သုံးသပ်တင်ပြအပ်ပါသည်။
Sunday, May 31, 2020
တူရကီသည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ရုရှားနှင့်ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အားဖောက်ဖျက်ကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိခြင်း
သုံးသပ်တင်ပြအပ်ပါသည်။
Saturday, May 30, 2020
News Bar
လစ်ဗျားနိုင်ငံနှင့် ဂရိနိုင်ငံ၊
ခရီတီ (Crete)
ကျွန်းတို့အကြားရှိ နိုင်ငံတကာ ရေပိုင်နက်တွင် တူရကီရေတပ်မှ
ဖရီးဂိတ်စစ်သင်္ဘော ၆ စီးနှင့် ရေနံတင်သင်္ဘော ၁ စီး တို့အား တွေ့ရှိခဲ့ကြောင်း ဂရိနိုင်ငံပိုင် ကာသီမာရီနီ (Kathimerini) သတင်းစာက မေလ
၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တူရကီစစ်သင်္ဘောများသည် လက်ရှိအချိန်တွင်
လစ်ဗျားကမ်းရိုးတန်း၌ ပြုလုပ်လျက်ရှိသော ဥရောပသမဂ္ဂ၏ Operation
Irini တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် စစ်သင်္ဘောများ၏အရေအတွက်ထက် ပိုမိုကြောင်း
အဆိုပါ သတင်းစာက ဖော်ပြထားပါသည်။ တူရကီနိုင်ငံသည် ထရီပိုလီမြို့အခြေစိုက်
လစ်ဗျား အမျိုးသားအစိုးရသဘောတူညီချက်အဖွဲ့(Government of National
Accord-GNA) အား စစ်ဘက်ဆိုင်ရာအကူအညီများ
ပေးအပ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
မြောက်မက်ဆီဒိုးနီးယားသည် နိုင်ငံတော်အရေးပေါ်အခြေအနေကို ဇွန်လ ၁၃ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်း
Xinhua; May-31 (Sun)
မြောက်မက်ဆီဒိုးနီးယားနိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွားသူ ဦးရေမြင့်တက်ခဲ့သဖြင့် အရေးပေါ်အခြေအနေကို ဇွန် ၁၃ ရက်အထိ နောက်ထပ်
၁၄ ရက် သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သမ္မတ
စတီဗိုပန်ဒါရိုစကီ (Stevo
Pendarovski) က မေလ ၃၀ ရက်တွင်
ကျင်းပပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးအပြီးတွင် ကြေညာခဲ့ပါသည်။ အစိုးရနှင့်
အဖွဲ့အစည်းများအနေဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့်
ပြည်သူများ၏ကျန်းမာရေးနှင့် လူမှုစီးပွားအပေါ် ဆိုးကျိုးသက်ရောက် မှုများအား ထိရောက်သော
စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန်အတွက် သမ္မတ စတီဗိုပန်ဒါရိုစကီက
အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါသည်။ ပြည်သူများအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သော
ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား
လိုက်နာခဲ့သည့်အပေါ် သမ္မတ စတီဗိုပန်ဒါရိုစကီက ချီးကျူးပြောကြားခဲ့ပါသည်။
Thursday, May 28, 2020
လတ်ဗီးယားအစိုးရသည် အလုပ်လက်မဲ့များအား မွမ်းမံသင်တန်းများပေး၍ လစာများ ထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်လျက်ရှိခြင်း
Xinhua; May-29( Fri)
လတ်ဗီးယားအစိုးရသည်
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု
များအား ထိန်းချုပ်နိုင်ရန်အတွက် ချမှတ်ခဲ့သော နိုင်ငံ့၏အရေးပေါ်အခြေအနေတစ်ရပ်အား ရုပ်သိမ်းရန်
ပြင်ဆင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက မေလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ လတ်ဗီးယားအစိုးရအနေဖြင့်
နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှု ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းနှင့်
စီးပွားရေးလုပ်ငန်းများ ကို ထောက်ပံ့ပေးနိုင်ရန်
စီမံချက်အသစ်များရေးဆွဲထားကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါသည်။ လတ်ဗီးယားနိုင်ငံ၏
အရေးပေါ်အခြေအနေသည် ဇွန်လ ၃၀ ရက်၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက်
အစိုးရအနေဖြင့် COVID-19 ကြောင့် အလုပ်လက်မဲ့ဘဝသို့
ရောက်ရှိခဲ့ရသူများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး အစီအစဉ်များအပါအဝင် အချို့သောပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက်
အလုပ်အကိုင် များပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း မေလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲအတွင်း ဘဏ္ဍာရေးဝန်ကြီး ဂျာနစ်ရီရာ
(Janis Reirs) က ပြောကြား ခဲ့ပါသည်။
လတ်ဗီးယားဘဏ္ဍာရေးဝန်ကြီးဌာနသည်
COVID-19 ကပ်ရောဂါ ကူးစက်မှု ဒဏ်ကြောင့်
ထိခိုက်ဆုံးရှုံးခဲ့ရသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းနှင့် စီးပွားရေးလုပ်ငန်း များကို
၂၀၂၀ ပြည့်နှစ်ကုန်အထိ ဆက်လက်ထောက်ပံ့ပေးအပ်နိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကိုရေးဆွဲခဲ့ပါသည်။ အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်
လုပ်ငန်းလည်ပတ်မှု များရပ်ဆိုင်းရန် တွန်းအားပေးခံခဲ့ရသည့်ကုမ္ပဏီများတွင် လုပ်ကိုင်ဆောင်ရွက်နေရ
သည့် အလုပ်သမားများအား အထူးထောက်ပံ့ကြေးငွေများပေးအပ်လျက်ရှိကြောင်း ဂျာနစ်ရီရာက ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အလုပ်လက်မဲ့များကို
ထောက်ပံ့ ငွေများပေးအပ်မည့်အစား လုပ်ခလစာပိုမိုရရှိနိုင်မည့် စီမံကိန်းများတွင် ဝင်ရောက်
လုပ်ကိုင်နိုင်ရေး သင်ကြားမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဂျာနစ်ရီရာက ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
Tuesday, May 26, 2020
News Bar
တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogen) က အနောက်ဘက်ကမ်းဒေသအား ကျူးကျော်သိမ်းပိုက်မည့် အစ္စရေးအစိုးရသစ်၏အစီအမံ
များအပေါ် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အစ္စရေးတိုင်းစ် (Times of
Israel) သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ မိမိတို့အနေဖြင့်
ပါလက်စတိုင်းတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့အပေါ်
ခြိမ်းခြောက်အန္တရာယ်ပေးလာမည့် အစ္စရေးအစိုးရ၏အစီအမံ များကို မြင်တွေ့နေရကြောင်းနှင့်
၎င်းတို့၏ကျူးကျော်သိမ်းပိုက်ရေးစီစဉ်နေမှုများသည် နိုင်ငံတကာဉပဒေများနှင့်ကိုက်ညီမှုမရှိကြောင်းကိုလည်း
တူရကီသမ္မတ အာဒိုဂန်က မွတ်စလင်ဘာသာရေးပွဲတော်
(Eid al-Fier) ကာလအတွင်း
ရုပ်/သံအစီအစဉ်မှတစ်ဆင့် ထုတ်လွှင့်ခဲ့သည့်မိန့်ခွန်းတွင်
ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။