၈။ တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ Pantsir လေကြောင်းရန်ကာကွယ်ရေး စနစ် ၈ ခုအား အိုင်ဒဲလစ်စီရင်စုတွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက မတ်လ ၁၀ ရက်တွင် ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် တူရကီသမ္မတ၏ ထုတ်ပြန်ချက် သည် မှန်ကန်မှုမရှိဘဲ ချဲ့ကားပြောဆိုနေခြင်းသာဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအနေဖြင့် Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ အဓိကအစိတ်အပိုင်းများအား ဒမတ်စကတ်မြို့ အနီးတစ်ဝိုက်တွင် တပ်ဖြန့်ချထားခဲ့သည့်အပြင် အိုင်ဒဲလစ်စီရင်စုရှိ ဘေးကင်းဇုန်ကို လည်း Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် ၄ ခုဖြင့် ကာကွယ်ထားရှိပါသည်။ တူရကီမောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် Pantsir စနစ် ၂ ခုပျက်စီးခဲ့ ရပြီး လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်လျက်ရှိရာ ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။
No comments:
Post a Comment