Monday, April 24, 2023

တူကီယဲ၊ ရုရှား၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့မှ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကြီးအကဲများတွေ့ဆုံသွားမည်ဆိုခြင်း

 တူကီယဲ၊ ရုရှား၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့မှ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကြီးအကဲများသည် ဧပြီလ ၂၅ ရက်တွင် ရုရှားနိုင်ငံ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) က ဧပြီလ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု Mehr News သတင်းဌာနက ဧပြီလ ၂၄ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိနိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး အက်ကာက ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပုံမှန် ဆက်ဆံရေးတည်ဆောက်ရန်ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ရုရှား၊ ဆီးရီးယားနှင့် တူကီယဲတို့၏ ကာကွယ်ရေးဝန်ကြီးများအကြား ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Saturday, April 22, 2023

တူကီယဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမား ၂၁ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း

တူကီယဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်‌ ၄ ရက်တာကာလအတွင်း ဆီးရီးယား နှင့် အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ အကြမ်းဖက်သမား ၂၁ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဧပြီလ ၂၂ ရက်တွင်ပြောကြားခဲ့သည်ဟု Xinha သတင်းဌာနက ဧပြီလ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ နယ်စပ်ဒေသနှင့် နိုင်ငံသားများ၏ လုံခြုံရေးအား အာမခံချက်ပေးနိုင်သည်အထိ အကြမ်းဖက်သမားများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူလူဆီအကာက ပြောကြားထားပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် PKK အကြမ်းဖက်အဖွဲ့ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးတစ်ခုသဖွယ်ဖြစ်လျက်ရှိကြောင်း နှင့် ၎င်းအကြမ်းဖက်အဖွဲ့အား အမြစ်ဖြတ်ချေမှုန်းနိုင်သည်အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဟူလူဆီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂရိအထွေထွေရွေးကောက်ပွဲအား မေလတွင် ကျင်းပပြုလုပ်သွားမည်ဆိုခြင်း

 ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က အထွေထွေရွေးကောက်ပွဲအား လာမည့် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် လွှတ်တော်အားဖျက်သိမ်းပေးရန် ဧပြီလ ၂၂ ရက်တွင် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ မစ်ဆိုတားကစ်အနေဖြင့် သမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) အား အထက်ပါအတိုင်း တရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ သမ္မတ ဆက်ကယ်လာရိုပူလိုအနေဖြင့်လည်း လွှတ်တော်အား ဖျက်သိမ်းသည့်အမိန့်အား မကြာမီရက်အတွင်း ထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်းလည်း ဂရိနိုင်ငံပိုင်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

ဂရိနိုင်ငံသည် ရွေးကောက်ပွဲအကြိုကာလကို ပါလီမန်ဖျက်သိမ်းခြင်းနှင့်အတူ ဧပြီလ ၂၂ ရက်တွင် စတင်သွားမည်ဆိုခြင်း

ဂရိနိုင်ငံသည် ရွေးကောက်ပွဲအကြိုကာလကို ပါလီမန်ဖျက်သိမ်းခြင်းနှင့်အတူ ဧပြီလ ၂၂ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဧပြီလ  ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ မစ်ဆိုတားကစ်အနေဖြင့် ဂရိနိုင်ငံ၊ Corfu ကျွန်းသို့ ရောက်ရှိစဉ် အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအာဏာရ ကွန်ဆာဗေးတစ် ဒီမိုကရေစီသစ်ပါတီသည် ၂၀၁၉ ခုနှစ်ဇူလိုင်လတွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး မကြာသေးမီကာလတွင် လူထုသဘောထားစစ်တမ်းကောက်ယူချက်အရ ၎င်းပါတီမှ ဦးဆောင်လျက်ရှိပါသည်။ သို့ရာတွင် ဂရိရွေးကောက်ပွဲစနစ်၏ စည်းမျဉ်းများကြောင့် ပထမဆုံးမဲပေးမှုတွင် လွှတ်တော်အတွင်းအဓိကအင်အားစုတစ်ရပ်ရရှိရန်မှာ ခက်ခဲလိမ့် မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအများစုက ပြောကြားထားကြောင်း သိရှိရပါသည်။

တူကီယဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်‌ ၄ ရက်တာကာလအတွင်း ဆီးရီးယား နှင့် အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ အကြမ်းဖက်သမား ၂၁ ဦးကို သုတ်သင်ရှင်းလင်းခဲ့ခြင်း

တူကီယဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်‌ ၄ ရက်တာကာလအတွင်း ဆီးရီးယား နှင့် အီရတ်နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ အကြမ်းဖက်သမား ၂၁ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဧပြီလ ၂၂ ရက်တွင်ပြောကြားခဲ့သည်ဟု Xinha သတင်းဌာနက ဧပြီလ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ နယ်စပ်ဒေသနှင့် နိုင်ငံသားများ၏ လုံခြုံရေးအား အာမခံချက်ပေးနိုင်သည်အထိ အကြမ်းဖက်သမားများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူလူဆီအကာက ပြောကြားထားပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် PKK အကြမ်းဖက်အဖွဲ့ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးတစ်ခုသဖွယ်ဖြစ်လျက်ရှိကြောင်း နှင့် ၎င်းအကြမ်းဖက်အဖွဲ့အား အမြစ်ဖြတ်ချေမှုန်းနိုင်သည်အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဟူလူဆီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Thursday, April 20, 2023

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းဂျုံတင်ပို့မှုကို ကန့်သတ်ချက်အတိုင်း အသေအချာဆောင်ရွက်သွားမည်ဆိုပါက ဆက်လက်တင်ပို့ခွင့်ပြုသွားမည်ဟု ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီး အစ်စ်ဗန်နက်ဂီ (Istvan Nagy) က ပြောကြားခဲ့ခြင်း

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းဂျုံတင်ပို့မှုကို ကန့်သတ်ချက်အတိုင်း အသေအချာဆောင်ရွက်သွားမည်ဆိုပါက ဆက်လက်တင်ပို့ခွင့်ပြုသွားမည်ဟု ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီး အစ်စ်ဗန်နက်ဂီ (Istvan Nagy) က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် ဟန်ဂေရီတာဝန်ရှိသူ များအနေဖြင့် ဂျုံ၊ ပြောင်း၊ မုန်ညင်းစေ့နှင့် နေကြာတို့အပြင် လက်ရှိတင်သွင်းခွင့် ပိတ်ပင်ထားသည့် ထုတ်ကုန်များနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါထုတ်ကုန်များအပေါ် တားမြစ်မှု များသည် ဟန်ဂေရီလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန်နှင့် ခိုင်မာသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းကထည့်သွင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးဆိုင်ရာ အတည်ပြုလက်မှတ်ရေးထိုးမှုများအား လုပ်ဆောင်သွားသင့်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ခြင်း

တူကီယဲနှင့်ဟန်ဂေရီနိုင်ငံတို့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ လစ်သူရေးနီးယားနိုင်ငံ၊ ဗေးလ်နီးယက်စ် (Vilnius) မြို့၌ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးဆိုင်ရာ အတည်ပြုလက်မှတ်ရေးထိုးမှုများအား လုပ်ဆောင်သွားသင့်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ လွိုက်အော်စတင်အနေဖြင့် ဆွီဒင်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဆွီဒင်နိုင်ငံအနေဖြင့် ၎င်းထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ရောက်လာနိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်လျက် ရှိကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းဂျုံတင်ပို့မှုကို ကန့်သတ်ချက်အတိုင်း အသေအချာဆောင်ရွက်သွားမည်ဆိုပါက ဆက်လက်တင်ပို့ခွင့်ပြုသွားမည်ဆိုခြင်း

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းဂျုံတင်ပို့မှုကို ကန့်သတ်ချက်အတိုင်း အသေအချာဆောင်ရွက်သွားမည်ဆိုပါက ဆက်လက်တင်ပို့ခွင့်ပြုသွားမည်ဟု ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီး အစ်စ်ဗန်နက်ဂီ (Istvan Nagy) က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် ဟန်ဂေရီတာဝန်ရှိသူ များအနေဖြင့် ဂျုံ၊ ပြောင်း၊ မုန်ညင်းစေ့နှင့် နေကြာတို့အပြင် လက်ရှိတင်သွင်းခွင့် ပိတ်ပင်ထားသည့် ထုတ်ကုန်များနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါထုတ်ကုန်များအပေါ် တားမြစ်မှု များသည် ဟန်ဂေရီလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန်နှင့် ခိုင်မာသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းကထည့်သွင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

Wednesday, April 19, 2023

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တူကီယဲလေတပ်ရှိ F-16 တိုက်လေယာဉ် များ၏ဆက်သွယ်ရေးစနစ်အား အဆင့်မြှင့်တင်မှုပြုလုပ်ရန်အတွက် လိုအပ်သည့် ခေတ်မီ စက်ပစ္စည်းကိရိယာများကိုရောင်းချပေးရန် အတည်ပြုခဲ့ခြင်း

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တူကီယဲလေတပ်ရှိ F-16 တိုက်လေယာဉ် များ၏ဆက်သွယ်ရေးစနစ်အား အဆင့်မြှင့်တင်မှုပြုလုပ်ရန်အတွက် လိုအပ်သည့် ခေတ်မီ စက်ပစ္စည်းကိရိယာများကိုရောင်းချပေးရန် အတည်ပြုခဲ့ကြောင်း Trend သတင်းဌာနက ဧပြီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါရောင်းချမှုအစီအစဉ်ကို အပြီးသတ် ဆောင်ရွက်နိုင်ရေးအတွက် ကွန်ဂရက် (Congress) အတည်ပြုချက်ရယူရမည်ဖြစ်ပါ သည်။ ကွန်ဂရက်အနေဖြင့် ၎င်းအစီအစဉ်ကို အတည်ပြုခဲ့မည်ဆိုပါက နှစ်ပေါင်းများစွာ အတွင်း တူကီယဲနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပထမဆုံးအကြိမ်ရောင်းချမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ရေး ကိစ္စရပ်ကို အတည်ပြုခဲ့ပြီးနောက် အထက်ပါစစ်လက်နက်ပစ္စည်းရောင်းချမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၁၇ ရက်တွင် ပိုလန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဆိုခြင်း

ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၁၇ ရက်တွင် ပိုလန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းစိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာဝန်ကြီး မိုင်ကိုလာဆိုစကီ (Mykola Sols kyi) က ပြောကြားခဲ့ပါသည်။ ထို့ပြင် လာမည့်ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်တွင်လည်း ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနိုင်ငံတို့နှင့် အလားတူဆွေးနွေးမှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့ သည် ပြည်တွင်းတောင်သူများကိုကာကွယ်နိုင်ရေးအတွက် လာမည့်ဇွန်လ ၃၀ ရက်မတိုင်မီ အထိ ယူကရိန်းမှ ဈေးနှုန်းချိုသာသော လယ်ယာထွက်ကုန်များတင်သွင်းမှုကို တားမြစ် ကြောင်း ဧပြီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါအစီအစဉ်ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တူကီယဲလေတပ်ရှိ F-16 တိုက်လေယာဉ် များ၏ဆက်သွယ်ရေးစနစ်အား အဆင့်မြှင့်တင်မှုပြုလုပ်ရန်အတွက် လိုအပ်သည့် ခေတ်မီ စက်ပစ္စည်းကိရိယာများကိုရောင်းချပေးရန် အတည်ပြုခဲ့ခြင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တူကီယဲလေတပ်ရှိ F-16 တိုက်လေယာဉ် များ၏ဆက်သွယ်ရေးစနစ်အား အဆင့်မြှင့်တင်မှုပြုလုပ်ရန်အတွက် လိုအပ်သည့် ခေတ်မီ စက်ပစ္စည်းကိရိယာများကိုရောင်းချပေးရန် အတည်ပြုခဲ့ကြောင်း Trend သတင်းဌာနက ဧပြီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါရောင်းချမှုအစီအစဉ်ကို အပြီးသတ် ဆောင်ရွက်နိုင်ရေးအတွက် ကွန်ဂရက် (Congress) ၏ အတည်ပြုချက်ရယူရမည်ဖြစ်ပါ သည်။ ကွန်ဂရက်အနေဖြင့် ၎င်းအစီအစဉ်ကို အတည်ပြုခဲ့မည်ဆိုပါက နှစ်ပေါင်းများစွာ အတွင်း တူကီယဲနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပထမဆုံးအကြိမ်ရောင်းချမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ရေး ကိစ္စရပ်ကို အတည်ပြုခဲ့ပြီးနောက် အထက်ပါစစ်လက်နက်ပစ္စည်းရောင်းချမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, April 18, 2023

ဆလိုဗက်ကီးယားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံထံမှ ဂျုံနှင့်အခြားလယ်ယာ ထွက်ကုန်များတင်သွင်းမှုကို ဆိုင်းငံ့ထားသော်လည်း တတိယနိုင်ငံများသို့ သယ်ယူ ပို့ဆောင်မှုအား ဆက်လက်ဖွင့်လှစ်ထားမည်ဆိုခြင်း

ဆလိုဗက်ကီးယားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံထံမှ ဂျုံနှင့်အခြားလယ်ယာ ထွက်ကုန်များတင်သွင်းမှုကို ဆိုင်းငံ့ထားသော်လည်း တတိယနိုင်ငံများသို့ သယ်ယူ ပို့ဆောင်မှုအား ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ယာယီစိုက်ပျိုးရေးဝန်ကြီး ဆမ်မြူရယ်လ်ဗီအယ်လ်ကန် (Samuel Vlcan) က ပြောကြားခဲ့သည်ဟု Xinhua သတင်း ဌာနက ဧပြီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းနိုင်ငံမှတင်သွင်းသော ဂျုံတန်ချိန် ,၅၀၀ တွင် တားမြစ်ထားသောပိုးသတ်ဆေးများအသုံးပြု၍ စိုက်ပျိုးထားသည်ကို မကြာသေးမီက တွေ့ရှိခဲ့ပြီးနောက် အစိုးရ၏အွန်လိုင်းအစည်းအဝေး၌ အထက်ပါအတိုင်း တင်သွင်းမှုကို ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗက်ကီးယား၏ ယူကရိန်း ပို့ကုန်တင်သွင်းမှုတားမြစ်ချက်သည် လာမည့် ဧပြီလ ၁၉ ရက်မှစတင်၍ အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆလိုဗက်ကီးယားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံထံမှ ဂျုံနှင့်အခြားလယ်ယာ ထွက်ကုန်များတင်သွင်းမှုကို ဆိုင်းငံ့ထားသော်လည်း တတိယနိုင်ငံများသို့ သယ်ယူ ပို့ဆောင်မှုအား ဆက်လက်ဖွင့်လှစ်ထားမည်ဆိုခြင်း

ဆလိုဗက်ကီးယားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံထံမှ ဂျုံနှင့်အခြားလယ်ယာ ထွက်ကုန်များတင်သွင်းမှုကို ဆိုင်းငံ့ထားသော်လည်း တတိယနိုင်ငံများသို့ သယ်ယူ ပို့ဆောင်မှုအား ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ယာယီစိုက်ပျိုးရေးဝန်ကြီး ဆမ်မြူရယ်လ်ဗီအယ်လ်ကန် (Samuel Vlcan) က ပြောကြားခဲ့သည်ဟု Xinhua သတင်း ဌာနက ဧပြီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းနိုင်ငံမှတင်သွင်းသော ဂျုံတန်ချိန် ၁,၅၀၀ တွင် တားမြစ်ထားသောပိုးသတ်ဆေးများအသုံးပြု၍ စိုက်ပျိုးထားသည်ကို မကြာသေးမီက တွေ့ရှိခဲ့ပြီးနောက် အစိုးရ၏အွန်လိုင်းအစည်းအဝေး၌ အထက်ပါအတိုင်း တင်သွင်းမှုကို ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗက်ကီးယား၏ ယူကရိန်း ပို့ကုန်တင်သွင်းမှုတားမြစ်ချက်သည် လာမည့် ဧပြီလ ၁၉ ရက်မှစတင်၍ အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Monday, April 17, 2023

ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၁၇ ရက်တွင် ပိုလန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဆိုခြင်း

ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၁၇ ရက်တွင် ပိုလန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းစိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာဝန်ကြီး မိုင်ကိုလာဆိုစကီ (Mykola Sols kyi) က ပြောကြားခဲ့ပါသည်။ ထို့ပြင် လာမည့်ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်တွင်လည်း ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနိုင်ငံတို့နှင့် အလားတူဆွေးနွေးမှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့ သည် ပြည်တွင်းတောင်သူများကိုကာကွယ်နိုင်ရေးအတွက် လာမည့်ဇွန်လ ၃၀ ရက်မတိုင်မီ အထိ ယူကရိန်းမှ ဈေးနှုန်းချိုသာသော လယ်ယာထွက်ကုန်များတင်သွင်းမှုကို တားမြစ် ကြောင်း ဧပြီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါအစီအစဉ်ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ၊ သို့မဟုတ် ဒေသတွင်းတစ်ဦး တစ်ယောက်၏ဆောင်ရွက်မှုကြောင့် ၎င်းနိုင်ငံ၏လုံခြုံရေးကို အထိခိုက်မခံနိုင်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း

 တူကီယဲနိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ၊ သို့မဟုတ် ဒေသတွင်းတစ်ဦး တစ်ယောက်၏ဆောင်ရွက်မှုကြောင့် ၎င်းနိုင်ငံ၏လုံခြုံရေးကို အထိခိုက်မခံနိုင်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ သည်ဟု Yenisafak သတင်းဌာနက ဧပြီလ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအား နယ်ချဲ့လိုသည့် အကြမ်းဖက်သမားများသည် တူကီယဲနိုင်ငံအပေါ် အကြီးမားဆုံးသောခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပေါ်စေကြောင်း အာဒိုဂန်က ဆက်လက် ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

Friday, April 14, 2023

ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးခဲ့ခြင်းမရှိကြောင်းပြောကြားခဲ့ခြင်း

ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းကဲ့သို့ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ပြောကြားခဲ့သည်ဟု Alarabiya News သတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆားဘီးယား နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်ဟု ဖော်ပြထားသော ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာပေါက်ကြားလာခဲ့ပြီးနောက် သမ္မတ ဘူစစ်က အထက်ပါအတိုင်း ငြင်းဆိုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားအနေဖြင့် ယူကရိန်းသာမက ရုရှားနိုင်ငံသို့လည်း လက်နက်ခဲယမ်းများ ပေးပို့သွားမည်မဟုတ် ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ ပေါက်ကြားခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာသည် စစ်ရေးလေ့ကျင့်ပေးရေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရေး ဆိုသည့် ယူကရိန်း၏တောင်းဆိုမှုများအပေါ် ဥရောပအစိုးရများ၏ တုံ့ပြန်ဆောင်ရွက်မှု အကျဉ်းချုပ်တစ်ခုဖြစ်သည်ဟု သတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် ဒေသတွင်းကိစ္စရပ်များ အထူးသဖြင့် လစ်ဗျား နှင့် ဆီးရီးယားအရေးတို့တွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဆိုခြင်း

တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် ဒေသတွင်းကိစ္စရပ်များ အထူးသဖြင့် လစ်ဗျား နှင့် ဆီးရီးယားအရေးတို့တွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။  တူကီယဲနိုင်ငံ၏ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ်ရောက်ရှိနေသည့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယား နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုဖော်ဆောင်ခြင်းသည် တူကီယဲနှင့် အီဂျစ်နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံနီးကပ်စွာ လုပ်ဆောင်ရန်နှင့် အမြင်ချင်းဖလှယ်ရန် သဘောတူညီထားကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းကဲ့သို့ လုပ်ဆောင်သွားမည်မဟုတ်ခြင်း

ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းကဲ့သို့ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က ပြောကြားခဲ့သည်ဟု Alarabiya News သတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆားဘီးယား နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်ဟု ဖော်ပြထားသော ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာပေါက်ကြားလာခဲ့ပြီးနောက် သမ္မတ ဘူစစ်က အထက်ပါအတိုင်း ငြင်းဆိုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားအနေဖြင့် ယူကရိန်းသာမက ရုရှားနိုင်ငံသို့လည်း လက်နက်ခဲယမ်းများ ပေးပို့သွားမည်မဟုတ် ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ ပေါက်ကြားခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာသည် စစ်ရေးလေ့ကျင့်ပေးရေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရေး ဆိုသည့် ယူကရိန်း၏တောင်းဆိုမှုများအပေါ် ဥရောပအစိုးရများ၏ တုံ့ပြန်ဆောင်ရွက်မှု အကျဉ်းချုပ်တစ်ခုဖြစ်သည်ဟု သတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

Thursday, April 13, 2023

မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို နမူနာယူ၍ ၎င်းတို့၏စစ်ဘက်အား ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်လျက်ရှိခြင်း

မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို နမူနာယူ၍ ၎င်းတို့၏စစ်ဘက်အား ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၂၇၅ သန်းခန့်လိုအပ်လျက်ရှိကြောင်း မော်လ်ဒိုဗာကာကွယ်ရေးဝန်ကြီးဌာနရှိ အမျိုးသားစစ်ဘက်ပြုပြင်ပြောင်းလဲရေးနှင့်ကာကွယ်ရေးမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဘလဲရီယူမီဂျာ (Valeriu Mija) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဧပြီလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဘလဲရီယူမီဂျာအနေဖြင့် မြို့တော် ခေစ်ရှီနော့ (Chisinau) တွင်ပြုလုပ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာဖိုရမ်တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည် ကြားနေဝါဒကျင့်သုံးသော ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NATO အဖွဲ့သို့ ဝင်ရောက်မည် မဟုတ်သော်လည်း ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသော ဆိုဗီယက်နိုင်ငံဟောင်း တစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို နမူနာယူ၍ ၎င်းတို့၏စစ်ဘက်အား ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၂၇၅ သန်းခန့်လိုအပ်လျက်ရှိခြင်း

မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကို နမူနာယူ၍ ၎င်းတို့၏စစ်ဘက်အား ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၂၇၅ သန်းခန့်လိုအပ်လျက်ရှိကြောင်း မော်လ်ဒိုဗာကာကွယ်ရေးဝန်ကြီးဌာနရှိ အမျိုးသားစစ်ဘက်ပြုပြင်ပြောင်းလဲရေးနှင့်ကာကွယ်ရေးမူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဘလဲရီယူမီဂျာ (Valeriu Mija) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဧပြီလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဘလဲရီယူမီဂျာအနေဖြင့် မြို့တော် ခေစ်ရှီနော့ (Chisinau) တွင်ပြုလုပ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာဖိုရမ်တွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံသည် ကြားနေဝါဒကျင့်သုံးသော ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ NATO အဖွဲ့သို့ ဝင်ရောက်မည် မဟုတ်သော်လည်း ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသော ဆိုဗီယက်နိုင်ငံဟောင်း တစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

Wednesday, April 12, 2023

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲမဲဆွယ်စည်းရုံးမှုကို စတင်ပြုလုပ်ခဲ့ခြင်း

 တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲမဲဆွယ်စည်းရုံးမှုကို စတင်ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ မဲဆွယ်စည်းရုံး မှုတွင် နိုင်ငံ၏ငွေကြေးဖောင်းပွမှုမြင့်တက်မှုများကို လျှော့ချသွားရန်နှင့် စီးပွားရေးတိုးတက် မှုကိုမြှင့်တင်ရန် အာဒိုဂန်က ကတိပြုပြောကြားခဲ့ပါသည်။ အာဒိုဂန်ဦးဆောင်သော တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (The ruling Justice and Development Party's-AKP) အနေဖြင့် ၂၀ မှ ၂၀၂၈ ခုနှစ်အတွင်း နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း . ရာခိုင်နှုန်းရရှိရန် ရည်ရွယ်ပြီး ၂၀၂၈ နှစ်ကုန်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးကို အမေရိကန်ဒေါ်လာ . ထရီလီယံအထိ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုနှင့် ပို့ကုန်များအပေါ် အာရုံစိုက်မည်ဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ            ထရီလီယံသို့ရောက်ရှိရန် ရည်ရွယ်ထားသည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံသည် အစ္စရေးထံမှ ယူရို ၃၇၀ သန်းခန့်တန်ဖိုးရှိ RAFAL SPIKE အမျိုးအစားဒုံးကျည်များကို ဝယ်ယူရန်ဆောင်ရွက်လျက်ရှိခြင်း

ဂရိနိုင်ငံသည် အစ္စရေးထံမှ ယူရို ၃၇၀ သန်းခန့်တန်ဖိုးရှိ RAFAL SPIKE အမျိုးအစားဒုံးကျည်များကို ဝယ်ယူရန်ဆောင်ရွက်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်ဟု Asia-Pacific Defence Reporter သတင်းဌာနက ဧပြီလ ၁၂ ရက်တွင်ဖော်ပြခဲ့ပါသည်။ ၎င်း SPIKE အမျိုးအစားဒုံးကျည်သည် အစ္စရေးအခြေစိုက် Rafael Advanced Defense Systems ကုမ္ပဏီကထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဒုံးကျည် ဝယ်ယူမှုဆိုင်ရာသဘောတူညီမှုသည် အစ္စရေးနှင့်ဂရိနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း ဂရိကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ၎င်း၏ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲမဲဆွယ်စည်းရုံးမှုကို စတင်ပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်း၏ ပြန်လည်ရွေးကောက်တင်မြှောက်ပွဲမဲဆွယ်စည်းရုံးမှုကို စတင်ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ မဲဆွယ်စည်းရုံး မှုတွင် နိုင်ငံ၏ငွေကြေးဖောင်းပွမှုမြင့်တက်မှုများကို လျှော့ချသွားရန်နှင့် စီးပွားရေးတိုးတက် မှုကိုမြှင့်တင်ရန် အာဒိုဂန်က ကတိပြုပြောကြားခဲ့ပါသည်။ အာဒိုဂန်ဦးဆောင်သော တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (The ruling Justice and Development Party's-AKP) အနေဖြင့် ၂၀၂၄ မှ ၂၀၂၈ ခုနှစ်အတွင်း နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၅.၅ ရာခိုင်နှုန်းရရှိရန် ရည်ရွယ်ပြီး ၂၀၂၈ နှစ်ကုန်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံအထိ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုနှင့် ပို့ကုန်များအပေါ် အာရုံစိုက်မည်ဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံသို့ရောက်ရှိရန် ရည်ရွယ်ထားသည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံသည် အစ္စရေးထံမှ ယူရို ၃၇၀ သန်းခန့်တန်ဖိုးရှိ RAFAL SPIKE အမျိုးအစားဒုံးကျည်များကို ဝယ်ယူရန်ဆောင်ရွက်လျက်ရှိခြင်း

ဂရိနိုင်ငံသည် အစ္စရေးထံမှ ယူရို ၃၇၀ သန်းခန့်တန်ဖိုးရှိ RAFAL SPIKE အမျိုးအစားဒုံးကျည်များကို ဝယ်ယူရန်ဆောင်ရွက်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်ဟု Asia-Pacific Defence Reporter သတင်းဌာနက ဧပြီလ ၁၂ ရက်တွင်ဖော်ပြခဲ့ပါသည်။ ၎င်း SPIKE အမျိုးအစားဒုံးကျည်သည် အစ္စရေးအခြေစိုက် Rafael Advanced Defense Systems ကုမ္ပဏီကထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဒုံးကျည် ဝယ်ယူမှုဆိုင်ရာသဘောတူညီမှုသည် အစ္စရေးနှင့်ဂရိနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း ဂရိကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Tuesday, April 11, 2023

တူကီယဲ၊ ရုရှား၊ အီရန်နှင့်ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးများသည် မေလ အစောပိုင်းတွင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်စီစဉ်လျက်ရှိခြင်း

တူကီယဲ၊ ရုရှား၊ အီရန်နှင့်ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးများသည် မေလ အစောပိုင်းတွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို (Moscow) ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာဗူဆိုဂလူ သည် ပြီးခဲ့သည့်သီတင်းပတ်တွင် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ်ရောက်ရှိခဲ့သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (sergey Lavrov) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏တွေ့ဆုံဆွေးနွေးမှု များသည် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ဆီးရီးယားနယ်စပ်၌ နယ်မြေစိုးမိုးရေးအာမခံချက်များ စသည့်ကိစ္စရပ်များ နှင့်ပတ်သတ်၍ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။