Yahoo; Jan-23(Mon)
ဂျာမနီနိုင်ငံသည် ၎င်း၏ Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ အနက်မှ ၂ ဖွဲ့ကို ဇန်နဝါရီလ ၂၃ ရက်တွင် ပိုလန်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်းနှင့် အဆိုပါ တပ်ဖွဲ့များအား ယူကရိန်းနိုင်ငံနယ်စပ်နှင့် ကပ်လျက်တည်ရှိသည့် ပိုလန်နိုင်ငံအရှေ့ တောင်ပိုင်းရှိ ဇာမော့စ် (Zamoce) မြို့တွင် စတင်တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း Yahoo သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပိုလန်နိုင်ငံအရှေ့တောင်ပိုင်းရှိ ပရက်ဝူဒေါ (Przewodow) ကျေးရွာကို ယူကရိန်းဒုံးကျည် တစ်စင်း မတော်တဆ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲဆိုင်ရာပဋိပက္ခများ နယ်စပ်ဖြတ်ကျော်ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့် ဂျာမနီနိုင်ငံသည် ဝေဟင်ပိုင်နက်ကို လုံခြုံမှုရှိစေရန် အတွက် ၎င်း၏ Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကို ပိုလန်နိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။
Raytheon's ကုမ္ပဏီ၏ Patriot ကဲ့သို့သော မြေပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ဝေဟင်ပိုင်နက်သို့ ဝင်ရောက်လာသော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန်အတွက် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် ဂျာမနီအနေဖြင့် NATO အရှေ့ဘက်ခြမ်းစစ်မျက်နှာဖြစ်သော ပိုလန်နိုင်ငံတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဖြန့်ကြက်နေခြင်းမှာ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခများ NATO အဖွဲ့ဝင်နိုင်ငံများထံသို့ ပျံ့နှံ့ရောက်ရှိလာနိုင်သည်ကို မြင်တွေ့နေရခြင်းကြောင့်ပင် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဂျိုးရက်ဆီဗာ့စ် (Joerg Sievers) က သတင်းထောက် များအား ပြောကြားခဲ့ပါသည်။ ဆီဗာ့စ်သည် ပိုလန်ရှိ ဂျာမနီလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ကို ဦးဆောင်မည့်သူဖြစ်ပြီး Patriot စနစ်တွင်ပါရှိသည့် ကာကွယ်ရေးစနစ် များ၏ သဘာဝများနှင့်ပတ်သက်၍လည်း အလေးထားပြောကြားခဲ့ပါသည်။ Patriot စနစ်သည် အလွန်ကောင်းမွန်သည့် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီး ဒုံးကျည်တိုက်ခိုက်မှု၊ သို့မဟုတ် မတော်တဆ ကျရောက်ပေါက်ကွဲမှုများ ထပ်မံမဖြစ်ပွား စေရေးအတွက် လုံလောက်သည့် အကာအကွယ်များပေးနိုင်ရန် မျှော်မှန်းထားကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပိုလန်နိုင်ငံ၊ Przewodow ဒေသရှိ ရွာတစ်ရွာကို ယူကရိန်းဒုံးကျည်တစ်စင်း ပျက်ကျခဲ့မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ယူကရိန်းစစ်ပွဲ၏ စစ်မီးများ နယ်စပ်ဖြတ်ကျော်ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိပါသည်။ ထို့ကြောင့် ဂျာမနီနိုင်ငံသည် ပိုလန်နိုင်ငံ၏ ဝေဟင်ပိုင်နက်ကို လုံခြုံမှု ရှိစေရန်အတွက် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုသွားရန် ပြီးခဲ့ သည့်နိုဝင်ဘာလအတွင်းက ကမ်းလှမ်းခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတီး လန်းဘရတ်ချ် (Christine Lambrecht) က ပြောကြားခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ပြင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းထိန်းသိမ်းကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ပိုလန်နိုင်ငံသို့ ယူရိုတိုက်လေယာဉ်များ (Eurofighters) ဖြင့် အကူအညီများ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဂျာမနီအစိုးရက ပြောကြား ထားပါသည်။ Raytheon's Patriot ကဲ့သို့သော မြေပြင်အခြေစိုက်လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ဝင်လာသောဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန်အတွက် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဂျာမနီနိုင်ငံအနေဖြင့် ၎င်း၏ Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့အနက်မှ ပထမ ၂ ဖွဲ့ကို ယူကရိန်းနယ်စပ် အနီးရှိ ပိုလန်နိုင်ငံ၊ ဇာမော့စ် (Zamosc) မြို့သို့ ဇန်နဝါရီလ ၂၃ ရက်တွင် စေလွှတ်ခဲ့ပြီး ဒုံးကျည်ပစ်လွှတ်မှုကို ကာကွယ်တားဆီးရန်အတွက် ပိုလန်နိုင်ငံ၌ စတင်ဖြန့်ကြက် သွားမည်ဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။ လက်ရှိတွင် ဂျာမနီစစ်ဘက်၌ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၂ ခုရှိပြီး ၂ ခုမှာ ဆလိုဗက်ကီးယား (Slovakia) တွင် တပ်ဖြန့်ချထားလျက်ရှိပါသည်။ သို့ဖြစ်၍ Patriot စနစ်များကို ပိုလန်၌ တပ်ဖြန့်ချထား သွားမည်ဆိုခြင်းကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ၌ ဖြစ်ပွားခဲ့သော အလားတူဖြစ်စဉ်များ လျော့နည်းလာမည့်အပြင် ၎င်း၏ဝေဟင်ပိုင်နက်ကိုလည်း လုံလောက်သော အကာ အကွယ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment