Xinhua;Mar-22(Wed)
တူကီယဲနှင့် အီရတ်နိုင်ငံတို့အနေဖြင့် အီရတ်နိုင်ငံ၊ ဘာစရာ (Basra) စီရင်စုမှ တူကီယဲနိုင်ငံနယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာမီးရထားစင်္ကြံလမ်းတစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မတ်လ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အာဒိုဂန်အနေဖြင့် တူကီယဲနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက် ရှိသော အီရတ်ဝန်ကြီးချုပ် မိုဟာမတ်ရှီယာအယ်လ်ဆူဒါနီ (Mohammed Shia’ al-Sudani) နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှုအတွင်း၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ မီးရထားစင်္ကြံလမ်းဖောက်လုပ်ရေး စီမံကိန်းကို ဒေသတွင်းပိုးလမ်းမသစ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။
တူကီယဲနိုင်ငံအနေဖြင့် အီရတ်နိုင်ငံ၏ ရေရှားပါးမှုပြဿနာများ ကိုင်တွယ် ဖြေရှင်းမှုအပေါ်တွင်လည်း အထောက်အကူဖြစ်စေရန်အတွက် တီဂရစ် (Tigris) မြစ်မှ ပေးလွှတ်လျက်ရှိသည့် ရေပမာဏကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားထားပါသည်။ မိုဟာမတ်ရှီယာအယ်လ်ဆူဒါနီမှလည်း အီရတ်နိုင်ငံသည် မိုးခေါင် ရေရှားပါးမှုပြဿနာများကို မကြာခဏ ရင်ဆိုင်ခံစားရလျက်ရှိသောကြောင့် အီရတ် နိုင်ငံအတွင်း လိုအပ်သောရေပမာဏရရှိစေရန် တူကီယဲနိုင်ငံရှိ ဟူဖရိတ်စ် (Huphrates) မြစ် အပါအဝင် တီဂရစ်မြစ်တို့မှပေးလွှတ်သော ရေပမာဏအားတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ သည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် တွေ့ဆုံ ဆွေးနွေးမှုအတွင်း၌လည်း ဘက်ပေါင်းစုံ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံ အတူတကွလက်တွဲလုပ်ဆောင်သွားရန် ထပ်လောင်းအတည်ပြုပြောကြား ခဲ့သည်ဟု သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
Wednesday, March 22, 2023
Tuesday, March 21, 2023
ဂရိအထွေထွေရွေးကောက်ပွဲများကို လာမည့်မေလတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ခြင်း
ဂရိနိုင်ငံအထွေထွေရွေးကောက်ပွဲများအား လာမည့်မေလတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတားကစ် (Kryriakos Mitsotakis) က ပြောကြားခဲ့သည်ဟု Yenisafak သတင်းဌာနက မတ်လ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရွေးကောက်ပွဲများတွင် ဒုတိယအကျော့ ဆန္ဒမဲပေးရွေးချယ်မှုများ ထပ်မံကျင်းပရန်လိုအပ်လာနိုင်ဖွယ်ရှိသဖြင့် ယခုကဲ့သို့ ဆောလျင်စွာကျင်းပခြင်းဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် အစိုးရအဖွဲ့ တစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ဒုတိယအကျော့မဲပေးရွေးချယ်မှု ပြုလုပ်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ လူထုစစ်တမ်းကောက်ခံမှုများအရ မစ်ဆိုတားကစ်၏ ဗဟို လက်ယာယိမ်း New Democracy ပါတီအနေဖြင့် SYRIZA အဓိကလက်ဝဲယိမ်းအတိုက် အခံပါတီအား ရလဒ်ကွာခြားမှုမရှိဘဲ အသာစီးရရှိနေမှုနှင့်စပ်လျဉ်း၍ သတင်းထောက် များက မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
Sunday, March 19, 2023
ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ခြင်း
Anadolu Agency; Mar-19(Sun)
ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ဥရောပသမဂ္ဂ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ရရှိထားသည့် ပုံမှန်ဆက်ဆံရေးတည်ဆောက်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် သဘောတူညီချက်တစ်ရပ်အား ရရှိခဲ့ကြောင်း Anadolu Agency သတင်း ဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) နှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့သည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၊ အောရစ် (Ohrid) မြို့တွင် ၁၂ နာရီကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အထက်ပါကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် သဘောတူညီချက်တွင် ပါဝင်သည့်အချက်များအပေါ် အပြည့်အဝလိုက်နာရန်နှင့် သက်ဆိုင်ရာတာဝန်များကိုလည်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက်ဘော်ရယ် (Josep Borrell) က ပြောကြားခဲ့ပါသည်။
ကိုဆိုဗိုနှင့် ဆားဘီးယားတို့သည် ဥရောပသမဂ္ဂ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ရရှိထားသည့် ပုံမှန်ဆက်ဆံရေးတည်ဆောက်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် သဘောတူညီချက်တစ်ရပ်အား ရရှိခဲ့ကြောင်း Anadolu Agency သတင်း ဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) နှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့သည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၊ အောရစ် (Ohrid) မြို့တွင် ၁၂ နာရီကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အထက်ပါကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် သဘောတူညီချက်တွင် ပါဝင်သည့်အချက်များအပေါ် အပြည့်အဝလိုက်နာရန်နှင့် သက်ဆိုင်ရာတာဝန်များကိုလည်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက်ဘော်ရယ် (Josep Borrell) က ပြောကြားခဲ့ပါသည်။
Saturday, March 18, 2023
ငလျင်ဒဏ်ခံခဲ့ရသည့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံများသို့ ကူညီထောက်ပံ့ရေးပစ္စည်း ၇,၃၆၇ တန် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း UAE အစိုးရက ပြောကြားခဲ့ခြင်း
ငလျင်ဒဏ်ခံခဲ့ရသည့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံများသို့ ကူညီထောက်ပံ့ရေး ဆိုင်ရာပစ္စည်း ၇,၃၆၇ တန် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အစိုးရက မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်း ဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါကူညီထောက်ပံ့ရေးပစ္စည်းများအား ကုန်တင်လေယာဉ်ပေါင်း ၂၃၀ စီးနှင့် ကုန်တင်သင်္ဘောတစ်စီးအားအသုံးပြု၍ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း UAE အစိုးရက ပြောကြားထားပါသည်။ UAE နိုင်ငံအနေဖြင့် ငလျင်ဒဏ်ခံခဲ့ရသည့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံများသို့ အကူအညီများပေးအပ်နိုင်ရန် အတွက် Chivalrous Knight 2 အမည်ရှိ အကူအညီပေးအပ်ရေးဆိုင်ရာ အစီအစဉ် တစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆော်ဒီ-တူကီယဲ စီးပွားရေးဖိုရမ်တွင် နယ်ပယ် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း
မတ်လ ၁၉ ရက်က ကျင်းပသည့် ဆော်ဒီ-တူကီယဲ စီးပွားရေးဖိုရမ်တွင် နယ်ပယ် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။ နှစ်နိုင်ငံစီးပွားရေးကုမ္ပဏီပေါင်း ၄၅၀ ကျော် တက်ရောက်ခဲ့သည့် အဆိုပါဖိုရမ်သို့ ဆော်ဒီကုန်သွယ်ရေးဝန်ကြီး မာဂျစ်ဘင်အဗ္ဗဒူလာအယ်လ်ကာဆာဘီ (Majid Bin Abdullah Al Qasabi) နှင့် တူကီယဲကုန်သွယ်ရေးဝန်ကြီး မဲဟ်မက်မတ်စ် (Mehmet Mus) တို့ တက်ရောက်ခဲ့ကြပါသည်။ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သုံးခုအပါအဝင် အနည်းဆုံး သဘောတူညီချက် ၈ ခု လက်မှတ်ရေးထိုး ခဲ့ကြပြီး နောက်ထပ်သဘောတူညီချက်များလည်း ပိုမိုရရှိလာနိုင်ကြောင်း ဆော်ဒီသတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။
Friday, March 17, 2023
တူကီယဲ-အီဂျစ်မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ခြင်း
Anadolu Agency; Mar-18 (Sat)
တူကီယဲ-အီဂျစ် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအား အမြင့်ဆုံးအဆင့် အထိ တတ်နိုင်သမျှ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရို (Cairo) ၌ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်း ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ပါလက်စတိုင်းအရေး၊ အကြမ်းဖက် ဝါဒ၊ လက်ရှိ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတို့နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ် ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါ သည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံတိုးတက်ကောင်းမွန်မှုများ ပြန်လည်ဖြစ်ပေါ်လာစေရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း ကာဗူဆိုဂလူက ဆက်လက်ပြောကြားခဲ့ပါသည်။
တူကီယဲ-အီဂျစ် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအား အမြင့်ဆုံးအဆင့် အထိ တတ်နိုင်သမျှ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရို (Cairo) ၌ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်း ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ပါလက်စတိုင်းအရေး၊ အကြမ်းဖက် ဝါဒ၊ လက်ရှိ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတို့နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ် ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါ သည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံတိုးတက်ကောင်းမွန်မှုများ ပြန်လည်ဖြစ်ပေါ်လာစေရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း ကာဗူဆိုဂလူက ဆက်လက်ပြောကြားခဲ့ပါသည်။
တူကီယဲအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို မတ်လ ၁၈ ရက်မှစတင်၍ မေလ ၁၃ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ခြင်း
မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် တူကီယဲနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို မတ်လ ၁၈ ရက်မှစတင်၍ မေလ ၁၃ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သမ္မတကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုကို မတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တူကီယဲရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားပါသည်။ ထို့ပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မတ်လ ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ပြီးနောက်မှသာ သမ္မတကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာအမိန့်တစ်ရပ်ကို မတ်လ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
တူကီယဲသမ္မတသည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ခွင့်ရရှိရေးကိစ္စအပေါ် သံတမန်ရေးနည်းလမ်းအရ နှောင့်နှေးကြန့်ကြာစေသည့် ဆောင်ရွက်မှုများကို အဆုံးသတ်ခဲ့ခြင်း
တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ခွင့်ရရှိရေးကိစ္စရပ်အပေါ် သံတမန်ရေးနည်းလမ်း များအရ နှောင့်နှေးကြန့်ကြာစေခဲ့သည့် ဆောင်ရွက်နေမှုများကို မတ်လ ၁၇ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း GMA Network သတင်းဌာနက မတ်လ ၁၈ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ထို့ပြင် တူကီယဲလွှတ်တော်အနေဖြင့်လည်း NATO အဖွဲ့သို့ ဖင်လန်နိုင်ငံ ဝင်ရောက်ရေးကိစ္စရပ်ကို အမြန်ဆုံးအတည်ပြုထောက်ခံပေးရန် အာဒိုဂန်က တိုက်တွန်း ပြောကြားခဲ့ပါသည်။ အလားတူ ဟန်ဂေရီနိုင်ငံသည်လည်း မတ်လ ၂၇ ရက်တွင် NATO အဖွဲ့သို့ ဖင်လန်နိုင်ငံဝင်ရောက်ရေးကိစ္စရပ်ကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ဖင်လန်နိုင်ငံသည် လာမည့်လအနည်းငယ်အတွင်း NATO အဖွဲ့၏ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
Thursday, March 16, 2023
တူကီယဲနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ခြင်း
Anadolu Agency; Mar-16(Tue)
အမေရိကန်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကာလရှည် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကို ထိန်းသိမ်းလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က မတ်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လွိုက်အော်စတင်အနေဖြင့် တူကီယဲနိုင်ငံ၏ အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်များ ဝယ်ယူရန်တောင်းဆိုမှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အော်စတင်သည် တူကီယဲ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုရန် ငြင်းဆိုခဲ့သည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော တူကီယဲနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ F-16 တိုက်လေယာဉ် အစီး ၄၀ နှင့် ၎င်းတို့၏ တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ရေး အတွက် အဆင့်မြှင့်တင်ရေးကိရိယာ ၈၀ ခု ဝယ်ယူရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ အတွင်းက တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ဦးဆောင်သော အမေရိကန်အစိုးရသည် တူကီယဲနိုင်ငံသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုနှင့်စပ်လျဉ်း၍ ဇန်နဝါရီလတွင် လွှတ်တော်၌ အလွတ်သဘောအတည်ပြုခဲ့ပါသည်။ သို့သော်လည်း ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအတွက် တူကီယဲနိုင်ငံ၏ အတည်ပြုချက်မှာ ရေရာမှုမရှိသောကြောင့် အဓိကအမတ်အများစုအနေဖြင့် တူကီယဲ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချမည့်သဘောတူညီချက်ကို အခိုင်အမာငြင်းဆိုရန် ကြွေးကြော်ခဲ့ကြောင်း သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
Wednesday, March 15, 2023
တူကီယဲသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်လွှတ်တော်အမတ်အချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
တူကီယဲသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ (Washington D.C) သို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်လွှတ်တော်အမတ်အချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံကိစ္စရပ်များနှင့် ဒေသတွင်းကိစ္စရပ်များအပါအဝင် ငလျင်ဘေးဒဏ်သင့်ခဲ့သော တူကီယဲနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များအပေါ်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ကာလင်သည် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန် (Victoria Nuland) တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
တူကီယဲသည် ရုရှားနှင့် ယူကရိန်းအကြား ကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ကို ရက်ပေါင်း ၁၂၀ ခန့် ထပ်မံသက်တမ်းတိုးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဆိုခြင်း
တူကီယဲနိုင်ငံသည် ရုရှားနှင့် ယူကရိန်းအကြား ကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ကို ရက်ပေါင်း ၁၂၀ ခန့် ထပ်မံသက်တမ်းတိုးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Turkish Minute သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်တွင် ပါဝင်သည့်နိုင်ငံများသည် ထိုကဲ့သို့သက်တမ်းတိုးနိုင်ရေးအတွက် အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် ကုလသမဂ္ဂကျောထောက်နောက်ခံ ပြုထားသည့် အဆိုပါသဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် တူကီယဲ နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုမေးနီးယားနှင့် အမေရိကန်တို့သည် (၈) ကြိမ်မြောက် မဟာဗျူဟာဆိုင်ရာ ဆွေးနွေးမှုအား ကျင်းပပြုလုပ်ခဲ့ခြင်း
Stiripesurse; Mar-15(Wed)
ရိုမေးနီးယားနှင့် အမေရိကန်အစိုးရတို့သည် နှစ်နိုင်ငံအကြား (၈) ကြိမ်မြောက် မဟာဗျူဟာဆိုင်ရာဆွေးနွေးမှုအား ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက် (Bucharest) မြို့၌ မတ်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်တစ်စောင်အား အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဥရောပနှင့် ဗဟိုအာရှအကြား မဟာဗျူဟာဆက်သွယ်မှုတစ်ရပ်အဖြစ် ပင်လယ်နက်ဒေသ၏ အလားအလာများ အပြည့်အဝ ရရှိစေရန် ခွင့်ပြုပေးခြင်းအပါအဝင် အနာဂတ်ကာလအတွင်း မည်သည့်ရန်လိုမှုများကိုမဆို တားဆီးရာတွင် အတ္တလန္တိတ်ဖြတ်ကျော်စည်းလုံးညီညွတ်မှု၏အရေးပါမှုကို အဓိကအချက် အဖြစ် ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ မဟာဗျူဟာရေးရာအတွင်းဝန် ယူလီယန်ဖိုတာ (Iulian Fota) နှင့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒါရက်ဟိုဂန် (Dereck Hogan) တို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ရိုမေးနီးယားနှင့် အမေရိကန်အစိုးရတို့သည် နှစ်နိုင်ငံအကြား (၈) ကြိမ်မြောက် မဟာဗျူဟာဆိုင်ရာဆွေးနွေးမှုအား ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက် (Bucharest) မြို့၌ မတ်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်တစ်စောင်အား အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဥရောပနှင့် ဗဟိုအာရှအကြား မဟာဗျူဟာဆက်သွယ်မှုတစ်ရပ်အဖြစ် ပင်လယ်နက်ဒေသ၏ အလားအလာများ အပြည့်အဝ ရရှိစေရန် ခွင့်ပြုပေးခြင်းအပါအဝင် အနာဂတ်ကာလအတွင်း မည်သည့်ရန်လိုမှုများကိုမဆို တားဆီးရာတွင် အတ္တလန္တိတ်ဖြတ်ကျော်စည်းလုံးညီညွတ်မှု၏အရေးပါမှုကို အဓိကအချက် အဖြစ် ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ မဟာဗျူဟာရေးရာအတွင်းဝန် ယူလီယန်ဖိုတာ (Iulian Fota) နှင့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒါရက်ဟိုဂန် (Dereck Hogan) တို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
Tuesday, March 14, 2023
တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး တို့သည်တယ်လီဖုန်းမှတစ်ဆင့် ဆွေနွေးခဲ့ခြင်း
တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး အင်နီကန်ဟူဖတ် (Anniken Huitfeldt) တို့သည် NATO တပ်ဖွဲ့၏ အင်အားပိုမိုကြီးထွားလာစေရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း Yenisafak သတင်းဌာနက မတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်လအတွင်း တူကီယဲနိုင်ငံတောင်ပိုင်းဒေသများတွင် ငလျင်လှုပ်ခတ် ခဲ့မှုကြောင့် ပြည်သူ ၄၈,၄၀၀ ဦးခန့် သေဆုံးခဲ့ရပြီးနောက် နော်ဝေနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း မက်ဗလက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာနိုင်ငံတို့တွင် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Monday, March 13, 2023
မော်ဒိုဗာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအား ရဲတပ်ဖွဲ့က ထိန်းသိမ်းလျက်ရှိခြင်း
Reuters; Mar-13(Mon)
မော်ဒိုဗာနိုင်ငံတွင် ဥရောပလိုလားသည့် သမ္မတ မိုင်ရာဆန်ဒူ (Maia Sandu) အား ကန့်ကွက်ရှုတ်ချသည့်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မတ်လ ၁၂ ရက်တွင် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူထောင်ပေါင်းများစွာအား အစိုးရရုံးများနှင့် ဝေးရာသို့ ဖယ်ရှား ခဲ့ကြောင်း Reuters သတင်းဌာနက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆန္ဒပြမှုများသည် ယူကရိန်းပဋိပက္ခဖြစ်ပွားမှုအတွင်း ဒုံးကျည်များ မော်ဒိုဗာနယ်စပ် အနီးသို့ ကျော်လွန်ကျရောက်ခဲ့ပြီးနောက် အန္တရာယ်ကျရောက်တော့မည့်အခြေအနေ ဖြစ်ကြောင်း သတိပေးချက်အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြမှုဖြစ်စဉ်အတွင်း အများပြည်သူလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများဖောက်ဖျက်မှုဖြင့် လူ ၅၄ ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း ထားပြီး ဆန္ဒပြသူများကိုလည်း မြို့တော်အတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ် ထားပါသည်။
Saturday, March 11, 2023
တူကီယဲရွေးကောက်ပွဲကော်မရှင်သည် မေလ ၁၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ခြင်း
တူကီယဲရွေးကောက်ပွဲကော်မရှင်သည် လာမည့် မေလ ၁၄ ရက်တွင် သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း NHK သတင်းဌာနက မတ်လ ၁၂ ရက်တွင် ဖော်ပြထားပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လာမည့် ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိပြီး ဖေဖော်ဝါရီလ ၆ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ရှင် ကျန်ရစ်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာမည့်သမ္မတသက်တမ်း အတွင်း အရှိန်မြှင့်တင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားပါသည်။ သို့သော်လည်း အတိုက်အခံပါတီများသည် မြေငလျင်လှုပ်ခတ်မှုအတွင်း ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ လက်ရှိအစိုးရကို ပြစ်တင်ဝေဖန်လျက်ရှိပြီး အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲပေးရန် တောင်းဆို ထားရှိကြောင်း သိရှိရပါသည်။
Thursday, March 9, 2023
ဟန်ဂေရီအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ် သွားမည်ဖြစ်ခြင်း
ဟန်ဂေရီနိုင်ငံအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လာမည့်သီတင်းပတ်တွင် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ် သွားမည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ရုံးဝန်ကြီး ဂါဂျလီဂူလီလက်စ် (Gergely Gulyas) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မတ်လ ၁၀ ရက်တွင် ဖော်ပြထားပါသည်။ ဟန်ဂေရီအစိုးရအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံ တို့ရှိ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးရန်စေလွှတ်ခဲ့သည့် ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာရရှိပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအရ ထောက်ခံထားကြောင်း ဂူလီလက်စ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Wednesday, March 8, 2023
အဇာဘိုင်ဂျန်နှင့်ဟန်ဂေရီတို့သည် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးခဲ့ခြင်း
Azertac; Mar-9(Thu)
အဇာဘိုင်ဂျန်စီးပွားရေးဝန်ကြီး မစ်ခေးလ်ဂျက်ဘားရပ် (Mikayil Jabbarov) နှင့် ဟန်ဂေရီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မာတွန်နက်ဂီ (Marton Nagy) တို့သည် မတ်လ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု Azertac သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံဝန်ကြီးများသည် အဇာဘိုင်ဂျန်-ဟန်ဂေရီ မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
အဇာဘိုင်ဂျန်နှင့် ဟန်ဂေရီတို့အကြား ဆက်ဆံရေးပိုမိုအားကောင်းလာစေရန် အတွက် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် အခြားနယ်ပယ်များတွင် အခွင့်အလမ်းကောင်း များကို လုပ်ဆောင်နေကြောင်း နှစ်နိုင်ငံဝန်ကြီးများက ပြောကြားခဲ့ပါသည်။ အဇာဘိုင်ဂျန်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဥရောပ၏ စွမ်းအင်ဖူလုံရေးစီမံကိန်းများ၏ အရေးပါမှုကို မာတွန်နက်ဂီက ပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးချဲ့ခြင်းများအပေါ် ၎င်း၏အမြင်များကို မျှဝေခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
Ref; Azerbaijan,Hungary,discuss investment opportunities in financial sector
အဇာဘိုင်ဂျန်စီးပွားရေးဝန်ကြီး မစ်ခေးလ်ဂျက်ဘားရပ် (Mikayil Jabbarov) နှင့် ဟန်ဂေရီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မာတွန်နက်ဂီ (Marton Nagy) တို့သည် မတ်လ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု Azertac သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံဝန်ကြီးများသည် အဇာဘိုင်ဂျန်-ဟန်ဂေရီ မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
အဇာဘိုင်ဂျန်နှင့် ဟန်ဂေရီတို့အကြား ဆက်ဆံရေးပိုမိုအားကောင်းလာစေရန် အတွက် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် အခြားနယ်ပယ်များတွင် အခွင့်အလမ်းကောင်း များကို လုပ်ဆောင်နေကြောင်း နှစ်နိုင်ငံဝန်ကြီးများက ပြောကြားခဲ့ပါသည်။ အဇာဘိုင်ဂျန်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဥရောပ၏ စွမ်းအင်ဖူလုံရေးစီမံကိန်းများ၏ အရေးပါမှုကို မာတွန်နက်ဂီက ပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးချဲ့ခြင်းများအပေါ် ၎င်း၏အမြင်များကို မျှဝေခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
Ref; Azerbaijan,Hungary,discuss investment opportunities in financial sector
တူကီယဲ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်ကောင်းများ ရရှိခဲ့သည်ဆိုခြင်း
Anadolu Agency; Mar-9(Thu)
တူကီယဲ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ရေရှည်ခိုင်မာသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ယန္တရားတစ်ရပ် တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည့် အပြင် အဆိုပါမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း NATO အဖွဲ့က မတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။ ထို့ပြင် လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗွီနီးယက်စ် (Vilnius) ၌ ဇူလိုင်လတွင် ပြုလုပ်မည့် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ၎င်းတို့သုံးနိုင်ငံအကြား ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း လည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် တူကီယဲ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ရေးမကြုံစဖူးခြေလှမ်းများကို စတင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်သည် အဖွဲ့ဝင်မဟာမိတ်နိုင်ငံအားလုံးအတွက် ဗွီနီးယက်စ် မြို့၌ပြုလုပ်မည့် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဖွဲ့ဝင်သစ်လက်ခံမည့် အတည်ပြုရေး လုပ်ငန်းစဉ်ကိုအပြီးသတ်၍ ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့ကို အဖွဲ့ဝင်သစ်များအဖြစ် ကြိုဆို ရမည့်အချိန်ဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားထားပါသည်။
လက်ရှိသုံးနိုင်ငံဆွေးနွေးမှုအတွင်း သက်ဆိုင်ရာကိုယ်စားလှယ်များသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်မူကြမ်းကို အကောင်အထည်ဖော်နိုင်စေရေးအတွက် ခိုင်မာသည့်ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်မူကြမ်းတွင် သဘောတူညီ ခဲ့ကြသည့် ကိစ္စရပ်များမှာ သုံးနိုင်ငံအကြား လက်နက်တင်ပို့မှုကန့်သတ်ချက်များ မထားရှိရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာ တိုးမြှင့်ရေးတို့ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဆွီဒင်နိုင်ငံသည် PKK အကြမ်းဖက် အဖွဲ့အပါအဝင် အကြမ်းဖက်မှုဆန့်ကျင်ရေးတင်းကျပ်သည့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ် ကြောင်း NATO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားပါသည်။ အထက်ပါ သဘောတူညီချက်မူကြမ်းကို တူကီယဲ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို ဖြေရှင်း ဆောင်ရွက်ပေးရေးနှင့်ပတ်သက်၍ စပိန်နိုင်ငံ၊ မြို့တော် မတ်ဒရစ် (Madrid) ၌ပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင် ၃၀ ရှိသည့် NATO အဖွဲ့သို့ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ ဝင်ရောက်ရေးနှင့်ပတ်သက်၍ တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့ကသာ အတည်မပြုသေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုအတွက် လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုပြုလုပ်မည်ဆိုခြင်း
Anadolu Agency; Mar-9(Thu)
ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပုံမှန်ဆက်ဆံမှုပြန်လည်တည်ဆောက်ရေး အတွက် ဥရောပသမဂ္ဂ (Europern Union-EU) ၏ ကမကထပြုမှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်အား လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုပြုလုပ် သွားမည်ဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က မတ်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအား မြောက်မက်ဆီဒိုးနီးယား နိုင်ငံ၊ အော်ရစ် (Ohrid) မြို့၌ မတ်လ ၁၈ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအစီအစဉ်တွင် မည်သည့်အချက်များ ထည့်သွင်း ဆွေးနွေးသွားမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကာတီက ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် ကာတီနှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့အကြား တွေ့ဆုံဆွေးနွေးမှုပြီးနောက် ပုံမှန်ဆက်ဆံရေး တည်ဆောက်မှု အဆိုပြုချက်အား လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြကြောင်း EU က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကြေညာခဲ့ပါသည်။
တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့ ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဆွေးနွေးသွားမည်ဆိုခြင်း
China.org; Mar-9(Thu)
ရုရှား၊ တူကီယဲ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး များအနေဖြင့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပုံမှန်မိတ်ဖက်ဆက်ဆံမှု ပြန်လည် ထူထောင်နိုင်ရန်အတွက် လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ တွေ့ဆုံဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာ ဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ် ရောက်ရှိနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir-Abdollahian) နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပြန်လည် သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲများသို့ အီရန်နိုင်ငံအား ဖိတ်ခေါ်ကြောင်းနှင့် အီရန်နိုင်ငံမှ ပူးပေါင်းပါဝင်ရန် မျှော်လင့်ကြောင်း ကာဗူဆိုဂလူက ထည့်သွင်းပြောကြားခဲ့ပါသည်။
ရုရှား၊ တူကီယဲ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး များအနေဖြင့် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပုံမှန်မိတ်ဖက်ဆက်ဆံမှု ပြန်လည် ထူထောင်နိုင်ရန်အတွက် လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ တွေ့ဆုံဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာ ဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ် ရောက်ရှိနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒူလာဟီရန် (Hossein Amir-Abdollahian) နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ပြန်လည် သင့်မြတ်ရေးဆိုင်ရာဆွေးနွေးပွဲများသို့ အီရန်နိုင်ငံအား ဖိတ်ခေါ်ကြောင်းနှင့် အီရန်နိုင်ငံမှ ပူးပေါင်းပါဝင်ရန် မျှော်လင့်ကြောင်း ကာဗူဆိုဂလူက ထည့်သွင်းပြောကြားခဲ့ပါသည်။
ပိုလန်နှင့် ဆလိုဗက်ကီးယားတို့သည် ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့သွားရန်အသင့်ရှိခြင်း
ပိုလန်နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့အနေဖြင့် ယူကရိန်းသို့ ဆိုဗီယက်လုပ် MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့သွားရန်အသင့်ရှိကြောင်းနှင့် မဟာမိတ်နိုင်ငံများ အနေဖြင့်လည်း ၎င်းတို့နည်းတူ ဂျက်တိုက်လေယာဉ်များထောက်ပံ့ပေးရန် တိုက်တွန်း ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Foxnews သတင်းဌာနက မတ်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းပြည်သူများသေဆုံးနေရကြောင်းနှင့် ၎င်းတို့ကိုကူညီရန်အတွက် အဆိုပါဆုံးဖြတ်ချက်ကို ချရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ဂျရိုစလဗ်နဒ် (Jaroslav Nad) က ၎င်း၏ လူမှုကွန်ရက်၌ မတ်လ ၉ ရက်တွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အလားတူ ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ရန်အသင့်ရှိကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က မတ်လ ၈ ရက်တွင် CNN သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ရိုမေးနီးယားသမ္မတသည် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲခြင်း
ရိုမေးနီးယားသမ္မတ ကလော့စ်လိုဟန်နစ် (Klaus Werner Iohannis) သည် စင်ကာပူသမ္မတ ဟာလီမာယာကော့ဘ် (Halimah Yacob) ၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ မတ်လ ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်လျက်ရှိကြောင်း Straitstimes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု၏ ၅၅ နှစ်ပြည့်အထိမ်းအမှတ်လည်းဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ သမ္မတ လိုဟန်နစ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဘော့ဒန်အူရက်စ်ကူ (Bogdan Aurescu) နှင့် ရိုမေးနီးယား သမ္မတရုံးမှ အဆင့်မြင့်တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။ ခရီးစဉ်တွင် သမ္မတ လိုဟန်နစ်သည် စင်ကာပူသမ္မတ ဟာလီမာယာကော့ဘ်နှင့် ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) တို့အား တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးသည် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိခြင်း
ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbigniew Rau) သည် တောင်ကိုရီးယားနိုင်ငံသို့ မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ သွားရောက်ရန် စီစဉ်လျက် ရှိကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၉ ရက်တွင် ပြောကြား ခဲ့ပါသည်။ ခရီးစဉ်အတွင်း လက်ရှိပထဝီနိုင်ငံရေးအခြေအနေအပေါ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနှင့် အခြားသောဆိုင်းငံ့ထားသည့်ကိစ္စရပ်များအပေါ် ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဒေသတွင်း နိုင်ငံရေးအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ် များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်ဂျင် (Park Jin) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Tuesday, March 7, 2023
ဂရိနိုင်ငံတွင် ရထား ၂ စီး တိုက်မိမှုဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိခြင်း
Digital Journal; Mar-8(Wed)
ဂရိနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် မီးရထား ၂ စီး တိုက်မိမှု ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ မတ်လ ၈ ရက်တွင် နိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း Digital Journal သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆန္ဒပြမှု များတွင် ဆရာဝန်များ၊ ကျောင်းဆရာ/ဆရာမများ၊ ယာဉ်မောင်းများနှင့် အစိုးရဝန်ထမ်းများ ပါဝင်ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြထားပါသည်။ ဂရိနိုင်ငံ၊ လာရစ်ဆာ (Larissa) မြို့အနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်၌ ကုန်တင်မီးရထား ၁ စီးနှင့် ကျောင်းသား/သူ အများစုလိုက်ပါလာသည့် ခရီးသည်တင်မီးရထား ၁ စီးတို့ ခေါင်းချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် စုစုပေါင်း လူ ၅၇ ဦးသေဆုံးခဲ့ပြီး ၈၅ ဦး ဒဏ်ရာရှိခဲ့ကာ ၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းဌာနများက ဖော်ပြထားပါသည်။
၎င်းကဲ့သို့ မီးရထား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိမှုနှင့်ပတ်သက်၍ ဂရိအစိုးရက လာရစ်ဆာဘူတာရုံးအကြီးအကဲအား တာဝန်ပေါ့ဆမှုဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သယ်ယူပို့ဆောင်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်ခဲ့သည့်အပြင် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotaki) ကလည်း ၎င်းဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများ၏ မိသားစုဝင်များအား တောင်းပန်မှုပြုလုပ်ခဲ့ပါသည်။ သို့သော် ဂရိအစိုးရ၏ မီးရထားကဏ္ဍနှင့်ပတ်သက်၍ စီမံ ခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းမရှိမှုတို့နှင့် ပတ်သက်၍ ဂရိပြည်သူများ၏ မကျေနပ်မှုများ မြင့်တက်လျက်ရှိကြောင်း သတင်းဌာန များ၏ ဖော်ပြချက်အရ သိရှိရပါသည်။
တူကီယဲနှင့် ဘရူနိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဆိုခြင်း
TRT World; Mar-8(Wed)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုခီးယား (Hassanal Bolkiah) တို့သည် မတ်လ ၇ ရက်တွင် အာဆီယံနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြောင်း TRT World သတင်းဌာနက မတ်လ ၈ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်း၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစ္စလာမ်ဉပဒေများနှင့်အညီဆောင်ရွက်သည့် ဘဏ္ဍာရေးဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုခီးယား (Hassanal Bolkiah) တို့သည် မတ်လ ၇ ရက်တွင် အာဆီယံနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြောင်း TRT World သတင်းဌာနက မတ်လ ၈ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်း၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစ္စလာမ်ဉပဒေများနှင့်အညီဆောင်ရွက်သည့် ဘဏ္ဍာရေးဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။
Monday, March 6, 2023
တူကီယဲအတိုက်အခံများသည် လာမည့်သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးရွေးချယ်ခဲ့ခြင်း
WION; Mar-7(Tue)
တူကီယဲအတိုက်အခံပါတီများသည် လာမည့်ရွေးကောက်ပွဲတွင် သမ္မတလောင်း အဖြစ် ဝင်ရောက်ရွေးကောက်ခံမည့် ပုဂ္ဂိုလ်အားရွေးချယ်ရန် မတ်လ ၆ ရက်တွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ခမဲလ်ကီလစ်ဒါအိုဂလူ (Kemal Kilicdaroglu) ကို ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပါသည်။ ခမဲလ်သည် အဓိက အတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (Republican People's Party-CHP) ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ကာ ၎င်းအား အတိုက်အခံပါတီများက ရွေးကောက်ခံသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေးခေါင်းဆောင် မဟတ္တမဂန္ဒီနှင့်နှိုင်းယှဉ်၍ "ဂန္ဒီခမဲလ်" သို့မဟုတ် "တူကီယဲဂန္ဒီ" ဟု လူသိများသော ခမဲလ်သည် လက်ရှိသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့်ယှဉ်၍ ပြည်သူများအပေါ် အမြင်သစ်များ ပေးအပ်မည်ဖြစ်ပါသည်။
တူကီယဲအတိုက်အခံပါတီများသည် လာမည့်ရွေးကောက်ပွဲတွင် သမ္မတလောင်း အဖြစ် ဝင်ရောက်ရွေးကောက်ခံမည့် ပုဂ္ဂိုလ်အားရွေးချယ်ရန် မတ်လ ၆ ရက်တွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ခမဲလ်ကီလစ်ဒါအိုဂလူ (Kemal Kilicdaroglu) ကို ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပါသည်။ ခမဲလ်သည် အဓိက အတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (Republican People's Party-CHP) ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ကာ ၎င်းအား အတိုက်အခံပါတီများက ရွေးကောက်ခံသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေးခေါင်းဆောင် မဟတ္တမဂန္ဒီနှင့်နှိုင်းယှဉ်၍ "ဂန္ဒီခမဲလ်" သို့မဟုတ် "တူကီယဲဂန္ဒီ" ဟု လူသိများသော ခမဲလ်သည် လက်ရှိသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့်ယှဉ်၍ ပြည်သူများအပေါ် အမြင်သစ်များ ပေးအပ်မည်ဖြစ်ပါသည်။
ဟန်ဂေရီနိုင်ငံဆိုင်ရာ ကာဂျစ်ကစ္စတန်သံအမတ်ကြီးက ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း
ဟန်ဂေရီနိုင်ငံဆိုင်ရာ ကာဂျစ်ကစ္စတန်သံအမတ်ကြီး တာလန်ဘက်ခ် ကုစကော့ဘီကော့ဗ် (Talantbek Kushcubekov) သည် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပညာရေး၊ ပညာသင်ဆုအစီအစဉ်များနှင့် သိပ္ပံဒီပလိုမာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မီခ်လိုစ်လန်ရဲလ် (Miklós Lengyel) နှင့် တွေ့ဆုံခဲ့ကြောင်း AKI Press သတင်းဌာနက မတ်လ ၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် Stipendium Hungaricum အစီအစဉ်၌ ကာဂျစ်ကစ္စတန်မှ ကျောင်းသားများပါဝင်နိုင်မှုအပါအဝင် ပညာရေးနှင့် သိပ္ပံဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သံအမတ်ကြီး ကုစကော့ ဘီကော့ဗ်အနေဖြင့် ပညာရေး၊ ရှေ့ရေးအလားအလာနှင့် စီမံကိန်းများတွင် လက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Sunday, March 5, 2023
အက်စတိုးနီးယားလွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးပါတီက အနိုင်ရရှိခဲ့ခြင်း
အက်စတိုးနီးယားနိုင်ငံ၌ မတ်လ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲတွင် အက်စတိုးနီးယားဝန်ကြီးချုပ် ကာဂျာကယ်လက်စ် (Kaja Kallas) ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးပါတီ (Reform Party) က အနိုင်ရရှိခဲ့ကြောင်း Xinhua သတင်းဌာနက မတ်လ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကယ်လက်စ်ဦးဆောင် သည့် ပြုပြင်ပြောင်းလဲရေးပါတီသည် လူထုဆန္ဒမဲ ၃၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အက်စတိုးနီးယားနိုင်ငံတွင် လွှတ်တော်အမတ် ၁၀၁ ဦးရှိသည့် လွှတ်တော် တစ်ရပ်သာရှိကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် တူကီယဲနှင့် ဆီးရီးယားတို့အား ထိခိုက်ခဲ့ခြင်း
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အား ထိခိုက်စေခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံခန့်တန်ဖိုးရှိကြောင်း ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ လတ်တလောဆန်းစစ်လေ့လာရေးအစီရင်ခံစာက ဖော်ပြထားပါသည်။ လတ်တလော ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ GDP ၏ ၁၀ ရာခိုင်နှုန်းရှိပြီး ပြည်သူ ၁၀ သန်းခန့်နေထိုင်သည့် အုပ်ချုပ်မှုနယ်မြေ ၄ ခုအား ထိခိုက်စေခဲ့ပါသည်။ အဆိုပါတွက်ချက်မှုတန်ဖိုးများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သွားခဲ့မှုများ၊ စီးပွားရေးလုပ်ငန်းများ ရပ်တန့်မှုကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများ၊ ဝင်ငွေရပ်တန့်သွားမှုများ၊ ယာယီအိုးအိမ်ထူထောင်ပေးရာတွင် ကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိဘဲ ပိုမိုတိကျသည့် ဆုံးရှုံးမှုပမာဏကို တွက်ချက်နိုင်ရန် အသေးစိတ်လေ့လာဆန်းစစ်မှုများ လိုအပ်နေသေးကြောင်း သိရှိရပါသည်။
Friday, March 3, 2023
ယူအေအီးနှင့် တူကီယဲတို့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
ယူအေအီးနှင့် တူကီယဲနိုင်ငံတို့သည် မတ်လ ၃ ရက်တွင် နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယူအေအီးသမ္မတ မိုဟာမက်ဘင်ဇာရတ်အယ်လ်နာရန် (Sheikh Mohamed bin Zayed Al-Nahyan) က မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြား ဒေသတွင်းအငြင်းပွားမှုများမှတစ်ဆင့် ကာလရှည်ကြာ တင်းမာနေသည့်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယူအေအီးသမ္မတက ပြောကြားထားပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဘက်ပေါင်းစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ယူအေအီးနှင့် တူကီယဲနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းလာစေနိုင်သည်ဟု ယူအေအီးသမ္မတက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
ဆားဘီးယားသည် ယူကရိန်းအပါအဝင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ် နိုင်သည့် မည်သည့်နိုင်ငံကိုမဆို စစ်လက်နက်ပစ္စည်းများ ပေးပို့မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း
ဆားဘီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံအပါအဝင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ် လိမ့်မည်ဟု ယုံကြည်ထားသည့် မည်သည့်နိုင်ငံကိုမဆို ၎င်းတို့၏ စစ်လက်နက်ပစ္စည်း များကို ပေးပို့မည်မဟုတ်ကြောင်း ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး အိုင်ဗီကာဒက်ဆစ်ခ် (Ivica Dacic) က ပြောကြားခဲ့သည်ဟု Fox သတင်းဌာနက မတ်လ ၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထောင်ပေါင်း များစွာကို တူကီယဲနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာခဲ့ခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ မဟာမိတ်ဆားဘီးယား နိုင်ငံအား တရားဝင်ရှင်းလင်းချက်ပြုလုပ်ရန် မတ်လ ၂ ရက်တွင် တောင်းဆိုခဲ့ပြီးနောက် ဒက်ဆစ်ခ်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ယူကရိန်း နိုင်ငံသည် တတိယနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ စစ်လက်နက်များကို ရရှိနိုင်ဖွယ်ရှိသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆားဘီးယားအစိုးရအနေဖြင့် ရှင်းလင်းရန် ချန်လှပ်ခဲ့သည်ဟု သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
ပိုလန်သည် တောင်ကိုရီးယားနိုင်ငံမှ K2 တင့်ကား အစီး ၁,၀၀၀ ဝယ်ယူရန် သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးထားခဲ့ခြင်း
ပိုလန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံမှ K2 တင့်ကား အစီး ၁,၀၀၀ ဝယ်ယူရန် သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးထားခဲ့ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီး မာရွတ်ဇ်ဘလက်ဇ် (Maris Blaizik) က ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံအနေဖြင့် ၎င်းတင့်ကား ၁,၀၀၀ စီးအနက် တင့်ကား ၁၈၀ စီးအား တောင်ကိုရီးယားနိုင်ငံထံမှ တိုက်ရိုက်ဝယ်ယူသွားမည်ဖြစ်ပါသည်။ ကျန်ရှိသည့် ၈၂၀ စီး အား နိုင်ငံတွင်း၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပိုလန်နိုင်ငံရှိ တင့်ကားထုတ်လုပ်သည့် Pozan စစ်လက်နက်ပစ္စည်းစက်ရုံသို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း မာရွတ်ဇ် ဘလက်ဇ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Thursday, March 2, 2023
ဂရိနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့ တိုက်မိခဲ့သည့် အကြောင်းအရင်းကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ရန် ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ခြင်း
ဂရိပြည်သူများသည် နိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့သည့် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့ တိုက်မိခဲ့သည့် အကြောင်း အရင်းကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ရန် ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြောင်း NHK သတင်း ဌာနက မတ်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် သေဆုံးသူဦးရေတိုးပွားလာနိုင် သည့်အပေါ် ဒေသခံအာဏာပိုင်များက စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဂရိနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကိုစတက်ခါရာမန်းလစ် (Kostas Karamanlis)သည် ၎င်း၏ ရာထူးမှနုတ်ထွက်ခဲ့ ကြောင်း သိရှိရပါသည်။
Wednesday, March 1, 2023
ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ခြင်း
Foxnews; Mar-2(Thu)
ဂရိနိုင်ငံတွင် ခရီးသည်တင်ရထားတစ်စီးနှင့် ကုန်တင်ရထားတစ်စီး မျက်နှာ ချင်းဆိုင်တိုက်မိ၍ တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ဦးရေထပ်မံတိုးလာမည်ကို တာဝန်ရှိသူများက စိုးရိမ်လျက်ရှိကြောင်းနှင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ကော့စ်တက်စ်ကာရာမန်လီစ် (Kostas Karamanlis) သည် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း Foxnews သတင်းဌာနက မတ်လ ၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါရထားတိုက်မှုသည် အေသင် (Athens) မြို့၏ မြောက်ဘက် ၂၃၆ မိုင်အကွာရှိ တန်ပီ (Tempe) မြို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ဂရိ ဝန်ကြီးချုပ် ကူရီယာကော့စ်မစ်ဆိုတာကစ် (Kyriakos Mitsotakis) က ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။အထက်ပါဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နှောင်းပိုင်းတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင်ရထားပေါ်၌ လူ ၃၀၀ ဦးကျော် တင်ဆောင်လာခြင်း ဖြစ်ကာ မတ်လ ၂ ရက်အထိ စာရင်းများအရ လူ ၅၇ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးကျော်အား ဆေးရုံတင်ထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြထားပါသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဂရိအစိုးရသည် လာရိစ်ဆာ (Larissa) ဘူတာရုံတာဝန် ရှိသူအား လူသေမှု၊ ပေါ့ဆမှုနှင့် ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုတို့ဖြင့် မတ်လ ၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်စေရန် အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် ကြိုးစားလျက်ရှိပါသည်။ ယခုဖြစ်ပွားသည့် ဖြစ်စဉ်သည် မည်သည့်အမှားအယွင်းမှမရှိကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုသာ ဖြစ်ကြောင်း၊ အသက် ၅၉ နှစ်အရွယ် အချက်ပြတာဝန်ခံအလုပ်သမားက ပြောကြားခဲ့ သည်ဟုလည်း သတင်းအရင်းအမြစ်များက ဖော်ပြထားကြောင်း သိရှိရပါသည်။