Xinhua;Feb-6(Mon)
ဆိုက်ပရပ်စ်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဟောင်း နီကိုခရစ်စတိုဒိုလီဒီး (Nicos Christodoulides) သည် သမ္မတရွေးကောက်ပွဲတွင် မဲရလဒ်အများဆုံးဖြင့် ဦးဆောင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း အန်ဒရေးမက်ဗ်ရိုရန်နစ် (Andreas
Mavroyiannis) သည် ဒုတိယမဲအများဆုံးရရှိခဲ့ပါသည်။ ထို့ကြောင့် ၎င်းတို့သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့သည့် နီကိုခရစ်စတိုဒိုလီဒီးသည် ထောက်ခံမဲ ၃၂.၀၄ ရာခိုင်နှုန်းရရှိထားပြီး လက်ဝဲယိမ်း AKEL ပါတီမှ အန်ဒရေးမက်ဗ်ရိုရန်နစ်သည် ထောက်ခံမဲ ၂၉.၆၁ ရာခိုင်နှုန်းရရှိခဲ့ကြောင်း မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲတာဝန်ခံအကြီးအကဲ ကော့စတန်တီနို (Costas Constantinou) က မဲများကိုရေတွက်ပြီးနောက် ကြေညာခဲ့ပါသည်။
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၄ ဦး ပါဝင်ရွေးကောက်ခံခဲ့ သော်လည်း ထောက်ခံမဲရလဒ် အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူမရှိကြောင်း သတင်း အရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ အာဏာရ DISY ပါတီ၏ ခေါင်းဆောင် အက်ဗရော့ဖ် နီအိုပိုက်တို (Averof Neophytou) သည် ထောက်ခံမဲ ၂၆.၁၁ ရာခိုင်နှုန်းဖြင့် တတိယမဲ အများဆုံးနေရာတွင် ရပ်တည်ခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အက်ဗရော့ဖ်နီအိုပိုက်တို၏ စွမ်းဆောင်မှုသည် ၎င်းကိုယ်တိုင်ကိုသာမက လက်ယာယိမ်းပါတီကိုပါ ကျရှုံးမှုတစ်ခု ဖြစ်စေခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယူဆခဲ့ကြပါသည်။ နီကိုခရစ်စတိုဒိုလီဒီးနှင့် အန်ဒရေးမက်ဗ်ရိုရန်နစ်တို့သည် ဖေဖော်ဝါရီလကုန်တွင် ရာထူးမှနုတ်ထွက်မည့် သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nikos Anastasiadis) ၏ ရင်းနှီးသော မိတ်ဖက်များလည်း ဖြစ်ပါသည်။ နီကိုခရစ်စတိုဒိုလီဒီးသည် သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ်၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ၄
နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ၄
နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment