Army Recognition; Mar-11(Wed)
ဆားဘီးယားသမ္မတ
အလက်ဇန္ဒားဗူဆစ် (Alexandar Vucic) က ၎င်းတို့ အနေဖြင့် Pantsir-S1 အမည်ရှိ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးလက်နက်
စနစ်အား ရုရှားနိုင်ငံထံမှ အပြည့်အဝလွှဲပြောင်းရရှိခဲ့ပြီဖြစ်သည်ဟု ထုတ်ဖော်ပြောကြား
ခဲ့ကြောင်း ကမ္ဘာ့စစ်ရေးဆိုင်ရာလေ့လာရေးသတင်းဌာနဖြစ်သည့်
Army recognition က မတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။
သတင်းဌာန၏ဖော်ပြချက်အရ ဆားဘီးယား သည်
ရုရှားနိုင်ငံထံမှ အဆိုပါလက်နက်စနစ်များအားဝယ်ယူနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက မှာယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ
၂၂ ရက်၌ အဆိုပါလက်နက်စနစ် ၂ ခုအား ပထဆုံးအကြိမ် လက်ခံရရှိခဲ့ပါသည်။
အဆိုပါလက်နက် စနစ်များ လက်ခံရရှိမှုနှင့်ပတ်သက်၍ ဆားဘီးယားနိုင်ငံ၏
ကာကွယ်ရေးစွမ်းရည်မှာလည်း တိုးတက်လာခဲ့သည်ဟု ဗူဆစ်က
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် ဗူဆစ် အနေဖြင့် အဆိုပါလက်နက်စနစ်အရေအတွက် မည်မျှလက်ခံရရှိခဲ့သည်ကိုမူ
ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment