Friday, February 28, 2020

တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံရှိ တပ်ဖွဲ့ဝင်များအပေါ် မည်သည့် တိုက်ခိုက်မှုမျိုးမဆို ပြန်လည်တုံ့ပြန်သွားရန် တူရကီသမ္မတက ပြောကြားခဲ့ခြင်း

 ၁၄။        တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံရှိ တပ်ဖွဲ့ဝင်များအပေါ်  မည်သည့် တိုက်ခိုက်မှုမျိုးမဆို ပြန်လည်တုံ့ပြန်သွားရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ ရုရှားအနေဖြင့် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်းရှိ ၎င်း၏ သတ်မှတ်ချက်တာဝန်များအား လိုက်နာ ဆောင်ရွက်ရန် သမ္မတ အာဒိုဂန်က တိုက်တွန်းပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ် ပြည်နယ်တွင် တူရကီစစ်ဘက်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီသည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆီးရီးယားတပ်ဖွဲ့ဝင်များအား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် F-16 တိုက်လေယာဉ်များအား ဖေဖော်ဝါရီလ             ၃ ရက်တွင် တပ်ဖြန့်ချထားခဲ့ပါသည်။ ရုရှားနှင့် တူရကီခေါင်းဆောင်များသည် ဆီးရီးယား အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်များအတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

ဆီးရီးယားမြောက်ပိုင်း အိုင်ဒဲလစ်(Idlib)ပြည်နယ်တွင် တူရကီတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည် စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ခြင်း

 ၁၃။        ဆီးရီးယားမြောက်ပိုင်း အိုင်ဒဲလစ်(Idlib)ပြည်နယ်တွင် တူရကီတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည် စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar)က ဖေဖော်ဝါရီလ            ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် တူရကီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် အပစ်အခတ်ရပ်စဲရေးများကို သေချာခိုင်မာမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အက်ကာက ဆက်လက်ပြောကြားခဲ့ပါ သည်။ တစ်ချိန်တည်းတွင် အဆိုပါပြည်နယ်၌ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တူရကီစစ်သည် ၅ ဦးအပါအဝင် သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရှိခဲ့ပါသည်။ အိုင်ဒဲလစ်ပြည်နယ်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက စစ်ဆင်ရေးတစ်ရပ်စတင်သွားရန် စဉ်းစား သုံးသပ်သွားနိုင်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားထားသည်ဟု သိရှိရပါသည်။

ယူကရိန်းသမ္မတသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရန် တူရကီသမ္မတနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း

 ၇။           ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) သည် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်(Kiev) ၌ ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် နှစ်နိုင်ငံမဟာဗျူဟာမြောက် အဆင့်မြင့်ကောင်စီအစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရန်အတွက် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင် များသည် ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုဇုန်ထူထောင်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက် ကုန်သွယ်ရေး၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍရပ် များအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် မျှော်မှန်းထားရှိကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် အက်စတိုးနီးယားရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ ဖေဖော်ဝါရီလ ၄ ရက်တွင် သွားရောက်မည်

 ၅။           ရုရှားနိုင်ငံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် အက်စတိုးနီးယားရှိ           စစ်အခြေစိုက်စခန်းတစ်ခုသို့ ဖေဖော်ဝါရီလ ၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ရုရှားအမျိုးသားနျူကလီးယားအန္တရာယ်လျှော့ချရေးစင်တာအကြီးအကဲ ဆာဂျီရိုက်စ် ကော့ဗ် (Sergey Ryzhkov) က ပြောကြားခဲ့ပါသည်။ ဥရောပရှိ လုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe-OSCE) သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း စစ်ဘက်ဆိုင်ရာလေ့လာသူများနှင့် စုံစမ်း စစ်ဆေးသူများအနေဖြင့် အပြန်အလှန်စစ်ဆေးမှုများပြုလုပ်နိုင်ခြင်း၊ ကာကွယ်ရေး ဆိုင်ရာအစီအမံများနှင့် စစ်ရေးအသုံးစရိတ်များအား အပြန်အလှန်စစ်ဆေးနိုင်ခြင်းနှင့် ဥရောပရှိ လုံခြုံရေးအစီအမံများကို ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် ဥရောပရှိ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သည် The Vienna Document  အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ကြောင့် အဆိုပါ အဖွဲ့တွင်ပါဝင်သည့် ရုရှားနိုင်ငံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အက်စတိုးနီးယား စစ်ဘက်အခြေစိုက်စခန်းများသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Thursday, February 27, 2020

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးခဲ့ခြင်း

 

AFP; Feb-28(Fri)

              ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib)စီရင်စုတွင် ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း တူရကီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးခဲ့ကြောင်း  ဒေသတွင်းသတင်း ဌာနတစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနှင့် ဆီးရီးယား အစိုးရ၏ မဆင်မခြင်တိုက်ခိုက်မှုများကို နေတိုးအဖွဲ့အကြီးအကဲ ဂျင်းစတိုတန်ဘတ် (Jens Stoltenberg)ကလည်း ပြစ်တင်ဝေဖန်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှု ကြောင့် တူရကီတပ်ဖွဲ့ဝင်အမြောက်အမြားဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် တူရကီနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဆီးရီးယားနယ်စပ်ရှိ ဟာတေ (Hatay) ပြည်နယ်အုပ်ချုပ်ရေးမှူး ရာမီဒိုဂန် (Rahmi Dogan)က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း သူပုန်အဖွဲ့ကိုထောက်ခံသည့် တူရကီနှင့် ဆီးရီးယားအစိုးရအပါအဝင် ရုရှားနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်ပါသည်။

              အန္တရာယ်ရှိသည့်အခြေအနေများကိုလျှော့ချရန်နှင့် ဒေသတွင်းလူသားချင်း စာနာထောက်ထားမှုအခြေအနေများ ပိုမိုဆိုးရွားလာခြင်းကိုရှောင်ရှားရန် စတိုတန်ဘတ်က တောင်းဆိုခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ် စီရင်စုအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့တို့၏ လေကြောင်း တိုက်ခိုက်မှုများကိုရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးအား နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။ တူရကီသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့လျက်ရှိသည်ဟု ရုရှားနိုင်ငံက စွပ်စွဲ ပြောကြားလျက်ရှိစဉ် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအား အိုင်ဒဲလစ်ဒေသရှိ တူရကီ စောင့်ကြည့်လေ့လာရေးစခန်းများမှဆုတ်ခွာပေးရန် တူရကီနိုင်ငံကလည်း  တောင်းဆို လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင်ရရှိခဲ့သော ရုရှားနှင့် တူရကီအကြား သဘော တူညီချက်ကြောင့် အိုင်ဒဲလစ်စီရင်စုတွင် တူရကီစောင့်ကြည့်လေ့လာရေးစခန်း ၁၂ ခု ရှိပြီး အများစုမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

တူရကီသည် ရုရှားနှင့် ဆီးရီးယားတပ်စခန်းများအား တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း

 


Dailysabah;Feb-28(Fri)

              တူရကီနိုင်ငံသည် ဆီးရီးယားစစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့၏တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရမှုကို တုံ့ပြန်သည့်အနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် အစောပိုင်းတွင် လာတာကီးယား (Latakia) စီရင်စုရှိ ဆီးရီးယားနှင့် ရုရှားတပ်စခန်း များနှင့် ဟားမား (Hama) ၊ နူဘီ (Nubl) ၊ ဇာရာ (Zahraa) မြို့များရှိ ပစ်မှတ်များအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် တူရကီစစ်ဘက်သည် အိုင်ဒဲလစ် (Idlib) စီရင်စုနယ်စပ်တစ်လျှောက်ရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့များကိုလည်း အမြောက် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိုင်ဒဲလစ်စီရင်စုရှိ တင်းမာမှု များနှင့်ပတ်သက်သည့် အရေးပေါ်အစည်းအဝေးတစ်ခုအား အမျိုးသားထောက်လှမ်းရေး အဖွဲ့အကြီးအကဲအပါအဝင် အစိုးရဝန်ကြီးများနှင့် ထိပ်တန်းအရာရှိများဖြင့် ပြုလုပ်ခဲ့ ပါသည်။

              ထို့ပြင် တူရကီဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကလည်း ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များအပေါ် တူရကီ၏ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် တူရကီတပ်ဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးဆီးရီးယားတပ်ဖွဲ့ဝင် ၁၇၀၉ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်းနှင့် တင့်ကား ၅၅ စီး၊ ရဟတ်ယာဉ် ၃ စီး၊ သံချပ်ကာယာဉ် ၁၈ စီး၊ ဟောင်ဝစ်ဇာ ၂၉ လက်၊ စစ်ဘက်ယာဉ် ၂၁ စီး၊ ခဲယမ်းဂိုဒေါင် ၆ ခု၊ အမြောက် ၇ လက်၊ စက်သေနတ်ကြီး ၄ လက်တို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ တူရကီနှင့် ရုရှားတို့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် အိုင်ဒဲလစ်စီရင်စုအား စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ရန် သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုနှင့်ပတ်သက်သည့် သတင်းအချက်အလက် များကိုဖလှယ်ရန် တူရကီနိုင်ငံ၏တောင်းဆိုမှုကြောင့် ‌နေတိုးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်

 ၁၅။        ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုနှင့်ပတ်သက်သည့် သတင်းအချက်အလက် များကိုဖလှယ်ရန် တူရကီနိုင်ငံ၏တောင်းဆိုမှုကြောင့် ‌နေတိုးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ တူရကီ အနေဖြင့် နေတိုးအဖွဲ့တည်ထောင်မှုဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ်ခွဲ ၄ အရ အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံမှ သံအမတ်များအားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ်ကျင်းပ သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏ ဝဘ်ဆိုက်၌ ဖော်ပြထားပါသည်။ အဆိုပါအပိုဒ်ခွဲ ၄ အရ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးသည် ၎င်းတို့၏လုံခြုံရေးကို ခြိမ်းခြောက်ခံနေရ သည်ဟု ယုံကြည်ရပါက နေတိုးမိတ်ဖက်နိုင်ငံများနှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆို နိုင်ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားဒုက္ခသည်များ ဥရောပသို့ဝင်ရောက်လာခြင်းကို ဆက်လက်တားဆီးသွားမည်မဟုတ်ကြောင်း တူရကီအစိုးရထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့

 ၉။           တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားဒုက္ခသည်များ ဥရောပသို့ဝင်ရောက်လာခြင်းကို ဆက်လက်တားဆီးသွားမည်မဟုတ်ကြောင်း တူရကီအစိုးရထိပ်တန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့ဝင်များက သူပုန်များသိမ်းပိုက်ထားသောနယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဆီးရီးယားပြည်သူ ၁ သန်း ခန့်သည် တူရကီနယ်စပ်အနီးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ အိုင်ဒဲလစ်စီရင်စုမှ ဒုက္ခသည်များထပ်မံဝင်ရောက်လာနိုင်ဖွယ်ရှိသောကြောင့် တူရကီရဲတပ်ဖွဲ့၊ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် နယ်စပ်လုံခြုံရေးအရာရှိများအား မြေပြင်နှင့်ပင်လယ်ပြင်တို့ရှိ နယ်စပ် ဖြတ်ကျော်ရာနေရာများမှ ဖယ်ရှားပေးသွားရန် ညွှန်ကြားထားကြောင်း အဆိုပါ တူရကီ အရာရှိက ပြောကြားခဲ့ပါသည်။ တူရကီ၏ အဆိုပါခြိမ်းခြောက်ပြောကြားမှုကြောင့် အိုင်ဒဲလစ်ပဋိပက္ခအတွင်း ဥရောပမှအင်အားကြီးနိုင်ငံများ လျင်မြန်စွာပါဝင်လာနိုင် ကြောင်း သိရှိရပါသည်။

Wednesday, February 26, 2020

တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည့် သံသယရှိသူ ၁၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း

 ၁၀။        တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည့် ကာ့ဒ်အလုပ်သမား ပါတီ (Kurdistan Workers' Party- PKK) နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Protection Units -YPG) တို့မှ သံသယရှိသူ ၁၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း Anadolu သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ စီးပွားရေးနှင့် မဟာဗျူဟာအရ အရေးပါသောနေရာများအပါအဝင်  အစိုးရရုံးအဆောက်အအုံနှင့် ရဲဌာနချုပ်များကို ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန်စီစဉ်နေသည်ဟု သတင်းရရှိပြီးနောက် အစ္စတန်ဘူလ်မြို့တွင် အကြမ်းဖက်မှုနှိမ်နှင်းရေးစစ်ဆင်ရေးတစ်ခုကို စတင်ဆောင်ရွက် ခဲ့ပါသည်။ အခြားသောသံသယရှိသူများကို အကြမ်းဖက်လုပ်ငန်းများဆောင်ရွက် ရာတွင် အကူအညီပေးခြင်းနှင့် အားပေးထောက်ခံမှုများပြုလုပ်ခြင်းစသည့် စွဲချက် များဖြင့် ထိန်းသိမ်းထားရှိပါသည်။ ထို့ပြင် စစ်ဆင်ရေးပြုလုပ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် များသည် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်နက်များနှင့် ခဲယမ်းမီးကျောက် အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် တူရကီနိုင်ငံတို့သည် အိုင်ဒဲလစ်အရေးကိစ္စဆိုင်ရာဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်

 ၈။           ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံ၌ ပြုလုပ်ခဲ့သော ဆီးရီးယားနိုင်ငံရှိ အိုင်ဒဲလစ်အရေးကိစ္စဆိုင်ရာဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency က ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လူကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ရုရှား-တူရကီဆွေးနွေးပွဲများမှတစ်ဆင့် အိုင်ဒဲလစ်စီရင်စု အတွင်း အပစ်အခတ်ရပ်စဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည်  ဆီးရီးယားအရေးကိစ္စရပ် နှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် တူရကီနိုင်ငံ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရုရှားနိုင်ငံ၌လည်းကောင်း ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံ၊ လာဗိုစ်ကျွန်း၌ ရွှေ့ပြောင်းဒုက္ခသည်များအတွက် ထိန်းသိမ်းရေးစခန်းသစ် တည်ဆောက်မှုအပေါ် ဒေသခံများက ဆန္ဒပြကန့်ကွက်ခဲ့ခြင်း

 

Reuters; Feb-26 (Wed)

              ဂရိနိုင်ငံ၊ လာဗိုစ်ကျွန်း (Lesbos) ၌ ရွှေ့ပြောင်းဒုက္ခသည်များအတွက် ထိန်းသိမ်းရေးစခန်းသစ်တည်ဆောက်မှုအပေါ် ရာနှင့်ချီသောဒေသခံများက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဆန္ဒပြကန့်ကွက်ခဲ့ကြပါသည်။ ဆန္ဒပြသူများသည် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များက လူစုခွဲရန်အတွက် မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ခဲ့ပါသည်။ အဆိုပါထိန်းသိမ်းရေးစခန်းသစ်ဖွင့်လှစ်မှုကြောင့် အေဂျီယန် (Aegean) ပင်လယ်ရှိ ကျွန်း ၅ ခုတွင်နေထိုင်ကြသည့် ဒေသခံများ၏ မကျေနပ်မှုများ တိုးပွားလာစေခဲ့ပါသည်။ ဂရိနိုင်ငံသည် ဉရောပနိုင်ငံများသို့သွားရောက်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ အသုံးပြုလျက်ရှိသော အဓိကလမ်းကြောင်းပေါ်တွင် တည်ရှိလျက်ရှိရာ ထိန်းသိမ်းရေးစခန်းများသည် ရွှေ့ပြောင်းဒုက္ခသည်များဖြင့် ပြည့်ကျပ် လျက်ရှိသဖြင့် လုံခြုံစိတ်ချရသည့် ထိန်းသိမ်းရေးစခန်းသစ်များအား အလျင်အမြန် တည်ဆောက်လျက်ရှိကြောင်း ဂရိအစိုးရက လွန်ခဲ့သည့်ရက်သတ္တပတ် ၂ ပတ်တွင်  ကြေညာခဲ့ပါသည်။

              အဆိုပါထိန်းသိမ်းရေးစခန်းသစ်များသည် အမြဲတမ်းစခန်းများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသောကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဆူပူ ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆန္ဒပြမှုအတွင်း ဆန္ဒပြသူများသည် ထိန်းသိမ်းရေးစခန်းသစ် တည်ဆောက်နေသည့်နေရာအတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့ သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပါသည်။ အဆိုပါပဋိပက္ခအတွင်း အနည်းဆုံး ဆန္ဒပြသူ ၁၀ ဦးနှင့် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိ ၁ ဦးက ပြောကြားခဲ့ပါသည်။ အေဂျီယန်ပင်လယ်ရှိ ဂရိနိုင်ငံပိုင် ကျွန်း ၅ ခုသို့ ရဲတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ပြီး ချီအို (Chios) ကျွန်းသို့ရောက်ရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များအခြေပြုသည့် နေရာသို့ ဒေသခံများက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

ရိုမေးနီးယားသမ္မတက ဝန်ကြီးချုပ်သစ်အား ခန့်အပ်ခဲ့ခြင်း

Xinhua; Feb-27 (Thu)

              ရိုမေးနီးယားသမ္မတ ကလော့လိုဟာနစ် (Klaus lohannis) သည် အစိုးရသစ် ဖွဲ့စည်းရန်အတွက် အမျိုးသားလစ်ဘရယ်ပါတီ (National Liberal Party) မှ ဘဏ္ဍာရေး ဝန်ကြီး ဖလော်ရင်ကာတူ (Florin Catu) အား ဝန်ကြီးချုပ်အသစ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် အတည်ပြုခန့်အပ်ခဲ့ပါသည်။ ဝန်ကြီးချုပ်အဖြစ် ယာယီခန့်အပ်ခြင်းခံခဲ့ရသည့် လူဒိုဗစ်အော်ရ်ဘန် (Ludovic Orban) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ချမှတ်ခဲ့ ပြီးနောက် ရိုမေးနီးယားသမ္မတက အဆိုပါဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကာတူသည် အစိုးရအဖွဲ့၏အစီအစဉ်များနှင့် အစိုးရအဖွဲ့ဝင်အမည်စာရင်းအား အချိန်တို အတွင်း လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

           အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အစိုးရဖွဲ့စည်းမှု လုပ်ငန်းစဉ်များအား နှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားစေရန် လုပ်ဆောင်လိမ့်မည် မဟုတ်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခံခဲ့ရသည့်အတွက် အစိုးရအသစ်ဖွဲ့စည်းရာတွင် ပိုမိုတာဝန်ရှိလာခဲ့ ကြောင်းနှင့် ပါလီမန်အတွင်း ထောက်ခံမှုရရှိရေးအတွက် မိတ်ဖက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ကာတူအား ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခြင်းသည် နိုင်ငံရေးဆိုင်ရာပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ် ကြောင်းနှင့် အစိုးရသစ်ဖွဲ့စည်းရေးအတွက် လွှတ်တော်အတွင်း ထောက်ခံမှုအများစု ရရှိအောင် ဆောင်ရွက်နိုင်ဖွယ်မရှိကြောင်း အတိုက်အခံလစ်ဘရယ်နှင့် ဒီမိုကရက်တစ် မဟာမိတ်ပါတီ (Alliance of Liberals and Democratics – ALDE) ခေါင်းဆောင် ကာလင်ပိုပီစ်ကူ-တာရီစီယာနူ (Calin Popescu-Tariceanu) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ်စီရင်စုတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် တူရကီစစ်သည် ၂ ဦး သေဆုံးခဲ့ခြင်း

 

Middleeastmonitor; Feb-26 (Wed)

              ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒဲလစ် (Idlib) စီရင်စုတွင် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ၏  တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၆ ရက်အစောပိုင်းတွင် ပြောကြား ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်ခံရမှုအား လက်တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားအစိုးရ တပ်ဖွဲ့၏ပစ်မှတ် ၁၁၄ နေရာအား ပြင်းထန်စွာပြန်လည်တိုက်ခိုက်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါလက်တုံ့ပြန်တိုက်ခိုက်မှု အတွင်း တင့်ကား ၃ စီး သိမ်းဆည်းရမိခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်  ၁ ခု၊ Zu-23 လေယာဉ်ပစ်စက်သေနတ်ကြီး ၁ လက်အပါအဝင် အခြားယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) အစိုးရသည် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဆီးရီးယားနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများကို ဖြိုခွင်းရာမှစ၍ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

              ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်းသိန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး လူ              ၁၀ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရှိရ ပါသည်။ အိုင်ဒဲလစ်စီရင်စုသည် တူရကီနိုင်ငံတောင်ပိုင်းနယ်စပ်အနီးတွင် တည်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် တူရကီနှင့် ရုရှားနိုင်ငံက သဘောတူ သတ်မှတ်ထားသည့် တင်းမာမှုလျှော့ချရေးဇုန် (de-escalation zone) အတွင်း ကျရောက်လျက်ရှိပါသည်။ ဆီးရီးယားအစိုးရနှင့် မဟာမိတ်များသည် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များကို ချိုးဖောက်၍ တင်းမာမှုလျှော့ချရေးဇုန်အတွင်း ကျူးကျော်မှုများကို မကြာခဏပြုလုပ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် တင်းမာမှု လျှော့ချရေးဇုန်အတွင်း၌ နေရပ်စွန့်ခွာထွက်ပြေးလာသူများအပါအဝင် အရပ်သား               ၄ သန်းခန့်နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။ 

ချက်သမ္မတနိုင်ငံနှင့် မြောက်မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား အတူတကွလုပ်ဆောင်သွားရန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အား ဥရောပသမဂ္ဂ သို့ ဝင်ရောက်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ခြင်း

 ၁၅။        ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်ပက်ထရစ်ခ် (Tomas Petricek) နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလာဒီမီထရော့ဗ် (Nikola Dimitrov) တို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား အတူတကွလုပ်ဆောင်သွားရန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အား ဥရောပသမဂ္ဂ (European Union-EU) သို့ ဝင်ရောက်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အဓိကဉီးစားပေးတစ်ခုမှာ အနောက်ဘော်လ်ကန်နိုင်ငံများအား အီးယူသို့ ပေါင်းစည်းစေခြင်းဖြစ်ကြောင်း ပက်ထရစ်ခ် က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ကုလသမဂ္ဂအတွင်း အပြန်အလှန် ကူညီထောက်ပံ့မှုဆိုင်ရာ ကဏ္ဍရပ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ာ့ဒ်အလုပ်သမား ပါတီနှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ သံသယရှိသူ ၁၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း

 ၁၀။        တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည့် ကာ့ဒ်အလုပ်သမား ပါတီ (Kurdistan Workers' Party- PKK) နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Protection Units -YPG) တို့မှ သံသယရှိသူ ၁၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း Anadolu သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ စီးပွားရေးနှင့် မဟာဗျူဟာအရ အရေးပါသောနေရာများအပါအဝင်  အစိုးရရုံးအဆောက်အအုံနှင့် ရဲဌာနချုပ်များကို ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန်စီစဉ်နေသည်ဟု သတင်းရရှိပြီးနောက် အစ္စတန်ဘူလ်မြို့တွင် အကြမ်းဖက်မှုနှိမ်နှင်းရေးစစ်ဆင်ရေးတစ်ခုကို စတင်ဆောင်ရွက် ခဲ့ပါသည်။ အခြားသောသံသယရှိသူများကို အကြမ်းဖက်လုပ်ငန်းများဆောင်ရွက် ရာတွင် အကူအညီပေးခြင်းနှင့် အားပေးထောက်ခံမှုများပြုလုပ်ခြင်းစသည့် စွဲချက် များဖြင့် ထိန်းသိမ်းထားရှိပါသည်။ ထို့ပြင် စစ်ဆင်ရေးပြုလုပ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် များသည် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်နက်များနှင့် ခဲယမ်းမီးကျောက် အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် တူရကီနိုင်ငံတို့သည် အိုင်ဒဲလစ်အရေးကိစ္စဆိုင်ရာဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်

 ၈။           ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံ၌ ပြုလုပ်ခဲ့သော ဆီးရီးယားနိုင်ငံရှိ အိုင်ဒဲလစ်အရေးကိစ္စဆိုင်ရာဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency က ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လူကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ရုရှား-တူရကီဆွေးနွေးပွဲများမှတစ်ဆင့် အိုင်ဒဲလစ်စီရင်စု အတွင်း အပစ်အခတ်ရပ်စဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည်  ဆီးရီးယားအရေးကိစ္စရပ် နှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် တူရကီနိုင်ငံ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရုရှားနိုင်ငံ၌လည်းကောင်း ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

Tuesday, February 25, 2020

ရုရှားကိုယ်စားလှယ်အဖွဲ့သည် အိုင်ဒဲလစ်စီရင်စုအရေးဆွေးနွေးရန်အတွက် တူရကီသို့ လာရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

 


Xinhua; Feb-25(Tue)

              ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒဲလစ် (Idlib) စီရင်စုရှိ အခြေအနေများကိုဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ၂၆ ရက် တွင် တူရကီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၂၅ ရက်၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် အာဒိုဂန်က မိမိတို့အနေဖြင့် အိုင်ဒဲလစ်စီရင်စုကိစ္စရပ်အား လျင်မြန်စွာဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ရုရှားအနေဖြင့် လေကြောင်းအထောက်အပံ့အပါအဝင် ဆီးရီးယား အစိုးရအား အကူအညီအများအပြားပေးအပ်လျက်ရှိကြောင်း ထပ်လောင်းပြောကြား ခဲ့ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့မှ အစိုးရအရာရှိများသည် လွန်ခဲ့သောသီတင်းပတ် အနည်းငယ်တွင် အန်ကာရာနှင့် မော်စကိုမြို့တို့၌ ဆွေးနွေးမှု ကြိမ်ပြုလုပ်ခဲ့သော်လည်း ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

              ဂျာမနီ၊ ပြင်သစ်နှင့် ရုရှားနိုင်ငံတို့မှ ခေါင်းဆောင်များအနေဖြင့် ဆီးရီးယား အရေးနှင့်ပတ်သက်၍ ပွင့်ဆိုင်ညီလာခံပြုလုပ်ရေးအား ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း မိမိအနေဖြင့်မူ မတ်လ ရက် နောက်ဆုံးထား၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်လျက်ရှိကြောင်း အာဒိုဂန် က ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုကိစ္စရပ်အပြင် လစ်ဗျားနိုင်ငံရှိ အခြေအနေ များသည်လည်း ရုရှားနှင့်တူရကီအကြား ဆွေးနွေးမှုများပြုလုပ်နေရသည့် ကိစ္စရပ် တစ်ခုဖြစ်သည်ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီပိုင်တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် အန်ကာ- အက်စ် (Anka-S) သည် ရုရှားတိုက်လေယာဉ် (Su-35) ၏ ပစ်ချမှုကို ခံခဲ့ရသည်ဟု ဘူလ်ဂေးရီးယားစစ်ဘက်သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့

 

၁၃။        တူရကီပိုင်တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် အန်ကာ- အက်စ် (Anka-S) သည် ရုရှားတိုက်လေယာဉ် (Su-35) ၏ ပစ်ချမှုကို ခံခဲ့ရသည်ဟု ယူဆရပြီး လွန်ခဲ့သောနာရီအနည်းငယ်အကြာက ပျက်ကျသွားဖွယ်ရှိကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် ရုရှားတိုက်ခိုက်ရေး လေယာဉ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဆီးရီးယားနယ်စပ် အိုင်ဒဲလစ် (Idlib) စီရင်စု၏ အရှေ့တောင်ဘက်တွင် ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး ရှစ်ကလာ (Shilka) နှင့် ပန်ဆာ- အက်စ် (Pantsir-S) ဒုံးလက်နက်စနစ်များဖြင့် ပစ်ခတ်နိုင်သည့် အကွာအဝေးထက် ပိုမိုသည့်အမြင့်ပေ၌ရှိနေကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  မည်သူ့လက်ချက်ကြောင့်ဖြစ်သည်ကို အတိအကျဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဆီးရီးယားအရေးကိစ္စရပ်နှင့် ပတ်သက်၍ မတ်လ ၅ ရက်မတိုင်မီအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း

 ၁၀။        တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(Vladimir Putin)တို့သည် ဆီးရီးယားအရေးကိစ္စရပ်နှင့် ပတ်သက်၍ မတ်လ ၅ ရက်မတိုင်မီအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ ဆီးရီးယား အရေးကိစ္စရပ်နှင့်ပတ်သက်၍ တူရကီ၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ပါဝင်သော ထိပ်သီးဆွေးနွေးမှုအား မတ်လ ၅ ရက်၌ပြုလုပ်ရန် တူရကီဘက်မှ ညှိနှိုင်းလျက် ရှိပါသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည်လည်း အထက်ပါထိပ်သီးဆွေးနွေးပွဲများမကျင်းပမီ အိုင်ဒဲလစ်အပစ်အခတ်ရပ်စဲရေးဆိုင်ရာအရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် တူရကီ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ တူရကီသမ္မတ အာဒိုဂန် အနေဖြင့် လစ်ဗျားအရေးကိစ္စများအားလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီ (Abbas Araghchi) သည် အီရန်နျူကလီးယားသဘောတူညီချက်ဆိုင်ရာပူးတွဲကော်မရှင် (JCPOA Joint Commission) ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် သြစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna)မြို့သို့ ရောက်ရှိလျက်ရှိကြောင်း

 

၅။           အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီ (Abbas Araghchi) သည် အီရန်နျူကလီးယားသဘောတူညီချက်ဆိုင်ရာပူးတွဲကော်မရှင် (JCPOA Joint Commission) ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် သြစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna)မြို့သို့ ရောက်ရှိလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်း အရင်းအမြစ်တစ်ခုကဖော်ပြခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက် ဆိုင်ရာပူးတွဲကော်မရှင်အစည်းအဝေးအား ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ် နိုင်ငံတို့မှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်အဆင့်ပုဂ္ဂိုလ်များ တက်ရောက် သွားမည်ဖြစ်ပါသည်။ အီရန်နျူကလီးယားသဘောတူညီချက်ဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးအား ၃ လလျှင်တစ်ကြိမ် ကျင်းပလျက်ရှိကြောင်း သိရှိရပါသည်။

တူရကီနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် ( Idlib ) စီရင်စု၌ ဖြစ်ပွားလျက်ရှိသည့် ပဋိက္ခများလျော့နည်းရေး ဆွေးနွေးမှုများ ပြုလုပ်ခြင်း

 

ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အတွက် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေးရစ်အာဒိုဂန် ( Recep Tayyip Erdogan ) က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။  ထို့ပြင်  ဆီးရီးယားအရေးနှင့်ပတ်သက်၍  ရုရှား၊ ပြင်သစ်၊  ဂျာမနီတို့နှင့် ဆွေးနွေးပွဲများအား မတ်လ ၅ ရက်တွင်ကျင်းပရန်  အဆိုပြု ထားသော်လည်း သဘောတူညီချက်အပြည့်အဝရရှိခြင်းမရှိသေးကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။  တူရကီနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံ၊  အိုင်ဒဲလစ် ( Idlib ) စီရင်စု၌  ဖြစ်ပွားလျက်ရှိသည့် ပဋိက္ခများလျော့နည်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်းကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ (Sergey Lavrov) က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။  ဆီးရီးယား နိုင်ငံသည်  ၂၀၁၁ ခုနှစ် အစောပိုင်းမှစ၍ ဆိုးရွားသည့် ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ ရကြောင်း သိရှိရပါသည်။

တူရကီသည် TRG-300 Tiger အမျိုးအစား ဘက်စုံသုံးဒုံးကျည်စနစ်အား ဆီးရီးယားနယ်စပ်တွင် တပ်ဖြန့်ချထားသွားရန် ဆုံးဖြတ်ခဲ့ခြင်း

 Uawire;Feb-24(Mon)

              တူရကီစစ်ဉီးစီးချုပ်သည် TRG-300  Tiger  အမျိုးအစား ဘက်စုံသုံးဒုံးကျည် စနစ်အား ဆီးရီးယားနယ်စပ်တွင် တပ်ဖြန့်ချထားသွားရန် ဆုံးဖြတ်ခဲ့ကြောင်း တူရကီ သတင်းထောက်များက ပြောကြားခဲ့ပါသည်။ အဆိုပါဒုံးကျည်စနစ်သည် အကွာအဝေး ၁၂၀ ကီလိုမီတာရှိပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ TRG-300  Tiger  အမျိုးအစား ဒုံးကျည်စနစ်သည် အကြီးစားသံချပ်ကာယာဉ်များနှင့် ခိုင်မာသည့် အဆောက်အအုံများကို ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိကြောင်း အဆိုပါသတင်းထောက်များက ပြောကြားခဲ့ပါသည်။ TRG-300  Tiger  အမျိုးအစား ဒုံးကျည်စနစ်သည် အလေးချိန် ၁၀၅ ကီလိုဂရမ်ရှိသည့် ဒုံးကျည်ထိပ်ဖူးအပါအဝင် အလေးချိန် ၅၈၅ ကီလိုဂရမ်ရှိပါသည်။

          သို့သော်လည်း အဆိုပါဒုံးကျည်စနစ်သည် ပစ်မှတ်မှ ၅၀ မီတာအတွင်း လွဲမှားမှု ရှိနိုင်သည့်အတွက် တိကျမှုရှိသည့်လက်နက်တစ်ခုအဖြစ် ဖော်ပြ၍မရနိုင်ကြောင်း သတင်းတွင် ဖော်ပြထားရှိပါသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အတိုက်အခံ တပ်ဖွဲ့ဝင်များသည် ဆီးရီးယားအစိုးရအဖွဲ့မှ ထိန်းချုပ်ထားရှိသောနယ်မြေများအပေါ် ထိုးစစ်ဆင်မှုစတင်ခဲ့ပါသည်။ ထို့ပြင် အတိုက်အခံတပ်ဖွဲ့ဝင်များသည် တူရကီစစ်ဘက်၏ အကူအညီပေးအပ်မှုနှင့်အတူ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ ခုခံကာကွယ်မှုများကို  ဖြိုခွင်းခဲ့ကြောင်း သိရှိရပါသည်။

Monday, February 24, 2020

တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည်နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးသွာမည်ဖြစ်ကြောင်း

 တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၏မြို့တော် ဘာကူ (Baku) ၌ ပြုလုပ်သွားမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် နှစ်နိုင်ငံအကြားကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ကာ အဇာဘိုင်ဂျန်သမ္မတ အိုင်ဟန်အလီယက် (Ilham Aliyev) နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် အစည်းအဝေးအတွင်း ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် အားကစားအပြင် အခြားကဏ္ဍရပ်အသီးသီးအတွက် သဘောတူညီချက် ၉ ချက်အား လက်မှတ်ရေးထိုးသွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

တူရကီသည် အီရန်နှင့်ထိစပ်လျက်ရှိသောနယ်စပ်ဒေသအား ပိတ်ပင်သွားမည်ဆိုခြင်း

 

Tass; Feb-24(Mon)

              တူရကီနိုင်ငံသည် အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကူးစက် ပျံ့နှံ့လျက်ရှိသည့်အတွက် အီရန်နိုင်ငံနှင့် ထိစပ်လျက်ရှိသော ၎င်း၏နယ်စပ်ဒေသအား ပိတ်ပင်သွားမည်ဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံသည် အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် အီရန်နိုင်ငံနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အထူးသဖြင့် လေယာဉ်ပျံသန်းမှုများ၊ မီးရထားများနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ရပ်ဆိုင်းခဲ့ကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာ (Fahrettin Koca) က ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကို ဖေဖော်ဝါရီလ ၁၉ ရက်၌ အတည်ပြုထားရှိပြီးဖြစ်ပါသည်။

              အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်သည် ၄၃ ဦး အထိရောက်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရောက်ရှိခဲ့ကြောင်း အီရန် နိုင်ငံက တရားဝင်ထုတ်ပြန်ထားရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန် (Wuhan) မြို့၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေတစ်ခုအဖြစ် ထုတ်ပြန်ကြေညာထားပါသည်။ နောက်ဆုံး သတင်းများအရ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခံရသူ ၇၇,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂,၄၄၂ ဦးအထိမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တူရကီသည် အီရန်နှင့်ထိစပ်လျက်ရှိသောနယ်စပ်ဒေသအား ပိတ်ပင်သွားမည်ဆိုခြင်း

Tass; Feb-24(Mon)

တူရကီနိုင်ငံသည် အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကူးစက် ပျံ့နှံ့လျက်ရှိသည့်အတွက် အီရန်နိုင်ငံနှင့် ထိစပ်လျက်ရှိသော ၎င်း၏နယ်စပ်ဒေသအား ပိတ်ပင်သွားမည်ဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံသည် အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် အီရန်နိုင်ငံနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အထူးသဖြင့် လေယာဉ်ပျံသန်းမှုများ၊ မီးရထားများနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ရပ်ဆိုင်းခဲ့ကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာ (Fahrettin Koca) က ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကို ဖေဖော်ဝါရီလ ၁၉ ရက်၌ အတည်ပြုထားရှိပြီးဖြစ်ပါသည်။ အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်သည် ၄၃ ဦး အထိရောက်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရောက်ရှိခဲ့ကြောင်း အီရန် နိုင်ငံက တရားဝင်ထုတ်ပြန်ထားရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန် (Wuhan) မြို့၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေတစ်ခုအဖြစ် ထုတ်ပြန်ကြေညာထားပါသည်။ နောက်ဆုံး သတင်းများအရ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခံရသူ ၇၇,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂,၄၄၂ ဦးအထိမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Sunday, February 23, 2020

ဆီးရီးယားနိုင်ငံနှင့်ပတ်သက်သော ဆိုချီသဘောတူညီချက် (Sochi agreement) ကို တူရကီနိုင်ငံက လိုက်နာလုပ်ဆောင်ခြင်းမရှိခြင်း

 ဆီးရီးယားနိုင်ငံနှင့်ပတ်သက်သော ဆိုချီသဘောတူညီချက် (Sochi agreement) ကို တူရကီနိုင်ငံက လိုက်နာလုပ်ဆောင်ခြင်းမရှိကြောင်း ရုရှားသမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့(Dmitry Peskov) က စွပ်စွဲပြောကြားလိုက်ပါသည်။ အိုင်ဒဲလစ်စီရင်စု စစ်ရှိန်လျှော့ချရေးဇုံတွင်ရှိနေသော တူရကီတပ်ဖွဲ့များနှင့် လက်နက်ကြီးများ ပြန်လည်ဆုတ်ခွာရုပ်သိမ်းပေးရန် အဆိုပါ သဘောတူညီချက် တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။ 

တူရကီနှင့်ရုရှားကာကွယ်ရေးဝန်ကြီးတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

The Peninsula Qatar; Feb-22 (Sat)

              တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာ (Hulusi Akar) နှင့် ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီရှိုဂူ (Sergey Shoygu) တို့သည် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) စီရင်စုအခြေအနေနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုများအတွင်း ၎င်းတို့သည် အိုင်အဲလစ်စီရင်စု၌ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများဖြေရှင်းနိုင်ရန် နည်းလမ်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အိုင်ဒဲလစ်စီရင်စုသည် တူရကီနှင့်ရုရှားနိုင်ငံ တို့၏ ၂၀၁၈ ခုနှစ်သဘောတူညီချက်များအရ စစ်ပွဲလျှော့ချရေးဇုန် (De-escalation Zone) အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

              ထို့နောက် အိုင်ဒဲလစ်စီရင်စုသည် ဆီးရီးယားအစိုးရအဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ ရပြီး ပြီးခဲ့သည့်လများစွာ၌ အိုင်ဒဲလစ်ဒုက္ခသည် ၁ သန်းခန့်တို့သည် တူရကီနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ တူရကီနိုင်ငံသည် အဆိုပါတိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် ဆီးရီးယားနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ပြီး ရပ်တန့်ခြင်းမရှိပါက အရေး ယူမှုများလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Saturday, February 22, 2020

အမေရိကန်နှင့်တူရကီနိုင်ငံတို့မှ ဖြစ်ပွားလျက်ရှိသောပဋိပက္ခများနှင့် ပက်သက်၍ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ခြင်း

 

အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏  ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) စီရင်စု၌  တင်းမာမှုပဋိပက္ခများမြှင့်တက်လာချိန်တွင် နှစ်နိုင်ငံနယ်စပ်အနီး ပက်ထရီရော့ ဒုံးပျံစနစ် ၂ ခု တပ်ဖြန့်ချထားမည့် တူရကီနိုင်ငံ၏အကူအညီတောင်းခံမှုအစီအစဉ်အား အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မှုပြုလုပ်ခြင်းမရှိသေးကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနှင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် အိုင်ဒဲလစ် စီရင်စု၌ နှစ်ဖက်တပ်ဖွဲ့များအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အထက်ပါအတိုင်း အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်၌ အမေရိကန်နှင့် တူရကီနိုင်ငံ တို့မှကိုယ်စားလှယ်များသည် အိုင်ဒဲလစ်စီရင်စု၌ ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

Friday, February 21, 2020

ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့များက တူရကီကျောထောက် နောက်ခံပြု စစ်သွေးကြွများအား တွန်းလှန်တိုက်ခိုက်ခဲ့ခြင်း

 Xinhua; Feb-21(Fri)

              ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် အိုင်ဒဲလစ် စီရင်စုရှိ တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွများ၏ ပြင်းထန်သည့်တိုက်ခိုက်မှု များအား တွန်းလှန်တိုက်ခိုက်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ        ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ စစ်သွေးကြွများသည် တူရကီစစ်ဘက်၏ အမြောက် ပစ်ခတ်မှုများကို အထောက်အကူရယူ၍ ဆီးရီးယားခံစစ်စခန်းများအား အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအရေး ပြန်လည်စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ရုရှားစင်တာက ထုတ်ပြန်ကြေညာခဲ့ပါသည်။ စစ်သွေးကြွများ၏ ထိုးဖောက်တိုက်ခိုက်မှုအား တားဆီး ရန်အတွက် ရုရှားမှ Su-24 တိုက်လေယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

          အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွများအား ဆီးရီးယား အစိုးရတပ်ဖွဲ့များက ချေမှုန်းနိုင်ခဲ့ပြီး တင့်ကား ၁ စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ်  ၆ စီးနှင့် စက်သေနတ်ကြီးတပ်ဆင်ထားသည့် ယာဉ်ငယ် ၅ စီးအား ဖျက်ဆီးနိုင်ခဲ့ ပါသည်။ တူရကီတပ်ဖွဲ့၏ အမြောက်ပစ်ခတ်မှုများကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံက သတင်းရရှိခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ အမြောက်ပစ်ခတ်မှုများမှာ ရပ်တန့်ခဲ့သည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။ အနာဂတ်တွင် အကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် စစ်သွေးကြွများအား လက်နက်များထောက်ပံ့ပေးခြင်းကိုရပ်တန့်ရန် တူရကီအား ရုရှားစစ်ဘက်က တိုက်တွန်း ခဲ့ကြောင်း သိရှိရပါသည်။         

အိုင်ဒဲလစ်စီရင်စုအတွင်းရှိ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းရန် ရုရှားက တူရကီအား တိုက်တွန်းပြောကြားခဲ့ခြင်း

 Presstv; Feb-20 (Thu)

              တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ရှိသော အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်းရှိ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့ ပါသည်။ အဆိုပါအကြမ်းဖက်သမားများက တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ရာတွင် တူရကီ နိုင်ငံက အမြောက်ပစ်ကူပေးအပ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ဝေဖန်ပြစ်တင်ခဲ့ပါသည်။ တူရကီစစ်ဘက်၏အမြောက်ပစ်ကူကြောင့် ဆီးရီးယား စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို မိမိတို့အနေဖြင့်သိရှိကြောင်းနှင့် ထိုကဲ့သို့ တူရကီ၏ စစ်ရေးအကူအညီပေးအပ်မှုသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့ပါသည်။

          ထို့ပြင် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အိုင်ဒဲလစ်စီရင်စု၌ စစ်ဆင်ရေးတစ်ရပ်ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် တူရကီတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍လည်း ရုရှား နိုင်ငံက ဖေဖော်ဝါရီလ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆိုပါစီရင်စုတွင် စစ်အင်အားတိုးမြှင့်လာခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ အထက်ပါသတိပေး ပြောကြားချက်များ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။ ဆီးရီးယားနှင့်ရုရှားနိုင်ငံ တို့သည် တူရကီနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ဝေဖန် ပြစ်တင်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်သည် တူရကီနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုလုပ်ဆောင်သွားမည်ဆိုခြင်း

 Anadolu Agency; Feb-21(Fri)

              တူရကီနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား အခြားသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင် သွားရန် ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူဟာမစ် (Abdul Hamid) သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး မူစတာဖာအိုမန်တူရန် (Mustafa Osman Turan) နှင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ အကြား ဖြစ်နိုင်ဖွယ်ရှိသည့် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာ များကိုဖော်ဆောင်ရန်အတွက် ကြီးမားသည့်အခွင့်အလမ်းများရှိသည်ဟု အဗ္ဗဒူဟာမစ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့အကြား ဆက်ဆံရေးသည် သမိုင်းကြောင်းအစဉ်အလာများအရ အလွန်ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း အဗ္ဗဒူဟာမစ်က ပြောကြားခဲ့ပါသည်။

          ထို့ပြင် နှစ်နိုင်ငံအကြားတွင် ယဉ်ကျေးမှုနှင့် တူညီသည့်အမွေအနှစ်များ ရှိကြောင်းနှင့် ဘင်္ဂါလီအရေးကိစ္စတွင် တူရကီနိုင်ငံ၏ ထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း ဟာမစ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ယခု အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၁ သန်းကျော်ကို ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းများတွင် လက်ခံထားရှိပါသည်။ တူရကီနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များကို ကူညီထောက်ပံ့ရေးအစီအစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့၌ ဧပြီလတွင်ကျင်းပမည့် ဖွံ့ဖြိုးဆဲ ၈ နိုင်ငံ (Developing-8) ထိပ်သီး အစည်းအဝေးသို့ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တက်ရောက်ရန် ဟာမစ်က ဖိတ်ကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အမြဲဦးစားပေး၍ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရန် လိုအပ်သည့်လုပ်ဆောင်မှုများပြုလုပ်သွားမည်ဟု တူရန်က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ 

Thursday, February 20, 2020

တူရကီကာကွယ်ရေးပစ္စည်းဝယ်ယူရေးအေဂျင်စီမှ ဝယ်ယူရေးအစီအစဉ်အားကြေငြာခြင်း

 တူရကီကာကွယ်ရေးပစ္စည်းဝယ်ယူရေးအေဂျင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် ဝယ်ယူရန် ရည်မှန်းထားသော ဝယ်ယူရေးအစီအစဉ်အား ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့အပါအဝင် ပဋိပက္ခများ အတွက် အစိုးရမှငွေကြေးသုံးစွဲလျက်ရှိရာ စီးပွားရေးကျဆင်းမှုမှ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေချိန်တွင် အထက်ပါအစီအစဉ်အား ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ Baykar ကုမ္ပဏီမှ ထုတ်လုပ်သော Akinci အမျိုးအစား မောင်းသူမဲ့လေယာဉ်အား ၂၀၂၀ ပြည့်နှစ်အကုန်တွင် တူရကီစစ်ဘက်သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအေဂျင်စီ၏ ဥက္ကဋ္ဌက ပြောကြားခဲ့ပါ သည်။ ထို့နောက် လုပ်ငန်းအစီအစဉ်အရ STM ကုမ္ပဏီသည် Alpagu  အမျိုးအစား အလိုအလျောက် တိုက်ခိုက်သည့် မောင်းသူမဲ့လေယာဉ်များအား စတင်ပို့ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ မောင်းသူမဲ့လေယာဉ်များသည် တူရကီအရှေ့တောင်ပိုင်းရှိ စစ်သွေးကြွများအားတိုက်ခိုက် ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

အိုင်ဒဲလစ်ပဋိပက္ခများကြောင့် အမေရိကန်နှင့် တူရကီဆက်ဆံရေး ပြန်လည်ကောင်းမွန် လာနိုင်ဖွယ်ရှိခြင်း

 

Xinhua;Feb-20(Thu)

              ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရသည် သူပုန်အဖွဲ့များကြီးစိုးရာ အိုင်ဒဲလစ်(Idlib)စီရင်စုရှိ တူရကီတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် တင်းမာလျက်ရှိသည့် အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား ဆက်ဆံရေးပြန်လည် ကောင်းမွန်လာနိုင်ဖွယ်ရှိပါသည်။ ယခုလအစောပိုင်းမှစ၍ စစ်ဘေးသင့် ဆီးရီးယား နိုင်ငံမြောက်ပိုင်း အိုင်ဒဲလစ်စီရင်စု၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း တူရကီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ တူရကီအစိုးရအပေါ်ထောက်ခံသွားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည် ဆီးရီးယား စစ်ဘက်၏ထိုးစစ်များကြောင့် အိုင်ဒဲလစ်ရှိ ၎င်း၏စစ်အခြေစိုက်စခန်းများအား အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ၊ တင့်ကားများနှင့် သံချပ်ကာ ယန္တရားယာဉ်များအား စေလွှတ်ခဲ့ပါသည်။

              တူရကီနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်ရရှိခဲ့သည့် ပဋိပက္ခကင်းမဲ့ဇုန် သဘောတူညီချက်အရ အထက်ပါအတိုင်း အိုင်ဒဲလစ်ဒေသအတွင်း စစ်အခြေစိုက်ခန်း များ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အိုင်ဒဲလစ်ပဋိပက္ခအတွင်း တူရကီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo) က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ၎င်း၏လူမှုကွန်ရက် စာမျက်နှာ၌ဖော်ပြခဲ့ပါသည်။ အလားတူ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူး ကိုယ်စားလှယ် ဂျိမ်းစ်ဂျက်ဖရေး (James Jeffrey)သည် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက တူရကီနိုင်ငံသို့သွားရောက် ခဲ့ကြောင်း သိရှိရပါသည်။