Monday, October 24, 2022

ပိုလန်သည် တောင်ကိုရီးယားစစ်လက်နက်ပစ္စည်းကုမ္ပဏီများမှ တိုက်ပွဲ တင့်ကားများနှင့် ဟောင်ဝစ်ဇာအမြောက်များကို ပထမဆုံးအကြိမ် လက်ခံရရှိခဲ့ခြင်း

 

Thedefensepost; Oct-25 (Tue)

             ပိုလန်နိုင်ငံသည် တောင်ကိုရီးယားထံမှ အမေရိကန် ဒေါ်လာ ၅.၇၆ ဘီလီယံ တန်ဖိုးရှိသည့် ပင်မတိုက်ပွဲဝင်တင့်ကားများနှင့် ယာဉ်တင်ဟောင်ဝစ်ဇာများ ဝယ်ယူသည့် သဘောတူညီချက်ကို  ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်လက်မှတ်ရေးထိုးပြီး ၂ လမပြည့်မီအချိန်တွင် ကိုရီးယား စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကမ္ပဏီများဖြစ်သော Hyundai Rotem နှင့် Hanwha Defense တို့သည် ၎င်းတို့၏ ပထမဆုံးတင့်ကားများနှင့် ယာဉ်တင်ဟောင်ဝစ်ဇာများ ကို ပိုလန်သို့ပေးပို့ခဲ့ပါသည်။ Hyundai Rotem ကုမ္ပဏီသည် မှာယူထားသော K2 Black Panther အမျိုးအစားပင်မ တိုက်ပွဲဝင်တင့်ကား ၁၈၀ စီးအနက် ပထမဆုံး ၁၀ စီးကို ပေးပို့ခဲ့ပြီး Hanwha Defense ကုမ္ပဏီသည် မှာယူထားသော K9 Thunder အမြောက်စနစ် ၂၁၂ ခုအနက် ပထမဆုံး စနစ် ၂၉ ခုအား ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။

             ပိုလန်သည် ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃.၂၆ ဘီလီယံတန်ဖိုးရှိ K2 တင့်ကားများကို မှာယူခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် Hyundai Rotem ကုမ္ပဏီမှ တင့်ကား အားလုံးကို လက်ခံရရှိမည်ဟု မျှော်မှန်းထားပါသည်။ ထို့ပြင် Hyundai Rotem ကုမ္ပဏီ သည် အမေရိကန်ဒေါ်လာ ၂.၃၂ ဘီလီယံတန်ဖိုးရှိ ခဲယမ်းမီးကျောက်များ၊ လေ့ကျင့်ရေးသုံး ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများနှင့်အတူ K9 ယာဉ်တင်ဟောင်ဝစ်ဇာ ၂၁၂ စီးကို ၄ နှစ်အတွင်း ပေးပို့ရမည်ဖြစ်ပါသည်။ K9 ယာဉ်တင်ဟောင်ဝစ်ဇာများသည် ပိုလန်နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး အရည်အသွေးအကောင်းဆုံး ထုတ်ကုန်များကို အချိန်နှင့်တပြေးညီ ပို့ဆောင်သွားမည်ဟု Hanwha ကုမ္ပဏီ၏ အမှုဆောင်ဒုဥက္ကဌ လီဘူဟွန်း(Lee Boo-hwan)က ပြောကြား ခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားနေစဉ် ပိုလန်နိုင်ငံ၏ လက်နက်များ ဝယ်ယူခြင်းသည် နိုင်ငံ၏ကာကွယ်ရေးကို အားကောင်းလာစေရန်အတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment