Tuesday, June 30, 2020
၂၀၂၀ ပြည့်နှစ်အတွင်း ဂရိစီးပွားရေးကျဆင်းသွားနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းခဲ့ခြင်း
အီရန်၊ ရုရှားနှင့် တူရကီတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ရုပ်/သံအစီအစဉ်မှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
တူရကီသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရုရှား၏ ခွင့်ပြုချက်မရရှိဘဲ အခြားနိုင်ငံများသို့ လွှဲပြောင်းခြင်းနှင့် ရောင်းချခွင့် မရှိကြောင်း ပြောကြားခဲ့ခြင်း
Monday, June 29, 2020
ရိုမေးနီးယားနိုင်ငံ၏ နို့ထွက်ပစ္စည်း၊ ကြက်ဉနှင့် ပျားရည်တို့၏ သွင်းကုန်တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း
Thursday, June 25, 2020
NewsBar
Tuesday, June 23, 2020
ရုရှားနိုင်ငံသည် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်စပ်လျဉ်း၍ တူရကီနှင့် သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးရန် အသင့်ရှိနေခြင်း
TASS; Jun-24 (Wed)
ရုရှားနိုင်ငံသည် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အား တူရကီ နိုင်ငံသို့ ပေးပို့သွားရေးနှင့်စပ်လျဉ်းသည့် သဘောတူစာချုပ်တစ်ရပ်တွင် လက်မှတ်ရေးထိုးရန် အသင့်ရှိနေကြောင်း ရုရှားဒုတိယဝန်ကြီးချူပ် ယူရီဘိုရီဆော့ဗ် (Yuri Borisov) က ဇွန်လ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် အဆိုပါ လေကြောင်းရန် ကာကွယ်ရေးစနစ်အား ဝယ်ယူရန်ဆန္ဒရှိပါက သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီတို့သည် အဆိုပါလေကြောင်းရန်ကာကွယ်ရေးစနစ်ပေးပို့ရေးနှင့်စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ သဘောတူစာချုပ်အရ တူရကီအနေဖြင့် တပ်ရင်းကြီး ၁ ရင်းအတွက် လက်နက်တပ်ဆင်ပေးနိုင်သည့် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များအား ရုရှားထံမှ လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။
ရုရှားအနေဖြင့် တူရကီနိုင်ငံသို့ ၎င်းတို့၏ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် စတင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံသည်လည်း ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူသည့် ပထမဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ထိုကဲ့သို့ ရုရှားထံမှတူရကီ၏ လက်နက် ဝယ်ယူမှုအပေါ် အမေရိကန်နှင့် နေတိုးအဖွဲ့က ဆန့်ကျင်ကန့်ကွက်သည့် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း တူရကီအနေဖြင့် ဝယ်ယူမည့်အစီအစဉ်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဆိုပါ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များအား ၂၀၀၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ ခြင်းဖြစ်ပြီး တာလတ်ပစ်လက်နက်စနစ်များနှင့်မြေပြင်တွင်တပ်ဆင်အသုံးပြုထားသည့် လက်နက်စနစ်များအပါအဝင် လေယာဉ်များနှင့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ခတ်ဖျက်ဆီးနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်သည် အကွာအဝေး ၄၀၀ ကီလိုမီတာနှင့် အမြင့် ၃၀ ကီလိုမီတာရှိ ပစ်မှတ်များအား တိကျစွာပစ်ခတ်ဖျက်စီးနိုင်ကြောင်း သိရှိရပါသည်။