Wednesday, June 30, 2021
ရုရှားနှင့် တူရကီတို့သည် အာမေးနီးယား-အဇာဘိုင်ဂျန်အကြား ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအပေါ် ပူးတွဲကြိုးပမ်းဆောင်ရွက် သွားမည်ဆိုခြင်း
ပိုလန်နှင့်အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးတို့စီးပွားရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်ရန်တွေ့ဆုံခဲ့ခြင်း
Monday, June 28, 2021
အနောက်ဘော်လကန်နိုင်ငံများဥရောပသမ္မဂသို့အဖွဲ့ဝင်အဖြစ်ဝင်ရေးသောနိုင်ငံများကိုပိုလန်နိုင်ငံခြားရေးတန်ကြီးကထောက်ခံကြောင်းပြောကြားခဲ့ခြင်း
တူရကီသည် Turksat 6A ဆက်သွယ်ရေးဂြိုဟ်တုအား လာမည့်နှစ်တွင် လွှတ်တင်သွားမည်ဟု ပြောကြားခဲ့ခြင်း
အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား အနာဂတ်ဆက်ဆံရေးအလားအလာ
Sunday, June 27, 2021
ဆားဘီးယားသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့သည်ဆိုခြင်း
အယ်လ်ဘေးနီးယားစစ်ဘက်သည်တူရကီရှိစစ်သုံးမောင်းသူမဲ့ယာဉ်များဝယ်ယူသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့ခြင်း
တူရကီနိုင်ငံနှင့်အဇာဘိုင်ဂျန်နိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း
တူရကိနိုင်ငံခြားရေးဝန်ကြီးနှင့်ကနေဒါ၊လစ်သူရေးနီးယားနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများနှင့်အီတလီနိုင်ငံ၌သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ခြင်း
ဆားဘီးယားသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့သည်ဆိုခြင်း
Saturday, June 26, 2021
တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
အမေရိကနှင့်ဥရောပအိမ်နီးချင်းရေးရောဗြိတိန်ဝန်ကြီးတို့တူရကီနိုင်ငံသို့ချစ်ကြည်ရေးလာရောက်ခဲ့ခြင်း
တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
Friday, June 25, 2021
တူရကီရေတပ်က ရေတပ်လေ့ကျင့်ခန်း Denizkurdu ကို လေ့ကျင့်ပြီးစီးခဲ့
သုတကမ္ဘာဂျာနယ် အတွဲ ၄ ၊ အမှတ် ၁၁
ဇွန်လ ၂၆ ရက် (စနေ) ၊ ၂၀၂၁ ခုနှစ်
တူရကီရေတပ်သည် ပုံမှန်လေ့ကျင့်မြဲဖြစ်သည့် ရေတပ်လေ့ကျင့်ခန်း Denizkurdu ကို ယခုနှစ်တွင် ရေပြင်သွားစစ်ရေယာဉ် ၁၃၂ စင်း၊ ရေငုပ်သင်္ဘော ၁၀ စင်း၊ လေယာဉ် ၄၃ စင်း၊ ရဟတ်ယာဉ် ၂၈ စင်းနှင့် မောင်းသူမဲ့လေယာဉ် ၁၄ စင်း ပါဝင် လေ့ကျင့်ခဲ့ပြီး လေ့ကျင့်ဆောင်ရွက်သမျှတွင် အကြီးမားဆုံးဖြစ်သည်ဟု သတင်းရရှိခဲ့ ပါသည်။
လေ့ကျင့်ခန်း Denizkurdu သည် တူရကီရေတပ်က ၂ နှစ် တစ်ကြိမ် လေ့ကျင့်ဆောင်ရွက်ရှိသည့် အကြီးစားလေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှ ဇွန်လ ၆ ရက်အထိ အေဂျီယန်ပင်လယ်နှင့် မြေထဲပင်လယ်တို့တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ရေတပ်၏ တပ်ဖွဲ့အားလုံးပါဝင်လေ့ကျင့်ခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာအသင့်ဖြစ်မှုကို ပြသရန်၊ ဘက်ပေါင်းစုံက ခြိမ်းခြောက်မှုအန္တရာယ် ကျရောက်နေသည့် ပတ်ဝန်းကျင်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကို အကဲဖြတ်ဆန်းစစ်ရန်၊ အပြန်အလှန်ပူးပေါင်းစစ်ဆင်နိုင်စွမ်းနည်းလမ်းနှင့် အချင်းချင်းအထောက်အကူပြုမှုစွမ်းရည်ကို စမ်းသပ်ရန်နှင့် တပ်ဖွဲ့ဝင်များကို ရေတပ်စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် လေ့ကျင့်ခွင့်ရရှိရေးတို့ကို ရည်မှန်းချက် ထား လေ့ကျင့်ခဲ့ခြင်းဖြစ်ပါသည်။
