Xinhua; Feb-9(Thur)
တူကီယဲနိုင်ငံသည် ၎င်းတို့နည်းတူ ပြင်းအားမြင့်
ငလျင်ဘေးအန္တရာယ်ကို ခံစားခဲ့ရသည့်
အိမ်နီးချင်းဆီးရီးယားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက်
ဆီးရီးယားနှင့်ထိစပ်လျက်ရှိသည့် နောက်ထပ် နယ်စပ်ဂိတ်
၂ ခုအား ဖွင့်လှစ်ပေးရန် လုပ်ဆောင်လျက်ရှိကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး
မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။
လက်ရှိတွင် တူကီယဲမှ ဆီးရီးယားမြောက်ပိုင်းသို့
ဝင်ရောက်သည့် Bab al-Hawa နယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်းမှာလည်း ပျက်စီးသွားပြီဖြစ်ကြောင်းနှင့်
သူပုန်များထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံအနောက်မြောက်ဘက်သို့ အကူအညီများပေးပို့မှုမှာလည်း
ယာယီ ပြတ်တောက်ခဲ့ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏
ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ် (Stephane Dujarric) က ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံအတွင်းမှ ယာဉ်တန်းဖြင့်
ဖြတ်ကျော်၍ အကူအညီပေးနိုင်ရန် ပြင်ဆင်လျက်ရှိသော်လည်း
၎င်းကိစ္စနှင့်ပတ်သက်၍ ဆီးရီးယား သမ္မတ
ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) ၏ အစိုးရနှင့် သဘော တူညီချက်ရယူရန် လိုအပ်နိုင်ကြောင်း စတီဖန်ဒူဂျာရစ်က ပြောကြားခဲ့ပါသည်။ Bab
al-Hawa နယ်စပ်ဖြတ်ကျော်ရေး
လမ်းကြောင်းသည်သာလျှင် ကုလသမဂ္ဂ၏ အကူအညီကို ခွင့်ပြုထားသည့် တစ်ခုတည်းသော ဖြတ်ကျော်ရေးလမ်းဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၈ ရက် ဒေသစံတော်ချိန်
နံနက် ၄ နာရီ ၁၇ မိနစ်တွင် ပြင်းအားရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၄
မိနစ်တွင် ပြင်းအား ရစ်ချ်တာ စကေး ၇.၆
အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲတောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတွင်
မြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် သေဆုံးသူဦးရေသည် ၁၂,၀၀၀ ကျော်သွားပြီဖြစ်ပါသည်။ နိုင်ငံအများအပြားနှင့် ကမ္ဘာလုံးဆိုင်ရာ
အကူအညီ ပေးရေးအေဂျင်စီများသည် တူကီယဲနှင့်
ဆီးရီးယားရှိ ငလျင်ဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့်
ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment