တူကီယဲနိုင်ငံသည် သဘာဝဓာတ်ငွေ့အတွက် ငွေပေးချေမှုရွှေ့ဆိုင်းပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိ ကြောင်း တူကီယဲစွမ်းအင်ဝန်ကြီး ဖာတစ်ဒွန်မက်ဇ် (Fatih Donmez) က ပြောကြားခဲ့ သည်ဟု Tass သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ငွေးပေးချေမှု ရွှေ့ဆိုင်းပေးရေးဆိုင်ရာကိစ္စရပ်များအပြင် အခြားသောကိစ္စရပ်များကို ဆွေးနွေးလျက်ရှိ ကြောင်းနှင့် ဆွေးနွေးမှုများအတွင်း အပြုသဘောဆောင်သည့်ရလဒ်ကောင်းများ ရရှိ လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲနှင့် ရုရှားနိုင်ငံ တို့သည် တူကီယဲနိုင်ငံ၌ ဒုတိယမြောက်နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက် ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဒွန်မက်ဇ်က ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment