Monday, July 31, 2023

ရိုမေးနီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် တာတိုလေယာဉ်ပစ်ဒုံးပျံစနစ် ဝယ်ယူမှုကိုပယ်ဖျက်ခဲ့ခြင်း

     ရိုမေးနီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် Romtehnica အမျိုးသားကုမ္ပဏီမှတဆင့် သယ်ဆောင်သွားနိုင်သော တာတိုလေယာဉ်ပစ်ဒုံးပျံစနစ် (very short-range anti-aircraft missile systems-MANPAD) ၁၁၅ မှ ၂၃၁ အထိ ဝယ်ယူရန် ရည်ရွယ်ထားသည့် ၀ယ်ယူမှုကို ပယ်ဖျက်ကြောင်း Profit.ro သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ အဆိုပါဖျက်သိမ်းမှုသည် ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် ၎င်း၏ ပြင်ပကုမ္ပဏီများ အကြား အပြန်အလှန်ဆက်သွယ်မှုကို လက်မခံနိုင်ခြင်း သို့မဟုတ် ချမှတ်ထားသော လေလံစည်းမျဉ်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဝယ်ယူမည့်ပစ္စည်း၏ စုစုပေါင်းတန်ဖိုးသည် ရွန် ၃.၃၁ ဘီလီယံ (ယူရို ၆၇၇ သန်း) ရှိကြောင်း ခန့်မှန်းထားပါသည်။ ထို့ပြင် အာမခံကာလအပါအဝင် စာချုပ်၏ကြာချိန်သည် ၇ နှစ် ဖြစ်ကြောင်း သိရှိရပါသည်။

ဂရိအာဏာပိုင်များသည် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီး ရန်သံမဏိခြံစည်းရိုးကို စတင်ဆောက်လုပ်လျက်ရှိခြင်း

     ဂရိအာဏာပိုင်များသည် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီး ရန် တူကီယဲနယ်စပ်ရှိ အရှည် ၁၄၀ ကီလိုမီတာရှည်သော တံတိုင်းစီမံကိန်း ပထမအဆင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မီရစ် (Meriç) မြစ်တစ်လျှောက် ၃၅ ကီလိုမီတာရှည်သော သံမဏိခြံစည်းရိုးကို စတင်ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကန်ထရိုက်တာကုမ္ပဏီများ သည် အဆိုပါဧရိယာတွင် သစ်ပင်ခုတ်ခြင်း၊ ဧရိယာရှင်းလင်းခြင်းနှင့် ဆောက်လုပ်ရေး စက်ယန္တရားများ ဖြတ်သန်းရန်အတွက် လမ်းများဖွင့်ပေးခြင်းအပါအဝင် တံတိုင်းစီမံကိန်း ပထမအဆင့်အား စတင်လုပ်ကိုင်နေပြီဖြစ်ပါသည်။ ဂရိအစိုးရနှင့် “Terna” နှင့် “Intrakat” ကုမ္ပဏီတို့အကြား မတ်လတွင် ချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ၃၅ ကီလိုမီတာ ရှည်သော ခြံစည်းရိုးကို ဆောက်လုပ်ရန်အတွက် ယူရို ၉၉.၂ သန်း (အမေရိကန်ဒေါ်လာ ၁၀၉ သန်း) ကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကို ဥရောပသမဂ္ဂမှ ငွေကြေး ထောက်ပံ့ရန် ငြင်းဆိုထားခြင်းကြောင့် ကုန်ကျစရိတ်ကို ဂရိအစိုးရက ထောက်ပံ့ပေး လျက်ရှိကြောင်း သိရှိပါသည်။

ဂရိသည် တူကီယဲနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်တွင် ၃၅ ကီလိုမီတာအရှည်ရှိ ခြံစည်းရိုးကို စတင်တည်ဆောက်လျက်ရှိခြင်း

 

Hurriyetdailynews;Jul-31(Mon)

             ဂရိအာဏာပိုင်များသည် တရားမဝင်သော ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီးရန် တူကီယဲနယ်စပ်ရှိ အရှည် ကီလိုမီတာ ၁၄၀ ရှိသော တံတိုင်းစီမံကိန်းပထမအဆင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မီရစ် (Meric) မြစ်တစ်လျှောက် ၃၅ ကီလိုမီတာရှည်သော သံမဏိခြံစည်းရိုးကို စတင်ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကန်ထရိုက်တာကုမ္ပဏီများ သည် အဆိုပါဧရိယာတွင် သစ်ပင်ခုတ်ခြင်း၊ ဧရိယာရှင်းလင်းခြင်းနှင့် ဆောက်လုပ်ရေး စက်ယန္တရားများဖြတ်သန်းရန်အတွက် လမ်းများဖွင့်ပေးခြင်းအပါအဝင် တံတိုင်းစီမံကိန်း ပထမအဆင့်အား စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

             တရားမဝင်ရွှေ့ပြောင်းသူများသည် မြေထဲပင်လယ်မှတစ်ဆင့် EU အဖွဲ့ဝင် နိုင်ငံများသို့ ဝင်ရောက်နိုင်သည့်လမ်းကြောင်း ခုရှိသည့်အနက် မြေထဲပင်လယ် အလယ်ပိုင်းလမ်းကြောင်း (Central Mediterranean Route) အား အသုံးပြုလျက်ရှိပါသည်။ အဆိုပါလမ်းကြောင်းသည် လစ်ဗျားနှင့် အီဂျစ်တို့မှတစ်ဆင့် အီတလီနှင့် ဂရိနိုင်ငံများသို့ ဝင်ရောက်ခြင်းဖြစ်ပါသည်။ အလားတူ တူကီယဲနိုင်ငံမှတစ်ဆင့်လည်း ဂရိနိုင်ငံသို့ ဒုက္ခသည်များဝင်ရောက်လျက်ရှိရာ နှစ်နိုင်ငံအကြား တရားမဝင်ရွှေ့ပြောင်းသူများအရေးနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာလျက်ရှိပါသည်။ ထို့ကြောင့် ဂရိအစိုးရသည် တူကီယဲ နယ်စပ်အနီးတွင် အရှည် ကီလိုမီတာ ၁၄၀ ရှိသော တံတိုင်းစီမံကိန်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒေးဒီမိုးတိုက်ချို (Didymoteicho) နှင့် ဆုဖလေး (Soufli) မြို့များကြားတွင် အရှည် ၃၅ ကီလိုမီတာနှင့် အမြင့် မီတာရှိသော သံမဏိစည်းရိုးကို စတင်တည်ဆောက်လျက်ရှိပါသည်။ ဂရိအစိုးရနှင့် “Terna” နှင့် “Intrakat” ကုမ္ပဏီတို့အကြား ၂၀၂၃ ခုနှစ်၊ မတ်လတွင်ချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ၃၅ ကီလိုမီတာရှည်သော ခြံစည်းရိုးကို ဆောက်လုပ်ရန်အတွက် ယူရို ၉၉. သန်း (အမေရိကန်ဒေါ်လာ ၁၀၉ သန်း) ကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကို ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ရန်ငြင်းဆိုထားခြင်းကြောင့် ကုန်ကျစရိတ်ကို ဂရိအစိုးရက ထောက်ပံ့ပေးလျက်ရှိပါသည်။ တည်ဆောက်မှုမှာ တစ်နှစ်အတွင်းပြီးစီး မည်ဟု ခန့်မှန်းထားပါသည်။ ခြံစည်းရိုး၌တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများတွင် ခေတ်မီသော ဖိုက်ဘာအော့ပတစ်ထောက်လှမ်းရေးကိရိယာများ၊ တူကီယဲပိုင်နက်အတွင်းသို့ ၁၅ ကီလိုမီတာအထိ စောင့်ကြည့်နိုင်သည့် ကင်မရာများနှင့် နေရောင်ခြည်စွမ်းအင်သုံး UAV များပါဝင်မည်ဖြစ်ပါသည်။ အဆိုပါတံတိုင်းတည်ဆောက်ခြင်းဖြင့် ဂရိနိုင်ငံအတွင်းသို့ တရားမဝင်သော ရွှေ့ပြောင်းနေထိုင်မှုများအား လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။  

Sunday, July 30, 2023

တူကီယဲနိုင်ငံဆိုင်ရာ ကာဂျစ်စတန်သံအမတ်ကြီးနှင့် တူကီယဲ ဒုတိယသမ္မတ တို့တွေ့ဆုံခဲ့ခြင်း

     တူကီယဲနိုင်ငံဆိုင်ရာ ကာဂျစ်စတန်သံအမတ်ကြီး ရုစလန်ကာဇက်ဘဲ့ (Ruslan Kazakbaev) သည် တူကီယဲ ဒုတိယသမ္မတ စီဒတ်ရီမက်ဇ် (Cevdet Yilmaz) နှင့် အန်ကာရာမြို့ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း Akipress သတင်းဌာနက ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ စစ်ဘက်နည်းပညာ၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဆွေးနွေးခဲ့ပါသည်။ ၎င်းတို့သည် ၂၀၂၃ ခုနှစ်အတွင်း အပြန်အလှန် အဆင့်မြင့် လည်ပတ်မှုများစီစဉ်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့ပါ သည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးသိပ္ပံနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်ကိုလည်း ပြန်လည်အကောင်အထည်ဖော်ခဲ့ပါသည်။ ဤသဘောတူညီချက်တွင် တူရကီဆေးရုံများတွင် ကာဂျစ္စတန်နိုင်ငံသား ၁၅၀ ဦး အတွက် နှစ်စဉ် အခမဲ့ ဆေးကုသမှု ပေးဆောင်ရန် ပါ၀င်ပါသည်။ ယခုအခါတွင် သံအမတ်ကြီးသည် ကာဂျစ္စတန်နိုင်ငံသား ၅၀၀ ဦးကို နှစ်စဉ် ခွဲတမ်းတိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Sunday, July 23, 2023

တူကီယဲလုံခြုံရေးတပ်ဖွဲ့ဝင်များသည်အကြမ်းဖက်သမား ၅ ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့ခြင်း

    တူကီယဲလုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူကီယဲနယ်စပ်အနီး၊ အီရတ်မြောက်ပိုင်းရှိ PKK အကြမ်းဖက်သမား ၅ ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း တူကီယဲအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ မီတီနာမြို့ (Metina) ၌ ပြုလုပ်နေသည့် Operation Claw-Lock စစ်ဆင်ရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အကြမ်းဖက်သမား များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ PKK အကြမ်းဖက်သမားများသည် တူကီယဲတွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် အီရတ်မြောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် ပုန်းအောင်းနေထိုင်လေ့ရှိကြပါသည်။ PKK အကြမ်းဖက်အဖွဲ့သည် တူကီယဲနိုင်ငံကိုဆန့်ကျင်သည့် အကြမ်းဖက်လှုပ်ရှားမှုများကို ၃၅ နှစ်ကျော်ကြာ ပြုလုပ် ခဲ့ခြင်းကြောင့် တူကီယဲ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဆားဘီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းတိုက်ခတ်မှု များကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ခြင်း

     ဆားဘီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းတိုက်ခတ်မှု များကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၂၃ ရက်တွင်ဖော်ပြခဲ့ပါသည်။ မိုးသည်း ထန်စွာရွာသွန်းပြီး မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရသည့် နိုဗီဆဒ် (Novi Sad) နှင့် ဘက်ကာပလန်ကာ (Backa Palanka) ဒေသတို့တွင် လူ ၁၀ ဦးထက်မနည်း ကယ်ဆယ် ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အနောက်ဘော်လကန် ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းတိုက်ခတ်မှုများကြောင့် ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား၊ ခရိုအေးရှားနှင့် ဆလိုဗေးနီးယားနိုင်ငံတို့တွင်လည်း ပြင်းထန်သည့် ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတသနှင့် အယ်လ်ဂျီးရီးယားသမ္မတတို့တွေ့ဆုံခဲ့ခြင်း

    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒယ်လ် မာဂျစ်ဒ်တက်ဘော့နီ (Abdelmadjid Tebboune) နှင့် တွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၂၃ ရက် တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရန် နည်းလမ်းများအပြင် လတ်တလောဖြစ်ပေါ်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Saturday, July 22, 2023

တူကီယဲသည် ပင်လယ်နက်ကောက်ပဲသီးနှံတင်ပို့ရေးသဘောတူညီချက်ကို သက်တမ်းတိုးမြှင့်နိုင်ရေး ရုရှားနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဆိုခြင်း

English.news; Jul-22(Sat)

    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေးသဘောတူညီချက်ကို ထပ်မံသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ညှိနှိုင်း ဆွေးနွေးမှုများဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း English.news သတင်းဌာနက ဇူလိုင်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။


သုံးသပ်ချက်

ကုလသမဂ္ဂနှင့် တူကီယဲတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရုရှားနှင့်ယူကရိန်းတို့သည် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေး သဘောတူညီချက်ကို သီးခြားစီသဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး အကြိမ်ကြိမ် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၁၂ လအတွင်း ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှတစ်ဆင့် နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ ကောက်ပဲ သီးနှံ မက်ထရစ်တန် ၃၃ သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိတွင် ရုရှားအနေဖြင့် ပင်လယ်နက်၏အနောက်မြောက်ပိုင်း၌ ရေကြောင်းသွားလာရာတွင် ရုရှား၏ လုံခြုံရေးအာမခံချက်ကို ရုပ်သိမ်းခဲ့ခြင်းအပါအဝင် ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ တင်ပို့ရေး သဘောတူညီချက်တွင်ပါဝင်မှုကို ရပ်ဆိုင်းကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသဘောတူညီချက်အရ ရုရှားအနေဖြင့် ကုန်ပစ္စည်းများကို ပြန်လည် တင်ပို့ခွင့်ရှိသော်လည်း လက်တွေ့တွင် ရုရှားထုတ်ကုန်များအား အပြည့်အဝတင်ပို့ခွင့် မရရှိသောကြောင့် အဆိုပါသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးနိုင်ဖွယ်မရှိ ကြောင်း ရုရှားနိုင်ငံတာဝန်ရှိသူများက ပြောကြားထားပါသည်။ ၎င်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ဇူလိုင်လ ၂၁ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) နှင့် သမ္မတ အာဒိုဂန်တို့သည် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေး သဘော တူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေးအတွက် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ခြင်းသည် ကမ္ဘာ့စားနပ် ရိက္ခာစျေးနှုန်းများမြင့်တက်ခြင်း၊ အငတ်ဘေးနှင့် ရွှေ့ပြောင်းနေထိုင်မှုများတိုးပွားလာခြင်း စသောအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း အာဒိုဂန်က ပြောကြားထားပါသည်။ ရုရှားသမ္မတအနေဖြင့် လာမည့်ဩဂုတ်လအတွင်း တူကီယဲနိုင်ငံသို့ ခရီးစဉ်လာရောက် မည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်အား အနည်းဆုံး ၃ လ ထပ်မံသက်တမ်းတိုးမြှင့်ရေး အတွက် ဆွေးနွေးမှုများဆောင်ရွက်သွားမည်ဟု အာဒိုဂန်က ထပ်လောင်းပြောကြား ထားပါသည်။ သို့ဖြစ်ပါ၍ တူကီယဲအပါအဝင် ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံ ပို့ဆောင်ရေးကို မှီခိုအားထားနေရသော နိုင်ငံများအနေဖြင့် ရုရှားနှင့် ဆွေးနွေးညှိနှိုင်း မှုများ ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

တူကီယဲသည် ပင်လယ်နက်ကောက်ပဲသီးနှံတင်ပို့ရေးသဘောတူညီချက်ကို သက်တမ်းတိုးမြှင့်နိုင်ရေး ရုရှားနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဆိုခြင်း

English.news; Jul-22(Sat)

    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေး သဘောတူညီချက်ကို ထပ်မံသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ညှိနှိုင်း ဆွေးနွေးမှုများဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း English.news သတင်းဌာနက ဇူလိုင်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားအစိုးရ အနေဖြင့် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေး သဘောတူညီချက်တွင် ၎င်း၏ပါဝင်မှုကိုရပ်ဆိုင်းကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အာဒိုဂန်၏ အဆိုပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသဘောတူညီချက်ကို ရပ်ဆိုင်း လိုက်ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းများမြင့်တက်ခြင်း၊ အငတ်ဘေးဒုက္ခများနှင့် ရွှေ့ပြောင်းနေထိုင်မှုများမြင့်တက်လာခြင်း စသည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း အာဒိုဂန်က ပြောကြားထားပါသည်။

အထက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ သမ္မတ ပူတင်နှင့် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားထား ပါသည်။ အနောက်နိုင်ငံများအနေဖြင့် ရုရှား၏ကုန်စည်တင်ပို့ခွင့်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဆိုပါက ရုရှားအနေဖြင့် ၎င်းသဘောတူညီချက်တွင် ပြန်လည်ပါဝင်သွားမည်ဟု ရုရှားအစိုးရက ထုတ်ပြန်ထားပါသည်။ ကုလသမဂ္ဂနှင့် တူကီယဲတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေးသဘောတူညီ ချက်ကို သီးခြားစီသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် အဆိုပါသဘောတူညီချက်အား အနည်းဆုံး ၃ လ ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေးအတွက် လာမည့်ဩဂုတ်လအတွင်း သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Thursday, July 20, 2023

တူကီယဲသမ္မတသည် လာမည့်သီတင်းပတ်တွင် အစ္စရေးနှင့် ပါလက်စတိုင်းသမ္မတတို့ကို သီးခြားစီတွေ့ဆုံသွားမည်ဆိုခြင်း

Xinhua; Jul-21(Fri)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လာမည့်သီတင်းပတ်တွင် ပါလက်စတိုင်းသမ္မတ မာမွတ်အာ့ဘ်ဘာ့စ် (Mahmoud Abbas) နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့ကို သီးခြားစီလက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတရုံးက ဇူလိုင်လ ၂၀ ရက်တွင် ကြေညာခဲ့ပါသည်။

Wednesday, July 19, 2023

တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးမည့်အစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးက ကန့်ကွက်ခဲ့ခြင်း

Federal Times;Jul-19(Wed)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ် များရောင်းချပေးရန် ထောက်ခံခဲ့သော်လည်း အဆိုပါတိုက်လေယာဉ်များ ရောင်းချပေး နိုင်ရေးအတွက် တူကီယဲနိုင်ငံအပေါ် ကာလကြာရှည်စွာပိတ်ပင်ထားသည့် ကန့်သတ်ချက်များ ရုပ်သိမ်းပေးရေးကိုမူ အမေရိကန်အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဘော့မန်နန်ဒက်ဇ် (Bob Menendez) က ငြင်းပယ်ခဲ့ကြောင်း Federal Times သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

ချက်ပါလီမန်သည် အမေရိကန်နှင့်ချုပ်ဆိုထားသည့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို အတည်ပြုခဲ့ခြင်း

Reuters;Jul-20(Thu)

ချက်သမ္မတနိုင်ငံ၏ ပါလီမန်သည် အမေရိကန်နိုင်ငံနှင့်ချုပ်ဆိုထားသည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၁၉ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ချက်ကာကွယ်ရေး ဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cernochova) နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့သည် နှစ်နိုင်ငံစစ်ဘက်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေရန်နှင့် ချက်ပိုင်နက်နယ်မြေ၌ အမေရိကန် တပ်ဖွဲ့များ တပ်ဖြန့်ချထားမှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူစေရန်အတွက် ပြီးခဲ့သည့်မေလ ၂၃ ရက်တွင် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် အထက်လွှတ်တော်၌အတည်ပြုခဲ့ပြီးနောက် ဇူလိုင်လ ၁၉ ရက်တွင် အောက်လွှတ်တော်၌ ဆက်လက်မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၅ မဲ၊ ကန့်ကွက်မဲ ၁၈ မဲဖြင့် အတည်ပြုနိုင် ခဲ့ပါသည်။

လက်ရှိလုံခြုံရေးအခြေအနေအရ ချက်နိုင်ငံမှ အရှေ့ဘက်ကီလိုမီတာအနည်းငယ် အကွာရှိ ယူကရိန်းနိုင်ငံတွင် ရုရှားစစ်ဘက်၏ တိုက်ခိုက်မှုများဖြစ်ပေါ်နေစဉ် ချက်နိုင်ငံ အနေဖြင့် ၎င်းတို့နည်းတူ NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်တည်ဆောက်ခြင်းသည် နိုင်ငံ၏အမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဆာနိုချိုဗာက ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ နိုင်ငံပိုင်နက် နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့များ အမြဲတမ်းတည်ရှိလာနိုင်ဖွယ်ရှိခြင်းကြောင့် ၎င်း သဘောတူညီချက်သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း အတိုက်အခံ Freedom and Direct Democracy ပါတီက ကန့်ကွက်ပြောကြားထားပါသည်။ ချက်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအတွင်း အမေရိကန်တပ်များ တပ်ဖြန့်ချထားခွင့်ပြုရေး လုပ်ငန်းစဉ်သည် အစိုးရ၏အတည်ပြုချက်လည်းလိုအပ်ကြောင်း သိရှိရပါသည်။

Tuesday, July 18, 2023

ဆော်ဒီအာရေဗျနိုင်ငံသည် တူကီယဲနိုင်ငံထံမှ မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များဝယ်ယူရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

    ဆော်ဒီအာရေဗျနိုင်ငံသည် တူကီယဲနိုင်ငံထံမှ မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များဝယ်ယူရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်သည် တူကီယဲနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးစစ်လက်နက် ပစ္စည်းရောင်းချရေးသဘောတူညီချက်တစ်ရပ်ဖြစ်ကြောင်း Mehr News Agency သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ပင်လယ်ကွေ့နိုင်ငံများခရီးစဉ်အဖြစ် စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ဦးခန့် နှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိပြီးနောက် တစ်ရက်အကြာ ဇူလိုင်လ ၁၈ ရက်တွင် အဆိုပါသဘောတူညီချက်ကို အပြီးသတ်အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။ သမ္မတ အာဒိုဂန်သည် ပင်လယ်ကွေ့နိုင်ငံများခရီးစဉ်အဖြစ် ကာတာနှင့် ယူအေအီးနိုင်ငံတို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

    တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) တို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း Anadolu Agency သတင်း ဌာနက ဇူလိုင်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဖုန်းခေါ်ဆိုမှုအတွင်း ၎င်းတို့သည် သက်တမ်းကုန်ဆုံးပြီးဖြစ်သော ပင်လယ်နက်ကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက် နှင့်စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသဘော တူညီချက်သက်တမ်းတိုးမှုကို ရုရှားနိုင်ငံက ဆိုင်းငံ့ခဲ့ပြီးနောက် အထက်ပါဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

တူကီယဲနှင့်ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရေးကြိုးပမ်းလျက်ရှိခြင်း

    တူကီယဲနှင့်ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေနိုင်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း The National News သတင်းဌာနက ဇူလိုင်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဗြိတိန် စေ့စပ်ညှိနှိုင်းသူများသည် ဒစ်ဂျစ်တယ်၊ အချက်အလက်နှင့် ဝန်ဆောင်မှုများအပါအဝင် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ကို တူကီယဲနိုင်ငံနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုလားလျက်ရှိကြောင်း ဗြိတိန်စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ခီမီဘဒီနော့ချ် (Kemi Badenoch) က ဇူလိုင်လ ၁၈ ရက်တွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာစည်းမျဉ်းများကို ဖြေလျှော့ခြင်းထက် စီးပွားရေးသဘောတူညီချက်များအပေါ် အဓိကထား၍ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဗြိတိန်နိုင်ငံအတွက် အရေးပါသောကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး အဆိုပါသဘောတူညီချက်သည် Brexit နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံအား လွတ်လပ်သော ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဖော်ပြနေခြင်းဖြစ်ကြောင်း ဘဒီနော့ချ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲသမ္မတသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလျက်ရှိခြင်း

Trtworld; Jul-18(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဒေသတွင်းဆက်ဆံရေးခိုင်မာအားကောင်းစေရန်အတွက် ၎င်း၏ ၃ ရက်ကြာ ပင်လယ်ကွေ့ ဒေသခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလျက်ရှိကြောင်း Trtworld သတင်းဌာနက ဇူလိုင်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန် အနေဖြင့် ဆော်ဒီအာရေဗျခရီးစဉ်ပြီးနောက် ကာတာနှင့်ယူအေအီးနိုင်ငံတို့သို့ အသီးသီး ဆက်လက်သွားရောက်မည်ဖြစ်ပါသည်။

Monday, July 17, 2023

ကိုဆိုဗိုသည် တူကီယဲမှ Bayraktar TB2 ဒရုန်းသစ်များကို လက်ခံရရှိခဲ့ခြင်း

Anadolu Agency; Jul-17 (Mon)

တူကီယဲနိုင်ငံမှဝယ်ယူထားသော Bayraktar TB2 မောင်းသူမဲ့လေယာဉ် (UAVs) သည် ကိုဆိုဗိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် အယ်လ်ဘင် ကာတီသည် Bayraktar TB2 မောင်းသူမဲ့လေယာဉ်၏ ဓာတ်ပုံနှင့်အတူ “ကိုဆိုဗိုသည် ယခုပို၍ပင်လုံခြုံနေပြီ” ဟူသောစာအား ရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ဆက်ဆံရေးတင်းမာမှုများ မကြာခဏဖြစ်ပွား လျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း ဆက်ဆံရေးတင်းမာမှုမှာ ပိုမိုမြင့်တက်ခဲ့ပါသည်။

တူကီယဲသမ္မတသည် ပင်လယ်ကွေ့ဒေသသို့ ၃ ရက်ကြာ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဆိုခြင်း

    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဇူလိုင်လ ၁၇ ရက်မှစတင်၍ ပင်လယ်ကွေ့ဒေသသို့ ၃ ရက်ကြာ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း Shafaq သတင်းဌာနက ဇူလိုင်လ ၁၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါ ၃ ရက်တာခရီးစဉ်အတွင်းတွင် တူကီယဲသမ္မတသည် ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ အထက်ပါ ပင်လယ်ကွေ့နိုင်ငံ ၃ နိုင်ငံနှင့် ကဏ္ဍပေါင်းစုံဆက်ဆံရေးများ တိုးမြှင့်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အဆိုပါခရီးစဉ်ကိုသွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီချက်များရရှိနိုင်ရန်လည်း မျှော်မှန်းထားကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုဆိုဗိုသည် တူကီယဲမှ Bayraktar TB2 ဒရုန်းသစ်များကို လက်ခံရရှိခဲ့ခြင်း

Anadolu Agency; Jul-17 (Mon)

တူကီယဲနိုင်ငံမှ ဝယ်ယူထားသော Bayraktar TB2 ဒရုန်းများ ကိုဆိုဗိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီသည် Bayraktar TB2 ဒရုန်းဓာတ်ပုံနှင့်အတူ “ကိုဆိုဗိုသည် ယခုပို၍ပင်လုံခြုံနေပြီ” ဟူသောစာအား ရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။

Sunday, July 16, 2023

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံခဲ့ခြင်း

    တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) သည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ (Retno Marsudi) နှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၁၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း လေကြောင်းပို့ဆောင်ရေးအခန်း ကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးတို့၏ အရေးပါပုံနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Saturday, July 15, 2023

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် (ASEAN) အစည်းအဝေးတွင် ၎င်း၏ မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

     တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) သည် အင်ဒိုနီးရှား နိုင်ငံ၊ မြို့တော် ဂျကာတာ (Jakarta) ၌ ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) အစည်းအဝေးတွင် ၎င်း၏ မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန် (AK Abdul Momen)၊ ဘရူနိုင်းဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဒါတိုအဲရိုင်ဝမ်ယူဆော့ဖ် (Dato Erywan Yusof) နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘူသန်ဆွန် (Bui Thanh Son) တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဖီဒန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီ (Yoshimasa Hayashi)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီခန်ဟုဖက်တ် (Anniken Huitfeldt) တို့နှင့်လည်း တံခါးပိတ်တွေ့ဆုံမှုများကို သီးခြားစီပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အီရတ်ဝန်ကြီးချုပ်နှင့် တူကီယဲသမ္မတ တို့တွေ့ဆုံခဲ့ခြင်း

     အီရတ်ဝန်ကြီးချုပ် မိုဟာမတ်ရှီယာအယ်လ်ဆူဒါနီ (Mohammed Shia' al-Sudani) နှင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် တယ်လီဖုန်းခေါ်ဆိုမှုမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း CGTN သတင်းဌာနက ဇူလိုင်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရတ်နိုင်ငံအနေဖြင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက် ဆက်ဆံရေးများတည်ဆောက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း အယ်လ်ဆူဒါနီက အဆိုပါဖုန်းခေါ်ဆိုမှုအတွင်းတွင် ပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံတောင်ပိုင်း ဘာ့စ်ရာ (Basra) ပြည်နယ်မှ တူကီယဲနယ်စပ်အထိ ဖောက်လုပ်မည့် သယ်ယူပို့ဆောင်ရေးစင်္ကြံ စီမံကိန်းအတွက် တူကီယဲကုမ္ပဏီများအနေဖြင့် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Friday, July 14, 2023

ကနေဒါနိုင်ငံသည် တူကီယဲနိုင်ငံအပေါ် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများနှင့်ပတ်သက်၍ ပို့ကုန်ထိန်းချုပ်မှုရုပ်သိမ်းခဲ့ခြင်း

    NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံဝင်ရောက်ခွင့်ကို တူကီယဲနိုင်ငံက လိုက်လျောပေးခဲ့ ပြီးနောက် ကနေဒါနိုင်ငံသည် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများနှင့်ပတ်သက်၍ ပို့ကုန်ထိန်းချုပ်မှုရုပ်သိမ်းရေးဆိုင်ရာဆွေးနွေးပွဲများကို တူကီယဲနိုင်ငံနှင့် ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြောင်း Reuters သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါပို့ကုန်ထိန်းချုပ်မှုများသည် လက်ရှိအချိန်အထိ တည်မြဲနေဆဲပင် ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါသည်။ နာဂေါ်နို-ကာရာဘတ်ခ် ဒေသတွင်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခတွင် အဇာဘိုင်ဂျန်တပ်ဖွဲ့များက ကနေဒါနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများကို အသုံးပြုခဲ့ကြောင်း ကောက်ချက်ချခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ကနေဒါသည် တူကီယဲသို့ မောင်းသူမဲ့လေယာဉ်နည်းပညာအချို့ တင်ပို့မှုကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဘူလ်ဂေးရီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့စစ်ဘက်ဆိုင်ရာအကူအညီများပေးအပ်ခဲ့ခြင်း

    ဘူလ်ဂေးရီးယားနိုင်ငံသည် စစ်ဘက်ဆိုင်ရာအကူအညီအဖြစ် ယူကရိန်းနိုင်ငံသို့ သံချပ်ကာယာဉ် ၁၀၀ စီးကို ပေးပို့ခဲ့သည်ဟု ဘူလ်ဂေးရီးယားတာဝန်ရှိသူများက ပြောကြား ခဲ့ကြောင်း Euractiv သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) သည် ဘူလ်ဂေးရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အဆိုပါစစ်ရေး အကူအညီအား ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံသို့ အဆိုပါသံချပ်ကာယာဉ်များအတွက် သိုလှောင်မှုနှင့်ထိန်းသိမ်းမှုကုန်ကျစရိတ် များကိုပါ ပေးအပ်ခဲ့သည်ဟု ဘူလ်ဂေးရီးယားလွှတ်တော်အမတ် အီဗေလိုမာချက်ဗ် (Ivaylo Mirchev) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော ပြဿနာရပ်များအား ဖြေရှင်းခြင်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကပြောကြားခဲ့ခြင်း

     တူကီယဲနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော ပြဿနာရပ်များအား ဖြေရှင်းခြင်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အေဂျီယံနှင့် မြေထဲပင်လယ်အတွင်း ပင်လယ်ရေကြောင်းနယ်နိမိတ်မျဉ်းကိစ္စရပ်သည် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား အဓိကပြဿနာရပ်တစ်ခုဖြစ်ပြီး အဆိုပါပြဿနာရပ်အား နိုင်ငံတကာ တရားရုံးသို့တင်ပြရန် သဘောတူညီသင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လက်ရှိအချိန်တွင် အနောက်ဘက်သို့ ပြောင်းလဲ လျက်ရှိပြီး ယင်းမှအကျိုးအမြတ်ရရှိမည်ဟုယုံကြည်ကြောင်း ဝန်ကြီးချုပ် မစ်ဆိုတားကစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Thursday, July 13, 2023

တူကီယဲနိုင်ငံသည် အကောက်ခွန်နှင့် ဗီဇာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှုများတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိခြင်း

Xinhua; Jul-13(Thu)

တူကီယဲနိုင်ငံအနေဖြင့် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များနှင့် ဗီဇာ (Visa) ဖြေလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥရောပသမဂ္ဂ (European Union) နှင့် ဆွေးနွေးမှုများတိုးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။

ပိုလန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ယူကရိန်းအား ဆက်လက်ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့ခြင်း

Yonhap; Jul-13(Thu)

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပိုလန်နိုင်ငံနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်လုပ်ဆောင်ခြင်းမှတစ်ဆင့် ယူကရိန်းနိုင်ငံအား ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယောလ် (Yoon Suk Yeol) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာနက ဇူလိုင်လ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတ ယွန်းဆွတ်ခ်ယောလ်အနေဖြင့် လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ် (Vilnius) မြို့၌ပြုလုပ်သော NATO ထိပ်သီးအစည်းအဝေးသို့တက်ရောက်အပြီး ပိုလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် ပိုလန်နိုင်ငံပိုင် Rzeczpospolita သတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ် ပါသည်။

Wednesday, July 12, 2023

ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကို အောက်တိုဘာလအထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တူကီယဲသမ္မတကပြောကြားခဲ့ခြင်း

New Arab; Jul-12(Wed)

လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိသေးသောကြောင့် အနည်းဆုံး အောက်တိုဘာလအထိ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် လွှတ်တော် အားလပ်ရက်အဖြစ် ၂ လ သတ်မှတ်ထားကြောင်းနှင့် အောက်တိုဘာလမတိုင်မီ လွှတ်တော်အစည်းအဝေး များကို ကျင်းပရန်မဖြစ်နိုင်ကြောင်း လစ်သူရေးနီးယားနိုင်ငံ၊ ဗီလ်နီးယပ်စ် (Vilnius) မြို့တော်၌ ပြုလုပ်သည့် ၂ ရက်ကြာ NATO ထိပ်သီးအစည်းအဝေးအပြီးတွင် တူကီယဲ သမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဝေဟင်ပိုင်နက်များကို NATO အဖွဲ့စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရေး သဘောတူညီ ခဲ့ခြင်း

    လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဝေဟင်ပိုင်နက်များကို NATO အဖွဲ့စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရေး သဘောတူညီ ခဲ့ကြောင်း TASS သတင်းဌာနက ဇူလိုင်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ၎င်းတို့နိုင်ငံများ၏ ဝေဟင်ပိုင်နက်ကာကွယ်ရေးခိုင်မာစေရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ကင်းလှည့်မစ်ရှင်များနှင့် အကြီးစား စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်လာနိုင်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဟန့်တားမှုမရှိဘဲ ဘောလ်တစ်သုံးနိုင်ငံ၏ ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လစ်သူရေးနီးယားနိုင်ငံအနေဖြင့် မဟာမိတ်တပ်ဖွဲ့များ အခြေစိုက် နိုင်ရန်အတွက် လေတပ်အခြေစိုက်စခန်း အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး ယူရိုသန်း ၁၄၀ ကျော် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားသမ္မတသည် NATO အဖွဲ့ဝင် ၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

KBS; Jul-12(Wed)

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယောလ် (Yoon Suk-yeol) သည် လစ်သူရေးနီးယားနိုင်ငံ၌ မြောက်အတ္တလန္တိတ်စာချူပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် နော်ဝေ၊ နယ်သာလန်၊ ပေါ်တူဂီ၊ နယူးဇီလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဆွီဒင် နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တစ်ဦးချင်းသီးခြားတွေ့ဆုံဆွေးနွေးမှုများကို ဇူလိုင်လ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း KBS သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ဥရောပသမဂ္ဂ (EU) အနေဖြင့် ဆွီဒင်နိုင်ငံကို NATO အဖွဲ့ဝင်အဖြစ်လိုလားလျှင် တူကီယဲကိုလည်း EU အဖွဲ့ဝင်အဖြစ်ခွင့်ပြုသင့်သည်ဟု တူကီယဲသမ္မတကပြောကြားခဲ့ခြင်း

    ဥရောပသမဂ္ဂ (EU) အနေဖြင့် ဆွီဒင်နိုင်ငံကို NATO အဖွဲ့ဝင်အဖြစ်လိုလားလျှင် တူကီယဲကိုလည်း EU အဖွဲ့ဝင်အဖြစ်ခွင့်ပြုသင့်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဆွီဒင်ဝန်ကြီးချုပ် ယူးဖ်ခရစ်တာဆန် (Ulf Kristersson) နှင့် NATO အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးမှုမတိုင်မီ နာရီပိုင်းအလိုတွင် အကြံပြု ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ဥရောပသမဂ္ဂတို့သည် ၂၀၀၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးခဲ့ကြသော်လည်း အာဒိုဂန်အစိုးရလက်ထက်တွင် ဒီမိုကရေစီဖော်ဆောင်မှု ဆုတ်ယုတ်လာမှုများ၊ လူအခွင့်အရေးချိုးဖောက်မှုများနှင့် ရန်စောင်မှုများကြောင့် ၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆွေးနွေးပွဲအား ရပ်တန့်ခဲ့ရပါသည်။ NATO အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးသည် EU အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး တူကီယဲအနေဖြင့် EU အဖွဲ့ဝင်ဖြစ်ရေး နှစ်ပေါင်း ၅၀ ကျော်စောင့်ဆိုင်းလျက်ရှိကြောင်း၊ တူကီယဲ၏ EU အဖွဲ့ဝင်ဖြစ်ရေးနည်းလမ်းကို ဦးစားပေးလမ်းဖွင့်ပေးရမည်ဖြစ်ပြီး ထို့နောက်မှ ဆွီဒင်ကို NATO အဖွဲ့ဝင်ဖြစ်ရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖင်လန်နိုင်ငံအား NATO အဖွဲ့ဝင်ဖြစ်ရေး ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

Tuesday, July 11, 2023

တူကီယဲနှင့် အမေရိကန်သမ္မတတို့သည် NATO ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ခြင်း

Anadolu Agency; Jul-11(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် NATO ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် ဇူလိုင်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

အီတလီ၊ ခရိုအေးရှားနှင့် ဆလိုဗေးနီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

    အီတလီ၊ ခရိုအေးရှားနှင့် ဆလိုဗေးနီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့သည် အီတလီနိုင်ငံ၊ အန်ကိုနာ (Ancona) မြို့တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး မြောက်အေဒီယက်တစ် (North Adriatic) ပင်လယ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြ ကြောင်း Anadolu Agency သတင်းဌာနက ဇူလိုင်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၃ နိုင်ငံတွေ့ဆုံမှုအပြီးတွင် လူကုန်ကူးမှု၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတိုက်ဖျက်ရေး၊ သယ်ယူပို့ဆောင်မှုကဏ္ဍမြှင့်တင်ရေး၊ ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး တို့နှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ပြင် အာဖရိကဒေသတွင် ရွှေ့ပြောင်းအခြေချနေထိုင်မှုကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် နိုင်ရေးနည်းလမ်းများနှင့်ပတ်သက်၍လည်း စဉ်းစားသုံးသပ်ခဲ့ကြကြောင်း သိရှိရပါသည်။

Monday, July 10, 2023

Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံသည် တူကီယဲပြည်တွင်းစီးပွားရေးကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်မည်ဆိုခြင်း

Hurriyet Daily News; Jul-10(Mon)

တူကီယဲနိုင်ငံတောင်ပိုင်းရှိ မာဆင် (Mersin) စီရင်စု၌ တည်ဆောက်လျက် ရှိသော Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံသည် ပြည်တွင်းစီးပွားရေးကို ကောင်းမွန်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်ကိုကိုးကား၍ Hurriyet Daily News သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေးသဘောတူညီချက်ကို သက်တမ်းတိုးမြှင့်နိုင်ရေးသည် ရုရှားနှင့် တူကီယဲသမ္မတတို့အကြား တွေ့ဆုံဆွေးနွေးမှု အပေါ် မူတည်လျက်ရှိခြင်း

CGTN;Jul-10(Mon)

လာမည့်သီတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးတော့မည့် ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံများပို့ဆောင်ရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်နိုင်ရေး သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အကြား တွေ့ဆုံဆွေးနွေးမှုအပေါ် မူတည်လျက်ရှိကြောင်း CGTN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

ကုလသမဂ္ဂနှင့် တူကီယဲနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားနှင့် ယူကရိန်း နိုင်ငံတို့သည် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံများပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အကြိမ်ကြိမ် သက်တမ်းတိုးဆောင်ရွက်နိုင်ခဲ့ပါသည်။