Monday, October 17, 2022
ဟန်ဂေရီနိုင်ငံသည် ယူကရိန်းစစ်ဘက်တပ်ဖွဲ့ဝင်များအတွက် စစ်ရေးလေ့ကျင့် မှုများ စတင်မည့် ဥရောပသမဂ္ဂ၏အဆိုပြုချက်အား မထောက်ခြင်း
ဟန်ဂေရီနိုင်ငံသည် ယူကရိန်းစစ်ဘက်တပ်ဖွဲ့ဝင်များအတွက် စစ်ရေးလေ့ကျင့် မှုများ စတင်မည့် ဥရောပသမဂ္ဂ၏အဆိုပြုချက်အား ထောက်ခံမှုမပြုလုပ်ခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) ကပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက အောက်တိုဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီ နိုင်ငံသည် အဆိုပါစစ်ရေးလေ့ကျင့်မှုအစီအစဉ်အား ထောက်ခံခြင်းမရှိသကဲ့သို့ ကန့်ကွက်မှု များလည်း လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အပြုသဘောဆောင်သော ရွေးချယ်မှုကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီ နိုင်ငံအနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်မှုသို့ ၎င်း၏စစ်ဘက်တပ်ဖွဲ့ဝင်များအား စေလွှတ် သွားမည်မဟုတ်ကြောင်းနှင့် လေ့ကျင့်မှုကုန်ကျစရိတ်များအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်မဟုတ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment