Mehrnews; Jan-11 (Mon)
တူရကီအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
စနစ်အား ဒုတိယအကြိမ်ထပ်မံဝယ်ယူသွားရန် သဘောတူညီခဲ့ကြောင်း
တူရကီကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းအကြီးအကဲ
အစ္စမေးလ်ဒီမာ (Ismail Demir) က ဇန်နဝါရီလ ၁၁ ရက်တွင်
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် လက်ကား ရောင်းဝယ်ရေးသဘောတူစာချုပ်တစ်ရပ်ဖြစ်ပြီး ထုတ်လုပ်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှု ပုံစံများအား မူဘောင်အတွင်း၌ ထည့်သွင်းဖော်ပြထားကြောင်း တူရကီကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းဌာနမှ ကြီးမှူးကျင်းပသည့်
“ ၂၀၂၀ ပြည့်နှစ် ဆောင်ရွက်ချက်များ အပေါ်
အကဲဖြတ်ခြင်းနှင့် ၂၀၂၁ ခုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း” ဆွေးနွေးပွဲတွင် ၎င်းကသတင်းထောက်များနှင့်တွေ့ဆုံစဉ်
ထုတ်ဖော် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့်
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း၌ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ လက်နက်များ၊
ခဲယမ်းမီးကျောက်များနှင့် ဒုံးကျည်ထုတ်လုပ်မှု စသည့်ကဏ္ဍရပ်များတွင် လိုအပ်ချက်မရှိ
ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒီမာက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment