Sunday, September 10, 2023

ပိုလန်နိုင်ငံသည် Lockheed Martin ကုမ္ပဏီနှင့် လက်နက်ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Al Mayadeen; Sep-11(Mon)

ပိုလန်နိုင်ငံသည် လျင်မြန်စွာရွေ့လျားပစ်ခတ်နိုင်သော ယန္တရားတင်အမြောက် ဒုံးယာဉ်စနစ် (High Mobility Artillery Rocket System-HIMARS) ၄၈၆ စီးနှင့် ၎င်းတွင်ဆက်စပ်အသုံးပြုသည့် ကျည်ထိုးသွင်းကိရိယာများအား ဝယ်ယူရန်အတွက် သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်အခြေစိုက် Lockheed Martin ကုမ္ပဏီက စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်တွင် HIMARS စနစ်၏ ခဲယမ်းများအတွက် နည်းပညာဆိုင်ရာ အချက်အလက်များလွှဲပြောင်းခြင်းနှင့် ထုတ်လုပ်ပေးပို့မှုဆိုင်ရာအစီအစဉ်များလည်း ပါဝင် မည်ဖြစ်ပါသည်။ ပထမအကြိမ်ထုတ်လုပ်ပေးပို့မှုကို ၂၀၂၆ ခုနှစ်တွင် စတင်လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံသည် ၎င်းသဘောတူညီချက်နှင့်ပတ်သက်၍ Homar-A အမည်ရှိ မဟာဗျူဟာမြောက်အစီအမံကိုရေးဆွဲထားရှိပြီး ၎င်းအစီအမံအတွက် HIMARS ယာဉ် ၄၈၆ စီးကို နိုင်ငံ၏နယ်စပ်များတွင် တပ်ဖြန့်ချထားမည်ဖြစ်သည်ဟု ၎င်းသတင်း ဌာနက ဖော်ပြထားပါသည်။

ထို့ပြင် ပိုလန်နိုင်ငံသည် ပစ်ခတ်မှုစွမ်းအားတိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် HIMARS အမြောက်ဒုံးယာဉ်တွင်အသုံးပြုနိုင်မည့် ခဲယမ်း အရေအတွက် ၁၀,၀၀၀ ကိုလည်း အဆိုပါကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်သွားမည်ဖြစ် ပါသည်။ ၎င်းသဘောတူညီချက်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်စေရန် Polska Grupa Zbrojeniowa၊ Huta Stalowa Wola၊ WZU နှင့် MESKO အမည်ရှိ ပိုလန်အစိုးရပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများသည် အဓိကကျသော အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီ များသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွင် အမှီအခိုကင်းစွာထုတ်လုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးကဏ္ဍတွင် ပိုမိုခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment