ့သော်လည်း တူကီယဲဂျက်တိုက်လေယာဉ်များသည် ၎င်းတို့စီစဉ်ထားသည့် စစ်ဆင်ရေးများကို အောင်မြင်ပြီးမြောက်ကာ အခြေစိုက်စခန်း များသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဆက်လက် ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့နှောင့်ယှက်ဟန့်တားမှုသည် ခရီတီကျွန်း (Crete) တွင် ထားရှိ သည့် ရုရှားထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
အချို့သော NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံထုတ် S-400 စနစ်များကို ဝယ်ယူမှုအတွက် တူကီယဲအား ပြစ်တင်ဝေဖန်မှုများပြုလုပ်လျက်ရှိသော်လည်း ဂရိ နိုင်ငံနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာပြောကြားထားခြင်းမရှိပေ။ တူကီယဲနိုင်ငံသည် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် အမေရိကန်ထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရန် နှစ်ရှည်လများကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ကြောင်း သိရှိလာခဲ့ သည့်အတွက် S-400 စနစ်များကိုဝယ်ယူရန် ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါ သည်။ S-400 စနစ်များသည် NATO စနစ်များနှင့်သဟဇာတမဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း တူကီယဲသည် S-400 စနစ်များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်ကြောင်းနှင့် မဟာမိတ်နိုင်ငံများ၏ လက်နက်စနစ် များအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုများ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း တူကီယဲဘက်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ဂရိနိုင်ငံသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအသုံးပြု၍ သြဂုတ်လ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာလေပိုင်နက်၌ စစ်ဆင်ရေးဆောင်ရွက်လျက် ရှိသည့် တူကီယဲဂျက်တိုက်လေယာဉ်များကို ထက်ကြပ်မကွာရေဒါဖမ်းယူမှု (Radar locked) များပြုလုပ်ခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ထိုကဲ့သို့ရန်လိုသည့် လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သော်လည်း တူကီယဲဂျက်တိုက်လေယာဉ်များသည် ၎င်းတို့စီစဉ်ထားသည့် စစ်ဆင်ရေးများကို အောင်မြင်ပြီးမြောက်ကာ အခြေစိုက်စခန်းများသို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တူကီယဲအနေဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူမှုအတွက် အချို့သော NATO အဖွဲ့ဝင်နိုင်ငံများသည် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိသော်လည်း ဂရိနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာပြစ်တင်ပြောကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် NATO စနစ် များနှင့်သဟဇာတမဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း တူကီယဲသည် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်ကြောင်းနှင့် နိုင်ငံ၏စစ်ရေးအင်အားအပေါ် ခြိမ်းခြောက်လာနိုင်မှု များကို ကာကွယ်ရန်သာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ဂရိ၏ အထက်ပါကဲ့သို့ဆောင်ရွက်ချက်များသည် NATO အဖွဲ့၏ မဟာမိတ်စိတ်ဓာတ်နှင့် သဟဇာတမဖြစ်စေဘဲ ထိတွေ့ဆက်ဆံမှုစည်းမျဉ်းအရ ရန်လိုသည့်လုပ်ရပ်များဖြစ်ပါသည်။ တူကီယဲနှင့် ဂရိနိုင်ငံတို့သည် အရှေ့မြေထဲပင်လယ်အရေး၊ ကမ်းလွန်ရေကြောင်း နယ်နိမိတ်၊ လေကြောင်းပိုင်နက်၊ စွမ်းအင်၊ ဆိုက်ပရပ်စ်အရေးအပါအဝင် ပြဿနာ များစွာ၌ ဆန့်ကျင်ဘက်ရပ်တည်ကြသည့် နိုင်ငံများဖြစ်ခြင်းကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စရပ်များသည်လည်း ရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွားလာစေ နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်ကိုကာကွယ်ရန် သဘောတူညီခဲ့ကြခြင်း
ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ခြင်း
Saturday, August 27, 2022
ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်ကိုကာကွယ်ရန် သဘောတူညီခဲ့ကြခြင်း
ဆလိုဗက်ကီးယား၊ ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယား လေပိုင်နက်အား ကာကွယ်ပေးရန်နှင့်ပတ်သက်သည့် သဘောတူညီချက်အား ဩဂုတ်လ ၂၇ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ABC သတင်းဌာနက ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းသဘောတူညီချက်အား ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ဂျာရိုဆလပ်နက်ဒ် (Jaroslav Nad)၊ ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) နှင့် ချက်ကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cerno-chova) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် ၎င်းတို့လေတပ်တွင်အသုံးပြုလျက်ရှိသည့် ဆိုဗီယက်ခေတ်ထုတ် MiG-29 တိုက်လေယာဉ် များအား ဆက်လက်အသုံးမပြုရန်နှင့် အနားပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် အထက်ပါ သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
၎င်းသဘောတူညီချက်အရ ဆလိုဗက်ကီးယားနိုင်ငံက အမေရိကန်နိုင်ငံထံမှ F-16 တိုက်လေယာဉ်များ လက်ခံရရှိသည့်အချိန်ထိ ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်အား ကာကွယ်ပေးသွားမည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်မှသာ ဆလိုဗက်ကီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ် များအား လွှဲပြောင်းပေးအပ်သွားနိုင်ဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိ ပါသည်။ ၎င်းတို့လေတပ်တွင် ဆက်လက်အသုံးမပြုတော့သည့် MiG-29 တိုက်လေယာဉ် များထဲမှ ၁၁ စီးအား ယူကရိန်းနိုင်ငံသို့ပေးအပ်သွားမည်ဟု ဆလိုဗက်ကီးယားနိုင်ငံက ပြီးခဲ့သည့်ဇူလိုင်လအတွင်း၌ ပြောကြားထားကြောင်း သိရှိရပါသည်။
ပိုလန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစွ္စည်းဝယ်ယူရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း
Friday, August 26, 2022
ပိုလန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစွ္စည်းဝယ်ယူရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း
ပိုလန်နိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စစ်ဘက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ် တားဆီးနိုင်ရေး ကြိုးပမ်းမှုအဖြစ် ဩဂုတ်လ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးသဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) နှင့် တောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရောင်းချရေး အေဂျင်စီအကြီးအကဲ အမ်ဒေါင်ဟွမ် (Eom Dong-hwan) တို့က ပိုလန်နိုင်ငံ၊ မိုရက် (Morag) မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် ပါသည်။ အဆိုပါသဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုးရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မ တိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Hanhwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွား မည်ဖြစ်ပါသည်။
၎င်းစစ်လက်နက်ပစ္စည်းများအနက် တင့်များနှင့် အမြောက်များသည် ပထမ အသုတ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အကုန်၌ အပြီးသတ်ရရှိသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘလက်ဇ်က်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် အဆိုပါစစ်လက်နက်ပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်နိုင်သည်အထိ နည်းပညာများ ရှာဖွေသွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ပိုလန်အစိုးရသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ရုရှား-ယူကရိန်းတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ရုရှားနိုင်ငံ၏ စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန် ကာကွယ်ဟန့်တားနိုင်ရေးအတွက် ပိုလန်တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်များအား မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အစိုးရအနေဖြင့် အဆိုပါအဆင့်မြှင့်တင်ရေးစီမံချက် အရ မဟာမိတ်နိုင်ငံများမှ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၂၀,၀၀၀ နီးပါးရှိ ပိုလန်တပ်မတော်အား အင်အား ၃၀၀,၀၀၀ အထိ တိုးချဲ့သွားရန်နှင့် ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ပိုလန်နိုင်ငံအနေဖြင့် ၎င်းစီမံချက်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက် တောင်ကိုရီးယား နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများဝယ်ယူရေး အတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုး ရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မတိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Han hwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွားမည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိပါသည်။ ပိုလန် နိုင်ငံအနေဖြင့် အဆိုပါ FA-50 တိုက်လေယာဉ်များအား လက်ရှိအသုံးပြုနေသည့် ဆိုဗီယက်ခေတ်တိုက်လေယာဉ်များနေရာတွင် အစားထိုးသွားရန်စီစဉ်ထားပြီး ပယ်ဖျက် သွားမည့် ၎င်းတိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ပေးပို့သွားမည်ဟု ယူဆရကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားထားလျက်ရှိပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံ အနေဖြင့် ယခုကဲ့သို့ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းသည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်အား ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သကဲ့သို့ ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ခြင်း
ရိုမေးနီးယားနိုင်ငံသည် ယူကရိန်းဒုက္ခသည်များအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၆၃.၉ သန်း သုံးစွဲခဲ့ခြင်း
Thursday, August 25, 2022
ဖင်လန်၊ ဆွီဒင်နှင့် တူကီယဲနိုင်ငံတို့မှ သံတမန်များတွေ့ဆုံခဲ့ခြင်း
လာမည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း ဥရောပခေါင်းဆောင်များသည် ရုရှားဓာတ်ငွေ့စျေးနှုန်းများကန့်သတ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ခြင်း
ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီများထပ်မံပေးအပ်ရန် ဥရောပသမဂ္ဂက စီစဉ်လျက်ရှိခြင်း
Wednesday, August 24, 2022
အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသည် လုံးဝကျရှုံးသွားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
Xinhua; Sep-26(Mon)
ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် ဥရောပကို ထိခိုက်ပျက်စီးစေခဲ့ပြီး လုံးဝကျရှုံးမှုတစ်ရပ်ဖြစ်စေသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က စက်တင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။
Tuesday, August 23, 2022
ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
APnews; Sep-24 (Sat)
ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
အဆိုပါသဘောတူညီချက်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား စက်တင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းအပေါ် ပါလက်စတိုင်းက ကြိုဆိုလျက်ရှိသည်ဆိုခြင်း
ဂရိသည် တူကီယဲနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသ၌ နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် စောင့်ကြည့်လေ့လာမှုများကို တိုးချဲ့လုပ်ဆောင်သွားမည်ဆိုခြင်း
တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရနှင့် ဆွေးနွေးရန်အတွက် ကြိုတင် သတ်မှတ်ချက်များမရှိကြောင်းနှင့် ဆွေးနွေးမှုများသည် ပန်းတိုင်ဆီသို့ဦးတည်သင့်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီးပြောကြားခဲ့ခြင်း
ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် သင်ကြားရေးနည်းပြဆရာ ၃၀ ဦးကို ဗြိတိန်နိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
ပိုလန်သမ္မတသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း
Monday, August 22, 2022
NATO အဖွဲ့၏ ကြားဝင်ဖျန်ဖြေမှုမအောင်မြင်ပါက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း
ဆားဘီးယားသမ္မတနှင့် အဇာဘိုင်ဂျန် သမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း
Sunday, August 21, 2022
ရုရှားနိုင်ငံသည် တူကီယဲနိုင်ငံကို ကြားခံနယ်အဖြစ်အသုံးချ၍ အနောက်နိုင်ငံ များထံမှ ချမှတ်ခြင်းခံထားရသည့် အရေးယူပိတ်ဆို့မှုများကိုကျော်လွှားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု အမေရိကန်ဒုတိယဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့ခြင်း
ရုရှားနိုင်ငံသည် တူကီယဲနိုင်ငံကို ကြားခံနယ်အဖြစ်အသုံးချ၍ အနောက်နိုင်ငံ များထံမှ ချမှတ်ခြင်းခံထားရသည့် အရေးယူပိတ်ဆို့မှုများကိုကျော်လွှားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု အမေရိကန်ဒုတိယဘဏ္ဍာရေးဝန်ကြီး ဝါးလီအေဒီရာမို (Wally Adeyemo) က တူကီယဲဒုတိယဘဏ္ဍာရေးဝန်ကြီး ယူနက်စ်အီလီတတ်စ် (Yunus Elitas) နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ်ပြောကြားခဲ့ကြောင်း MNA သတင်းဝဘ်ဆိုက်က ဩဂုတ်လ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးစဉ်အတွင်း ၎င်းတို့သည် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ချမှတ်နိုင်ရေးနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ရုရှားထုတ်ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်အတွင်းသို့ အဟန့်အတားမရှိ ဝင်ရောက်ရန်လိုကြောင်းနှင့် ထိုသို့ဝင်ရောက်လာခြင်းမရှိပါက ကမ္ဘာ တစ်ဝန်း၌ စားနပ်ရိက္ခာပြတ်လပ်မှုအား လာမည့်နှစ်အစောပိုင်း၌ ရင်ဆိုင်ရနိုင်ဖွယ်ရှိ သည်ဟုလည်း ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်က ပြောကြားထားကြောင်း သိရှိရပါသည်။
အမေရိကန်သည် ချက်သမ္မတနိုင်ငံသို့ စစ်သုံးရဟတ်ယာဉ် ၈ စီး အခမဲ့လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက်ရှိခြင်း
AM News; Aug-19(Fri)
အမေရိကန်ပြည်ထောင်စုသည် ချက်သမ္မတနိုင်ငံသို့ Bell အမျိုးအစား စစ်သုံး ရဟတ်ယာဉ် ၈ စီး အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ဆိုဗီယက်ခေတ်စစ်လက်နက် ပစ္စည်းများနေရာတွင် ခေတ်မီလက်နက်များဖြင့် အစားထိုးဖြည့်ဆည်းရန် ကြိုးပမ်း လျက်ရှိရာ ရဟတ်ယာဉ်များသည်လည်း အပါအဝင်ဖြစ်ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ၎င်းတို့အတွက်ပိုလျှံနေသော စစ်လက်နက်ပစ္စည်းကိရိယာများကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပေးအပ်ခဲ့ခြင်းအတွက် မဟာမိတ်များ၏ အသိအမှတ် ပြုလေးစားမှုကိုရရှိရုံသာမက တပ်မတော်အား အဆင့်မြှင့်တင်ရာတွင်လည်း ကူညီထောက်ပံ့ မှုများရရှိကြောင်း ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cernochova) က ပြောကြားခဲ့ပါသည်။
ချက်သမ္မတနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ Bell အမျိုးအစား ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူရန်မှာကြားထားပြီးဖြစ်ရာ အမေရိကန်ဘက်မှ နောက်ထပ် ၈ စီးကို အခမဲ့ပေးအပ်သွားရန် စီစဉ်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော် အဆိုပါရဟတ်ယာဉ် များအတွက် လွှဲပြောင်းပို့ဆောင်မှုနှင့် ခေတ်မီအဆင့်မြှင့်တင်မှုအတွက် ကုန်ကျစရိတ်ကိုမူ ချက်သမ္မတနိုင်ငံဘက်မှ ကျခံရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ချက်သမ္မတနိုင်ငံအနေဖြင့် ယခင်မှာကြားဝယ်ယူထားသော ရဟတ်ယာဉ် ၁၂ စီးနှင့် ယခုအခမဲ့ပေးအပ်သော ရဟတ်ယာဉ် ၈ စီးတို့ကို ၂၀၂၃ ခုနှစ်မတိုင်မီ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဟန်ဂေရီနှင့် တူကီယဲနိုင်ငံတို့သည် မောင်းသူမဲ့လေယာဉ်များပူးတွဲထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း News.am သတင်းဌာနက ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီနည်းပညာနှင့် စက်မှုဝန်ကြီး လက်စ်ဇလိုပါလ်စဗစ် (Laszlo Palkovics) နှင့် တူကီယဲနည်းပညာနှင့် စက်မှုဝန်ကြီး မူစတာဖာဗရန့် (Mustafa Varank) တို့အကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုအတွင်း အထက်ပါအတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံသည် ပြည်ပမဟာမိတ်နိုင်ငံများနှင့်ပူးပေါင်း၍ ပြည်တွင်း၌ စစ်လက်နက် ပစ္စည်းများထုတ်လုပ်ရန် ဆုံးဖြတ်ထားကြောင်း၊ မောင်းသူမဲ့လေယာဉ်များထုတ်လုပ်မှု ကဏ္ဍတွင် ချပ်ဝတ်တန်ဆာနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်းများပါဝင်မည့် အပြင် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်ရန်ရည်ရွယ်ထား ကြောင်း ပါလ်စဗစ်က ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ အဆိုပါထုတ်လုပ်မှုကို ဟန်ဂေရီနိုင်ငံအနောက်ပိုင်း၊ ကာပေါ့စ်ဗာ (Kaposvar) မြို့ရှိ ပူးတွဲလုပ်ငန်းတစ်ခု၌ စတင်သွားမည်ဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။