လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒက်စ်အန်နျူဆော့စ်ကက်စ် (Arvydas Anusauskas) သည် ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ယူကရိန်းနိုင်ငံသို့ ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့ဗ် (Oleksiy Reznikow) နှင့် တွေ့ဆုံခဲ့ကြောင်း Pravda သတင်းဝဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းသည် စစ်ပွဲအပြည့်အဝစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ ယူကရိန်းနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ကာကွယ်ရေးဝန်ကြီးတစ်ဦးလည်း ဖြစ်ပါသည်။ ထို့နောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှစ်ဦးသည် ရုရှားနိုင်ငံကို အနိုင်ရရှိရေး အတွက် နောက်ထပ်အဆင့်များလုပ်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း သဘောတူညီခဲ့ ကြပါသည်။ ထို့ပြင် လစ်သူရေးနီးယားနိုင်ငံသည် ယူကရိန်းအား စစ်ရေးဆိုင်ရာ အကူ အညီအဖြစ် ယူရိုသန်း ၄၀ နီးပါး ပေးအပ်သွားမည်ဖြစ်ကြောင်း အစောပိုင်းတွင် ကြေညာခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment