Friday, February 10, 2023

ပြင်းထန်သည့် မြေငလျင်ဒဏ်ခံစားခဲ့ရသော တူကီယဲနှင့် ဆီးရီးယားနိုင်ငံများ အတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမနီဒုတိယဝန်ကြီးချုပ်တို့က ဆိုခြင်း

ပြင်းထန်သည့် မြေငလျင်ဒဏ်ခံစားခဲ့ရသော တူကီယဲနှင့် ဆီးရီးယားနိုင်ငံများ အတွက် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) နှင့် ဂျာမနီဒုတိယဝန်ကြီးချုပ် ရောဘတ်ဟာဘက်ခ် (Robert Habeck) တို့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော်သည် တူကီယဲနိုင်ငံသို့ စေလွှတ်ထားကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြေငလျင်ဒဏ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်ရန်ပုံငွေများမှတစ်ဆင့် ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပြည်သူ ၅,၈၉၄ ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၄,၈၁၀ ဦးခန့်ရှိသည်ဟု တူကီယဲဒုတိယသမ္မတ ဖူရားအို့တိုင် (Fuat Oktay) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment