ပိုလန်နိုင်ငံသည် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည့် Lower-Tier Air and Missile Defense Sensors (LTAMDS) ၁၂ ခုနှင့် မြေပြင်မှဝေဟင်ပစ် Patriot ဒုံးကျည်စနစ် ၄၈ ခုဝယ်ယူရန် အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးထားကြောင်း The Defense Post သတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြထားပါသည်။ ယခုကဲ့သို့ အမေရိကန်နိုင်ငံထုတ် ခေတ်မီစစ်လက်နက် ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေမှုသည် ပိုလန်ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေး စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ပါသည်။ ထို့ပြင် အထက်ပါသဘော တူညီချက်သည် ပိုလန်စစ်ဘက်မှဖော်ဆောင်လျက်ရှိသည့် WISLA အမည်ရှိ ဝေဟင်နှင့် ဒုံးကျည်ကာကွယ်ရေး အဆင့်မြှင့်တင်ခြင်းအစီအစဉ်၏ အဆင့် ၂ ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ပိုလန်၏ WISLA အစီအစဉ်သည် ပေါ်ပေါက်လာ နိုင်ဖွယ်ရှိသည့် ဝေဟင်နှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ကာကွယ်ဟန့်တားရန်နှင့် အမိမြေလုံခြုံရေးကို ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment