Tuesday, April 7, 2020
ပိုလန်အစိုးရသည် စာတိုက်မှတရားမဝင်မဲပေးခြင်းကို ပြုလုပ်ရန် ဖိအားပေးလျက်ရှိခြင်း
Sunday, April 5, 2020
တူရကီသည် COVID-19 ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် စစ်ဘက်တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို လျှော့ချသွားမည်ဆိုခြင်း
အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသည် ဘူလ်ဂေရီးယားလေတပ်အတွက် F-16 Block 70 အမျိုးအစားတိုက်လေယာဉ်ထုတ်လုပ်ရေး ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်း
Saturday, April 4, 2020
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွများသည် တူရကီနိုင်ငံအပေါ် ဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ပြီး ၎င်းတို့အတွက် လုပ်ခလစာများပေးချေသွားရန် တောင်းဆိုခဲ့ခြင်း
ရွေးကောက်ပွဲတွင် စာတိုက်မှတစ်ဆင့် ဆန္ဒမဲပေးသည့်နည်းလမ်းကို အသုံးပြုရန် ဖြစ်နိုင်ခြေရှိကြောင်း ပိုလန်သမ္မတက ပြောကြားခဲ့ခြင်း
အမေရိကန်ပြည်ထောင်စုသည် Javelin ဟုအမည်ပေးထားသည့် တင့်ဖျက် ဒုံးကျည်စနစ် ၁၂၈ ခုအား အက်စတိုးနီးယားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်း
Friday, April 3, 2020
တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားမြောက်ပိုင်းတွင်ပြုလုပ်လျက်ရှိသော ထိုးစစ်အတွင်း ကာ့ဒ် (Kurdistan Workers Party -PKK) သူပုန်အဖွဲ့ဝင် ၁၄ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း
၁၁။ တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားမြောက်ပိုင်းတွင်ပြုလုပ်လျက်ရှိသော ထိုးစစ်အတွင်း ကာ့ဒ် (Kurdistan Workers Party -PKK) သူပုန်အဖွဲ့ဝင် ၁၄ ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဧပြီလ ၃ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ ယူဖရေးတီးမြစ်ဝှမ်းတစ်လျှောက်၌ စစ်ဆင်ရေးဆောင်ရွက်လျက် ရှိသော တူရကီအထူးတပ်ဖွဲ့ဝင်များအား ဆီးရီးယားနှင့် တူရကီနိုင်ငံအတွင်းရှိ ကာ့ဒ်သူပုန်အဖွဲ့တို့မှ တိုက်ခိုက်ရန်ပြင်ဆင်မှုများဆောင်ရွက်နေစဉ် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများ လုပ်ဆောင်သည့်အနေဖြင့် မလွဲသာမရှောင်သာ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် တည်တံ့ခိုင်မြဲမှုအား ခြိမ်းခြောက် လျက်ရှိသည့် ခွဲထွက်ရေးတောင်းဆိုဆန့်ကျင်လျက်ရှိသော တူရကီနိုင်ငံ အရှေ့ တောင်ဘက်နှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များကိုလည်း သုတ်သင် ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဆီးရီးယားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃ ရက်တွင် အိုင်ဒဲလစ်စီရင်စုသို့ စစ်လက်နက်အသစ်များ ယူဆောင်လာခဲ့ ကြောင်း စစ်ဘက်ထောက်လှမ်းရေးတစ်ဦးက ပြောကြားခဲ့ခြင်း
ဆားဘီးယား၌ COVID-19 အား တိုက်ဖျက်ရာတွင် အကူအညီပေးရန် ရုရှားမှသယ်ယူပို့ဆောင်ရေးလေယာဉ်များစေလွှတ်ခဲ့သည်ဆိုခြင်း
ဂရိဝန်ကြီးချုပ်သည် တူရကီသို့ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှုများအားလျှော့ချရန် ဂျာမနီဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့ထံ စာရေးသားပေးပို့ခဲ့မှုအား တူရကီက ပြစ်တင်ရှုတ်ချခဲ့ခြင်း
Thursday, April 2, 2020
ရုရှားနိုင်ငံသို့သွားရောက်မည့် ပိုလန်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ၎င်းတို့၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း
ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား လက်ခံရေးနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ဒုက္ခသည်များအချိုးကျလက်ခံရေး ခွဲတမ်းအား ငြင်းပယ်ခဲ့ခြင်း
တူရကီနိုင်ငံခြားရေးဝန်ကြီးသည် NATO အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့် လက်နက်စွန့်လွှတ်ရေးကို သူပုန်ဘက်က လိုက်နာမှုမရှိသကဲ့သို့ တူရကီဘက်ကလည်း လိုက်နာမှုမရှိခြင်းကြောင့် Su-24 ဗုံးကြဲလေယာဉ် ၂ စင်းအား ရုရှားက ဆီးရီးယားသို့စေလွှတ်ခဲ့ကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း
Wednesday, April 1, 2020
အကျဉ်းသား ၉၀,၀၀၀ အား ပြန်လွှတ်ပေးရန် တူရကီအစိုးရက ပြင်ဆင်လျက်ရှိခြင်း
IBTimes; Apr-1(Wed)
တူရကီနိုင်ငံရှိအကျဉ်းထောင်များတွင်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ အား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
အာဏာရ တရားမျှတရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (Justice and Development Party-AKP) နှင့်
အမျိုးသားလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP) တို့သည် မတ်လ ၃၁ ရက်တွင်
တူရကီ လွှတ်တော်၌ ဥပဒေမူကြမ်းတစ်ရပ်အား တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်း အရ တူရကီအကျဉ်းထောင်များအတွင်း
အကျဉ်းကျခံနေရသူ ၄၅,၀၀၀ ဦးအား ယာယီလွတ်လပ်ခွင့်ပြုခြင်းနှင့် အခြားအကျဉ်းသား ၄၅,၀၀၀
ဦးကိုလည်း လက်ရှိ ပြစ်ဒဏ်ကျခံနေရမှုမှ အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်များ
ပေးအပ်ခြင်းတို့ ပြုလုပ်သွား မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းဥပဒေမူကြမ်း၌ အသက်
၆၅ နှစ်အထက် အကျဉ်းသား များနှင့် ၆ နှစ် အောက်ကလေးငယ်ရှိသော
အမျိုးသမီးအကျဉ်းသားများကိုလည်း လွှတ်ပေးသွားမည့်အပြင်
ပြစ်ဒဏ်ကာလတစ်ဝက်အထိ အကျဉ်းကျပြီးသူများကိုလည်း ပြန်လည်လွတ်မြောက်ခွင့်ပြုမည်ဖြစ်ကြောင်း
ပါရှိပါသည်။
သို့သော် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ကာဟစ်အော့ဇ်ကန်
(Cahit Ozkan) ကမူ ယာယီလွတ်မြောက်ခွင့်ရရှိသူအကျဉ်းသားများအား အကျဉ်းထောင်မှ ၎င်းတို့၏နေအိမ်များတွင်
လွှဲပြောင်းထိန်းသိမ်းသွားဖွယ်ရှိကြောင်း ပြောကြားထား ပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်၊
ဇူလိုင်လ ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းကျခံနေရသူများအပါအဝင် လိင်အကြမ်းဖက်မှု၊
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အကြမ်းဖက်မှုတို့နှင့်ပတ်သက်၍
အကျဉ်းကျခံနေသူများမှာ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင်
ပါဝင်ခြင်းမရှိပေ။ တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အကျဉ်းသား
၇၀,၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။