လေ့ကျင့်ခန်း Denizkurdu ကို အပိုင်း ၃ ပိုင်းဖြင့် လေ့ကျင့်ခဲ့ပါသည်။ ပထမ အပိုင်းတွင် ပါဝင်သည့်တပ်ဖွဲ့များက စစ်ဆင်ရေးဆိုင်ရာ အသင့်ဖြစ်မှုလေ့ကျင့်ခန်းများ ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယပိုင်းတွင် လေးရက်ကြာပဋိပက္ခကို အခြေခံသည့် Force-on-Force လေ့ကျင့်ခန်းပါဝင်ပါသည်။ တတိယပိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ရေယာဉ်များသည် အေဂျီယန်ပင်လယ်နှင့် မြေထဲပင်လယ်အတွင်း တူရကီကမ်းခြေတစ်လျှောက်ရှိဆိပ်ကမ်းများသို့ အလည်အပတ်ခရီး (Port Visits) သွားရောက်ခဲ့ကြ ပါသည်။
ဆိပ်ကမ်းအလည်အပတ်ခရီးအပြီးတွင် ရေယာဉ်တပ်ပေါင်းစုသည် Distinguished Visitors Day ကို ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အာဏာပိုင် များနှင့် စစ်ဘက်ဌာနချုပ်များက ထိပ်တန်းအရာရှိကြီးများအပြင် နိုင်ငံပေါင်း ၂၅ နိုင်ငံ က စစ်သံမှူးများဖိတ်ကြားတက်ရောက်စေခဲ့ပါသည်။ စစ်သံမှူးများတက်ရောက်စေ ခြင်းသည် Denizkurdu လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည့် တစ်လျှောက်တွင် ပထမဆုံး အကြိမ်ဖြစ်ပါသည်။
တူရကီရေတပ်၏ TB2 Bayraktar ဒရုန်းသည် ပင်လယ်ပြင်တွင် ပစ်မှတ် အဖြစ်ပြုလုပ်ထားသည့် တပ်တော်ဝင်ဖျက်သိမ်းထားသော အထောက်အကူပြု ရေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် MAM-L Guided Munition အသုံးပြု ပစ်ခတ်ခဲ့ပြီး ထိမှန်ပျက်စီးခဲ့သည်ကို Distinguished Visitors Day တွင် သရုပ်ပြသခဲ့ ပါသည်။
ယခုနှစ်လေ့ကျင့်ခန်းသည် ယခင်နှစ်လေ့ကျင့်ခန်းများနှင့် မတူညီသည့် အချက်မှာ Kizilay (Red Crescent) ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ထို့ပြင် ယခုနှစ်ရေတပ်လေ့ကျင့်ခန်းကို ရေတပ်စစ်ဆင်ရေးဗဟိုဌာနချုပ် (Naval Warfare Center Command) က စီမံခန့်ခွဲလေ့ကျင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ လေ့ကျင့်ခန်းထိန်းချုပ်ရေးဌာန အဖြစ်ဆောင်ရွက်ခဲ့ပြီး တူရကီရေတပ်က လက်ခံကျင့်သုံးနေသည့် NATO တပ်ဖွဲ့၏ လေ့ကျင့်ခန်းစီမံရေးဆွဲခြင်းလုပ်ငန်းစဉ်နှင့်အညီ ပြုလုပ်ခဲ့ပါသည်။ တူရကီရေတပ်၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်သည့် မောင်းသူမဲ့ရေပြင်သွားတိုက်ခိုက်ရေး ရေယာဉ် ULAQ သည် လေ့ကျင့်ခန်းအတွင်း ၎င်း၏ ပထမဆုံးသော ကျည်စစ်ကျည်မှန် ဖြင့် စမ်းသပ်ပစ်ခတ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
တူရကီကာကွယ်ရေးကုမ္ပဏီ Ares Shipyard and Meteksan Defence က ထုတ်လုပ်တည်ဆောက်ခဲ့သည့် ULAQ သည် ဇန်နဝါရီလအတွင်း ရေခဲ့ပြီး ဧပြီလတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုများဆောင်ရွက်ပြီးစီးခဲ့ပါသည်။ တူရကီရေတပ် အတွက် စစ်ဆေးလက်ခံမှုနောက်ဆုံးအပိုင်းအဖြစ် ဆောင်ရွက်ခဲ့သည့် ကျည်စစ် ကျည်မှန်ဖြင့် စမ်းသပ်ပစ်ခတ်ခဲ့စဉ်အတွင်း လေဆာလမ်းညွှန်ဒုံးပျံ Cirit ကို ၂ ကြိမ် ပစ်ခတ်ခဲ့ပါသည်။ ပထမတစ်ခုတွင် Telemetry စနစ်ပါရှိပြီး ဒုတိယဒုံးပျံတွင် ဒုံးပျံထိပ် ဖူးအစစ်အမှန်ပါရှိပြီး မြေထဲပင်လယ်အရှေ့ပိုင်းရှိိ ၎င်း၏ ပစ်မှတ်ကို ထိမှန်ခဲ့ပါသည်။ ULAQ အားရွေ့လျားကမ်းရိုးတန်းထိန်းချုပ်ရေးဌာနတစ်ခုက ထိန်းချုပ်ခဲ့ပြီး ပစ်မှတ်အား မပစ်ခတ်မီ Laser Designator ဖြင့် ညွှန်ပြခဲ့ပါသည်။
တူရကီနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ထိပ်တန်းအာဏာပိုင်တစ်ဦး ဖြစ်သူ Ismail Demir က မိမိတို့အနေဖြင့် စီမံကိန်းများတွင် ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ တည်ဆောက်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပိုမို၍ တိုးမြင့်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မောင်းသူမဲ့ ယာဉ်များကို မြေပြင်သွားယာဉ်များ၊ ရေပြင်သွားယာဉ်များ၊ ရေငုပ်သင်္ဘောပုံစံများဖြင့် တိုက်ပွဲပုံစံကို ပြောင်းလဲပစ်နိုင်သည့် အလားတူထုတ်ကုန်များကို မြင်တွေ့နေရပြီ ဖြစ်ကြောင်း၊ ပေါင်းစည်းထားသည့် မောင်းသူမဲ့စနစ်များနှင့် တိုက်ပွဲပတ်ဝန်းကျင်အခြေ အနေက မိမိတို့ကို စောင့်မျှော်နေသည်ကို သတိပြုမိပါကြောင်း၊ ထို့ကြောင့်ပင် မိမိ၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သုတကမ္ဘာဂျာနယ် အတွဲ ၄ ၊ အမှတ် ၁၁
ဇွန်လ ၂၆ ရက် (စနေ) ၊ ၂၀၂၁ ခုနှစ်
ဥရောပသမဂ္ဂသည် တူရကီနိုင်ငံအတွင်းရှိဒုက္ခသည်အတွက်လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်ရေး
Thursday, June 24, 2021
ရုရှားသမ္မတနှင့် တူရကီသမ္မတို့နာဂေါ်နို-ကရာဘတ်ခ်ဒေသအရေးတယ်လီဖုန်းဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
ဆားဘီးယားနှင့်ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ရန်အသင့်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ခြင်း
လစ်ဗျားမှ တပ်ဖွဲ့များဖယ်ရှားရန် ရုရှားနှင့်တူရကီတို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်း
တူရကီနိုင်ငံသည် Aegean ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဆိုခြင်း
ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံ၂၇ နိုင်ငံမှ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲကျင်းပရန်ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိလျက်ရှိကြောင်း
Wednesday, June 23, 2021
အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်းနိုင်ငံမှဆုတ်ခွာခဲ့ပြီး တူရကီနိုင်ငံမှတပ်ဖွဲ့ဝင်များထပ်မံစေလွှတ်သွားမည်မဟုတ်ကြောင်တူရကီကာကွယ်ရေးဝန်ကြီးပြောကြားခဲ့ခြင်း
ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် နှင့် တူရကီကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း
EU considers $4.18 billion migrant funding for Turkey
June 24 2021
The European Commission will propose to allocate an extra $4.18 billion in funding to Turkey to help it host Syrian refugees over the next three years. The 27 EU leaders are expected to support the funding proposal at a summit in Brussels on June 24.
The European Union is considering $4.18 billion (3.5 billion euros) for Turkey to continue hosting Syrian refugees until 2024, two diplomats said on June 23, part of a bigger regional refugee support plan to stop migrants reaching the bloc.
The total 5.77 billion euro package for Turkey, Jordan, Lebanon and Syria, which goes to humanitarian projects and not governments, aims to prevent a new refugee influx into the EU and win time until the 10-year Syrian civil war eventually ends.
Turkey hosts some four million Syrian refugees and has spent more than $40 billion providing basic services but wants the EU funds to be paid directly to the government in Ankara.
EU leaders, perturbed by what they see as Turkey's rising authoritarianism and deteriorating human rights record, are unlikely to accept that demand. They also accuse Turkey of using the migrants as a bargaining chip, which Ankara denies.
The 27 leaders are expected to support the funding proposal by the executive European Commission at a summit in Brussels on June 24.
However, unlike a previous 6-billion-euro round of funding that was partly paid for directly by EU governments, the money will come entirely from the EU's common budget and so the European Parliament will need to give its approval.
That looks likely to reopen the EU's tortured debate over relations with Turkey, which lawmakers have long accused of stifling media freedoms and imprisoning political opponents without proper trial, which Ankara also denies.
Under the original migration deal in March 2016, Turkey agreed to take back all migrants and refugees who cross the Aegean to enter Greece illegally, including Syrians, in return for more funds. For its part, the EU has promised to scrap the visa requirement for Turks visiting Europe and accelerate Ankara's bid to join the bloc, although all talks have stalled.
EU leaders on June 24 will seek to revive them, offering Ankara "the EU's readiness to engage with Turkey ... to enhance cooperation in a number of areas of common interest," according to a draft of the final summit statement seen by Reuters.
Turkish Foreign Minister Mevlüt Çavuşoğlu met EU foreign policy chief Josep Borrell at the weekend to discuss migration, visa liberalisation and Turkey-EU ties. He told a news conference the EU must "return to the table" on negotiations with Turkey.
"We expect concrete steps from the EU now," Çavuşoğlu said. "It's been more than 1.5 years and we have not received a reply on these issues yet. We hope this summit will be a turning point and they should not stall Turkey."Tuesday, June 22, 2021
မြေထဲပင်လယ်အရှေ့ပိုင်းအရေးနှင့်ပတ်သက်၍ ဂရိအား ထောက်ခံသွားမည် ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြားခဲ့ခြင်း
အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah Al-Sisi) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) တို့သည် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cario) မြို့၌ ဇွန်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဂရိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက် နိုင်ရန်အတွက် ဂရိနိုင်ငံဘက်မှရပ်တည်သွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် ဂရိနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရားများဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံဘက်မှ ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် အတွက် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများနှင့် အမြင်ချင်းဖလှယ်မှု များပြုလုပ်ခြင်းသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုအဆင့်တွင် စံပြ နိုင်ငံများဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အီဂျစ်၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များဖြစ်ထွန်းရရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြပါသည်။ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကိုဖြစ်ပေါ် စေနိုင်သည့် မြေထဲပင်လယ်အရှေ့ပိုင်း သဘာဝဓာတ်ငွေ့ဖိုရမ်၏ အရေးပါမှုကိုလည်း ၎င်းတို့က အလေးအနက်ထားဆွေးနွေးခဲ့ကြပါသည်။ ဂရိနိုင်ငံပိုင် ကရီတီ (Crete) ကျွန်း တစ်လျှောက် စွမ်းအင်နှင့် လျှပ်စစ်ဆက်သွယ်မှုကဏ္ဍများနှင့် ဥရောပသို့ ပိုလျှံသည့် သဘာဝဓာတ်ငွေ့များတင်ပို့သည့်ကဏ္ဍများတွင် ဂရိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေရန် မျှော်လင့်လျက်ရှိကြောင်း အဆိုပါတွေ့ဆုံမှု အတွင်း အီဂျစ်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် မြေထဲပင်လယ်အတွင်း စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများအပါအဝင်
ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်လျက်ရှိကြပါသည်။ တူရကီနိုင်ငံသည်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စီးအား
မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့ခြင်း ကြောင့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား
ရေကြောင်းနယ်နိမိတ်ဆိုင်ရာတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အီဂျစ်နိုင်ငံသည်
ဂရိနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေးကိစ္စရပ်များတွင်
ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရား များဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင်
အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန်အတွက်
ဂရိနိုင်ငံဘက်မှရပ်တည် သွားမည်ဖြစ်ကြောင်း
အီဂျစ်သမ္မတက အထက်ပါတွေ့ဆုံဆွေးနွေးပွဲအတွင်း ပြောကြား ခဲ့ပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည်
ရေကြောင်းနယ်နိမိတ်သတ်မှတ်ရေးသဘော တူညီချက်တစ်ရပ်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း
လတ်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား အပြင်းအထန်ကန့်ကွက်ခဲ့ပါသည်။ ထို့အတူ အီဂျစ်နှင့် ဂရိတို့ကလည်း မြေထဲပင်လယ်ရေပိုင်နက်အတွင်း
တူရကီနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းဥပဒေများ ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချလျက်ရှိ ပါသည်။
အမေရိကန်အပါအဝင် ဥရောပနိုင်ငံအများစုသည် တူရကီနှင့် ဂရိအကြား ပဋိပက္ခတွင် ဂရိနိုင်ငံဘက်မှရပ်တည်၍
ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍
အီဂျစ်သမ္မတနှင့် ဂရိဝန်ကြီးချုပ်တို့အကြား ပြုလုပ် ခဲ့သည့် အထက်ပါဆွေးနွေးမှုများသည်
မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များတွင် ဂရိနိုင်ငံအပေါ် အီဂျစ်နိုင်ငံ၏ရပ်တည်ချက်များ
ပိုမိုခိုင်မာ လာစေရန်ဖြစ်ပြီး စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးကဏ္ဍတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း
သုံးသပ်တင်ပြ အပ်ပါသည်။
ဂျာမနီနှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် လစ်ဗျားနိုင်ငံမှ တူရကီတပ်ဖွဲ့ဝင်များဖယ်ရှားရေးအတွက် တူရကီနိုင်ငံအပေါ် ဖိအားများကျရောက်လာနိုင်ဖွယ်ရှိခြင်း
၁၂။ ဂျာမနီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဂျာမနီနိုင်ငံ မြို့တော်ဘာလင် (Berlin) ၌ ဇွန်လ ၂၃ ရက်တွင် လစ်ဗျားနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုကြောင့် လစ်ဗျားနိုင်ငံမှ တူရကီတပ်ဖွဲ့ဝင်များ ဖယ်ရှားရေးအတွက် တူရကီနိုင်ငံအပေါ် ဖိအားများကျရောက်လာနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးပွဲတွင် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းစစ်အားအဆုံးသတ်ရေးနှင့် ဒီဇင်ဘာလတွင် လစ်ဗျားရွေးကောက်ပွဲကျင်းပ နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဉီးစားပေးဆွေးနွေးခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနှင့် ဆူဒန်နိုင်ငံတို့မှ ကျောထောက်နောက်ခံပေးထားသည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့် (Libyan National Army-LNA) အစိုးရအား တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂအသိအမှတ်ပြု (Government of National Accord-GNA) အစိုးရအား ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိကြောင်း သိရှိရ ပါသည်။
အမေရိကန်နှင့်ဂရိနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဥပဒေမူကြမ်းအသစ်တစ်ရပ်အား အတည်ပြုပြဋ္ဌာန်းသွားမည်ဟုဆို
၁၁။ အမေရိကန်အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီဉက္ကဋ္ဌ ဘို့မန်နက်ဒတ် (Bob Menendez) နှင့် ဖလော်ရီဒါပြည်နယ်လွှတ်တော်အမတ် မာကို ရူဘီရို (Marco Rubio) တို့သည် အမေရိကန်နှင့် ဂရိနိုင်ငံတို့အကြား ကာကွယ်ရေး ဆိုင်ရာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဥပဒေမူကြမ်းအသစ်တစ်ရပ်အား အတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဥပဒေအရ အမေရိကန်အနေဖြင့် ဂရိစစ်ဘက်ကိုအဆင့်မြှင့်တင်ရာ၌ လိုအပ်သည့် စစ်လက်နက်ပစ္စည်းများအား တရားဝင်ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဂရိ၊ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ၎င်းတို့နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။
လစ်သူရေးနီးယားနိုင်ငံသည် AstraZeneca အမျိုးအစား COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂၀,၀၀၀ ခန့်အား ထိုင်ဝမ်သို့ ပေးပို့လှူဒါန်းသွားမည်ဟုဆို
၉။ လစ်သူရေးနီးယားနိုင်ငံသည် AstraZeneca အမျိုးအစား COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂၀,၀၀၀ ခန့်အား ထိုင်ဝမ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်တွင် ကတိကဝတ်ပြုခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးသည် လာမည့်စက်တင်ဘာလကုန်တွင် ထိုင်ဝမ်သို့ အပြီးသတ် ရောက်ရှိမည်ဖြစ်သော်လည်း ထိုင်ဝမ်အနေဖြင့် COVID-19 ကပ်ရောဂါကာကွယ်ဆေး ထိုးနှံမှုမှာ အခြားနိုင်ငံများထက် နောက်ကျလျက်ရှိနေပါသည်။ သို့သော် ထိုင်ဝမ်သည် ဇွန်လ ၄ ရက်တွင် ဂျပန်နိုင်ငံမှ COVID-19 ကပ်ရောဂါကာကွယ်ဆေး ၁.၂၄ သန်း အားလည်းကောင်း၊ ဇွန်လ ၂၀ ရက်တွင် အမေရိကန်နိုင်ငံမှ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂.၅ သန်းအားလည်းကောင်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Monday, June 21, 2021
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့သည် ဘီလာရုဇ်အပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ရန် ပူးတွဲဆောင်ရွက်ခဲ့ခြင်း
VOA;
Jun-21 (Mon)
ဥရောပသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် ပြီးခဲ့သည့်
လအတွင်း ဂရိမှ လစ်သူရေးနီးယားနိုင်ငံသို့ပျံသန်းလာသော
ခရီးသည်တင်လေယာဉ် တစ်စင်းအား ဘီလာရုဇ်နိုင်ငံ၊ မြို့တော် မင့်စ်ခ် (Minsk) ၌ အတင်းအကျပ် ဆင်းသက် စေခဲ့သည့် ဘီလာရုဇ် ထိပ်တန်းအရာရှိများအပေါ်
အရေးယူပိတ်ဆို့မှုများချမှတ်ရန်
ဇွန်လ ၂၁ ရက်တွင် ပူးတွဲဆောင်ရွက်ရေးအဖွဲ့
ဖွဲ့စည်းခဲ့ပါသည်။ ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Alexander Lukashenko)
အစိုးရ၏ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့်
နိုင်ငံတကာဥပဒေများအပေါ်
ဆက်လက်ချိုးဖောက်လျက်ရှိ
ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသဖြင့်
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းတို့၏ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ကာလရှည်ကြာစွာ ဖိနှိပ်ခံထားရသည့် ဘီလာရုဇ်နိုင်ငံသားတို့၏ဒီမိုကရေစီမျှော်မှန်းချက်များကို အထောက်အပံ့ ပေးသွားရန်နှင့်
ဘီလာရုဇ်အစိုးရ၏ နိုင်ငံတကာကတိကဝတ်များကို
အတိအလင်း လျစ်လျူရှုမှုများနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သွားရန် ဆုံးဖြတ်ထားကြောင်းကိုလည်း
၎င်းတို့က ပြောကြားခဲ့ပါသည်။
ဘီလာရုဇ်သမ္မတအား ဆန့်ကျင်ခဲ့သည့် ရာမန်ပရာတာရှီဗစ်ရှ် (Raman Pratasevich) အမည်ရှိ သတင်းထောက်တစ်ဦးအား ဖမ်းဆီးရန်အတွက် Ryanair လေကြောင်းလိုင်းပိုင်လေယာဉ်အား
မင့်စ်ခ်မြို့၌ တရားမဝင်အတင်းအကျပ် ဆင်းသက် စေခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂက ဘီလာရုဇ်တာဝန်ရှိသူ ၇ ဦးနှင့် အဖွဲ့အစည်းတစ်ခုအား အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍
နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း လွှတ်ပေးရန်နှင့်
ဒီမိုကရေစီအတိုက်အခံများ၊
လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် အတူ
ပြီးပြည့်စုံပြီး စစ်မှန်သည့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများတွင်
ပါဝင်ရန် ဘီလာရုဇ်အား ၎င်းတို့က တိုက်တွန်းပြောကြားခဲ့ပါသည်။
ဥရောပသမဂ္ဂနှင့် အဆိုပါ
၃
နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံအတွင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ
တိုးပွား လာခြင်းနှင့်
လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီအတိုက်အခံများနှင့်
စာနယ်ဇင်းသမားများ အပေါ်
အကြမ်းဖက်ဖိနှိပ်မှုများကြောင့်
ဘီလာရုဇ်အား
အရေးယူပိတ်ဆို့မှုများချမှတ်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်