Monday, August 31, 2020

ရုရှားနှင့် တူရကီနိုင်ငံတို့သည် လစ်ဗျားနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေးကို အားပေးထောက်ခံသွားမည်ဆိုခြင်း

 

TASS; Sep-1(Tue)

              ရုရှားနှင့် တူရကီနိုင်ငံတို့သည် လစ်ဗျားနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (Government of National Accord-GNA) အကြီးအကဲ ဖာရတ်ဇ်အယ်လ်ဆာရတ်ဂျ် (Fayez al-Sarraj) နှင့် လစ်ဗျားပါလီမန်ဥက္ကဋ္ဌ  အဂူလာဆာလတ် (Aguila Saleh) တို့ ထုတ်ပြန်ခဲ့သော ကြေညာချက်၏အရေးပါမှုအား အလေးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးများ ဦးဆောင်ပြုလုပ်ခဲ့သည့် ရုရှား-တူရကီ ဆွေးနွေးမှုအတွင်း ရုရှားနှင့် တူရကီကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြ ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း လစ်ဗျားခေါင်းဆောင်နှစ်ဦး၏ ကြေညာချက်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။

              ဆွေးနွေးမှုအတွင်း ရုရှားနှင့် တူရကီတို့သည် လစ်ဗျားရှိ နိုင်ငံရေးအင်အားစု များနှင့် အဖွဲ့အစည်းများအားလုံးပါဝင်သည့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု များပေါ်ထွက်လာရန်အတွက် ပိုမိုပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။ ရုရှားနှင့် တူရကီသည် လစ်ဗျားအရေးဆိုင်ရာ ဘာလင်ညီလာခံ၏ ဆုံးဖြတ်ချက်များအကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂအနေဖြင့် ထိရောက်အရေးပါသောအခန်းကဏ္ဍမှပါဝင်ရန် လိုအပ်မှုကိုလည်း အလေးထားဆွေးနွေး ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လစ်ဗျားနိုင်ငံဆိုင်ရာ အထူးသံတမန်အသစ်အား အမြန်ဆုံးခန့်အပ်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တူရကီ၏ စွမ်းအင်ရှာဖွေရေးသင်္ဘောသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူးဖော်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဆိုခြင်း

 

AA; Aug-31 (Mon)

              တူရကီနိုင်ငံသည် Cengiz Han နှင့် Ataman အမည်ရှိစစ်ရေယာဉ်များ လိုက်ပါစောင့်ကြပ်လျက်ရှိသည့် Oruc Reis အမည်ရှိ စွမ်းအင်ရှာဖွေရေးသင်္ဘောကို မြေထဲပင်လယ်အရှေ့ပိုင်း၌ စွမ်းအင်တူးဖော်ရေး ဆက်လက်လုပ်ဆောင်ရန် အချိန် ၁၁ ရက် ထပ်မံတိုးမြှင့်ခဲ့ပါသည်။ Oruc Reis စွမ်းအင်ရှာဖွေရေးသင်္ဘောသည် စွမ်းအင် ရှာဖွေရေးလုပ်ငန်းများအား လုပ်ဆောင်ရန်ယခင်သတ်မှတ်ထားသည့် အချိန်ကုန်ဆုံး မည့် ဩဂုတ်လ ၃၁ ရက် ညပိုင်းတွင် စက်တင်ဘာလ ၁၂ ရက်အထိ ထပ်မံသက်တမ်း တိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ Oruc Reis စွမ်းအင်ရှာဖွေရေး သင်္ဘော၏ စွမ်းအင်ရှာဖွေရေးလုပ်ဆောင်မှုကို စက်တင်ဘာလ ၁ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံက အစောပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ် ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့ပါသည်။

              ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင်  အထူးစီးပွားရေးဇုန် တည်ဆောက်သွားရန် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် တူရကီနိုင်ငံသည် ဩဂုတ်လအစောပိုင်းတွင် အဆိုပါဒေသ၌ စွမ်းအင်တူးဖော်ရေးကို ပြန်လည်စတင်ခဲ့ခြင်း ဖြစ်ပါသည်။ တူရကီကမ်းခြေများအနီးရှိ ကျွန်းငယ်များအား အထူးစီးပွားရေးဇုန်တစ်ခု အဖြစ်ကြေညာရန်ကြိုးပမ်းနေသည့် ဂရိ၏လုပ်ဆောင်မှုကို တူရကီနိုင်ငံက တစ်ဖက်သတ် ကန့်ကွက်ခဲ့ပါသည်။ ဆိုက်ပရပ်စ်ကျွန်းအနီးရှိ စွမ်းအင်အရင်းအမြစ်များကို တူရကီနှင့် ဂရိနိုင်ငံတို့က သင့်တင့်မျှတစွာ ခွဲဝေအသုံးပြုရမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြား ခဲ့ပါသည်။ အဆိုပါကိစ္စရပ်အပေါ် အငြင်းပွားနေသော နိုင်ငံများအကြား နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေရန် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ခြင်းသည်သာလျှင် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်ကြောင်းနှင့် ဂရိနိုင်ငံအနေဖြင့်လည်း တူရကီနိုင်ငံ၏အခွင့်အရေးကို အလေးထားသင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

              ဂရိနှင့် အီဂျစ်နိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားရန် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အဆိုပါ ဒေသ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်မှုများ ပြန်လည်စတင်သွားမည်ဟု တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က သြဂုတ်လ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ မူလက စွမ်းအင်ရှာဖွေရေး လုပ်ဆောင်မှုကို ဩဂုတ်လ ၃၁ ရက် ထိသာ သတ်မှတ်ထားသော်လည်း ယခုအခါတွင် စက်တင်ဘာလ ၁၁ ရက်ထိ ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့သည်ကို တွေ့ရှိရပါသည်။

              တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဂရိနိုင်ငံ၏ ကျွန်းတစ်ခုဖြစ်သည့် ကက်တဲလိုရီဇို (Kastellorizo) အနီး၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် ဇူလိုင်လအတွင်း ရေယာဉ်တစ်စီးစေလွှတ်ခဲ့ပြီးနောက် ဂရိနှင့်တူရကီနိုင်ငံ တို့အကြား တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂရိနိုင်ငံ သည် တူရကီနိုင်ငံအား အရေးယူပိတ်ဆို့မှုများချမှတ်ပေးရန် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့အား တောင်းဆိုခဲ့သည်ကို တွေ့ရှိရပါသည်။   

              လက်ရှိတွင် တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဆိုက်ပရပ်စ် ကမ်းလွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်မှုများကြောင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။ ထို့ကြောင့် တူရကီနိုင်ငံ အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဆက်လက် တူးဖော်ရန်ဆောင်ရွက်မှုသည် အဆိုပါဒေသအတွင်း တင်းမာမှုများ မြင့်တက်လာစေမည် ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ပြင်းထန်သည့်အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်သွားရနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Sunday, August 30, 2020

မြေထဲပင်လယ်စွမ်းအင်အငြင်းပွားမှု ဆက်လက်ဖြစ်ပွားနေချိန်တွင် ဆွေးနွေးမှုပြုလုပ်ရန် EU မျှော်လင့်ကြောင်း ဗာတီကန်သတင်း



နေတိုးအဖွဲ့ဝင်များဖြစ်သည့် ဂရိနှင့်တူရကီတို့ကြား ကာလကြာရှည်အငြင်းပွားနေသည့် ဤအငြင်းပွားမှုသည် လျော့ပါးသွားမည့်လက္ခဏာမပြပေ။

မြေထဲပင်လယ် အရှေ့ပိုင်းရှိ ဂရိကျွန်းစုများမှ ရေပြင်တွင် တူရကီ သင်္ဘောသားများ ရှာဖွေနေချိန်တွင် တင်းမာမှုများ မြင့်တက်လာသည်။ တူရကီ သုတေသနသင်္ဘော “Oruc Reis” သည် အေသင်တွင် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု အခိုင်အမာဆိုထားသည့် ရေပြင်တွင် တူရကီကမ်းခြေတောင်ဘက်ရှိ သတ္တုသိုက်များကို ရှာဖွေနေသည်။



30 / 08 / 2020

၎င်းတို့၏ အလားအလာရှိသော ကြိုးပမ်းမှုများတွင် ကြွက်သားများ ဖြည့်သွင်းရန်အတွက် တူရကီစွမ်းအင်သင်္ဘောအား အားကောင်းသည့် ရေတပ်သင်္ဘောများဖြင့် အရိပ်ထိုးထားသည်။

အန်ကာရာသည် ယင်းဧရိယာသည် ၎င်း၏ တိုက်ကြီးကမ်းလွန်ပင်လယ်ပြင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ငြင်းဆိုထားသည်။ ပိုဆိုးသည်မှာ၊ ဂရိသည် တူရကီလေတပ်မှ ဂျက်လေယာဉ်များက ၎င်း၏လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို မကျေမနပ်ဖြစ်နေသည်။

ကြွယ်ဝသော သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည့် ဆိုက်ပရပ်စ်အနီးတွင် အလားတူ ပဋိပက္ခဖြစ်ပွားနေပါသည်။
အေးဆေးတည်ငြိမ်ရန်ခေါ်ပါ


အာရုံကြောများ ငြိမ်သက်စေရန် ကြိုးပမ်းမှုတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က မီးပွားငယ်များသည် 'ကပ်ဆိုးကြီးဆီသို့ ဦးတည်သွားနိုင်သည်' ဟု သတိပေးခဲ့သည်။


ဂျာမနီအဓိပတိ Angela Merkel သည် တူရကီသမ္မတ Tayipp Erdogan နှင့် ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis တို့နှင့် အကြိမ်ပေါင်းများစွာ ဖုန်းပြောပြီး အငြင်းပွားမှုတွင် စေ့စပ်ညှိနှိုင်းရန် သီတင်းပတ်များကြာအောင် ကြိုးစားနေခဲ့သည်။

ယင်းအတွက် ဥရောပသမဂ္ဂက တောင်းဆိုထားသည်။ ကြက်ဆင် အငြင်းပွားရေပိုင်နက်အတွင်း စွမ်းအင်ရှာဖွေတူးဖော်မှုကို ချက်ချင်းရပ်တန့်ရန်၊ တင်းမာမှုများ မငြိမ်မသက်ဖြစ်ပါက ပိတ်ဆို့အရေးယူမှုအသစ်များ၏ ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဂရိနိုင်ငံခြားရေးဝန်ကြီးက တူရကီအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုမှုကို ထောက်ခံခဲ့သည်။ EU - ဂရိက အဖွဲ့ဝင်ဖြစ်တယ်။ တူရကီသည် 'အော်တိုမန်လက်သစ်ဝါဒ' ကို ကိုယ်စားပြုပြီး မြေထဲပင်လယ်အရှေ့ပိုင်းတွင် 'အကန့်အသတ်မရှိ ချဲ့ထွင်ရေးဝါဒ' ကို ကြိုးပမ်းနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း တည်ငြိမ်ရေး တောင်းဆိုမှုများ ရှိနေသော်လည်း တင်းမာမှုများ ငြိမ်သက်သွားမည့် အရိပ်အယောင် မတွေ့ရပေ။ ယင်းအခြေအနေအတိုင်းပင်၊ ဂရိနှင့်တူရကီနှစ်နိုင်ငံစလုံးသည် ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းဖြင့် တင်းမာမှုကို အရှိန်မြှင့်လျက်ရှိသည်။
စစ်ရေးလေ့ကျင့်မှု

ဆိုက်ပရပ်စ်၏ မြောက်ဘက်ပိုင်းရှိ တူရကီတောင်ပိုင်း Anamur မြို့အနီးတွင် စက်တင်ဘာ လလယ်အထိ တိုက်ရိုက်ပစ်ခတ်မှု စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု တူရကီက ပြောကြားခဲ့သည်။ ၎င်းသည် အန်ကာရာ၏ အရှေ့အနောက်ဘက်ဇုန်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့် စာစောင်တစ်ခုအပြင် ထွက်ပေါ်လာသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell က ဘရပ်ဆဲလ်သည် ဂရိနှင့် ဆိုက်ပရပ်စ်တို့နှင့် စည်းလုံးညီညွတ်မှုကို ပြသရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

“ဆွေးနွေးပွဲအတွက် စစ်မှန်တဲ့ နေရာတစ်ခုကို ထိန်းသိမ်းထားဖို့နဲ့ ကျွန်တော်တို့ရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ရေးမှာ စုပေါင်းအင်အားပြသတဲ့ကြားက လမ်းကြောင်းကောင်းတစ်ခု လျှောက်လှမ်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

လာမည့်လတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးတွင် ဥရောပနိုင်ငံများ၏ အကြီးအကဲများသည် အန်ကာရာနှင့် ဆိုးရွားသောဆက်ဆံရေးကို ဆွေးနွေးမည်ဖြစ်သည်။
https://www.europeantimes.news/my/2020/08/%E1%80%99%E1%80%BC%E1%80%B1%E1%80%91%E1%80%B2%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%BA%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%84%E1%80%BA%E1%80%A1%E1%80%84%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF-html-%E1%80%90%E1%80%BD%E1%80%84%E1%80%BA-eu-%E1%80%9E%E1%80%8A%E1%80%BA-%E1%80%90%E1%80%BD%E1%80%B1%E1%80%B7%E1%80%86%E1%80%AF%E1%80%B6%E1%80%86%E1%80%BD%E1%80%B1%E1%80%B8%E1%80%94%E1%80%BD%E1%80%B1%E1%80%B8%E1%80%9B%E1%80%94%E1%80%BA%E1%80%99%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%84%E1%80%B7%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA/

Monday, August 24, 2020

News Bar

 

              ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည် မြေထဲပင်လယ်အရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံတူးဖော်ခွင့်များနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်လာသည့် အပေါ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်အား ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးများသည် သယံဇာတ အရင်းအမြစ်များ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ရေကြောင်းနယ်နိမိတ်သတ်မှတ်ခြင်း စသောကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့သည် ဂရိနှင့် အီဂျစ်နိုင်ငံတို့အကြား အငြင်းပွားဖွယ် ပင်လယ်ရေကြောင်းကန့်သတ်မှုဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် တူရကီ၏ ရေနံတူးဖော်ရေး ပြန်လည်စတင်ခဲ့မှုနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

News Bar

 

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) သည် 5G နည်းပညာ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုး နိုင်ရန်အတွက် ဩဂုတ်လ ၁၃ ရက်တွင် ဆလိုဗေးနီးယား အစိုးရအရာရှိကြီးများနှင့် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ပွန်ပီယို၏ ဆလိုဗေးနီးယားခရီးစဉ်သည် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် ဆလိုဗေးနီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မှုဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဆလိုဗေးနီးယားသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နျူကလီးယားစွမ်းအင် ဆိုင်ရာကိစ္စရပ်၊ ဘောလ်ကန်အနောက်ပိုင်းပေါင်းစည်းရေးနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ် များအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အမေရိကန်သည် 5G နည်းပညာ ဆိုင်ရာ သဘောတူညီမှုများအား ၂၀၁၉ ခုနှစ်တွင် ပိုလန်၊ အက်စ်တိုးနီးယား၊ ချက်သမ္မတ နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

News Bar

 

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo)သည် ဩဂုတ်လ ၁၁ ရက်တွင် ချက်သမ္မတနိုင်ငံသို့ရောက်ရှိခဲ့ပြီးနောက် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တိုမတ်စ်ပက်ထရစ် (Tomas Petricek) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုပြီးတွင် ချက်သမ္မတနိုင်ငံမိုရေဗီယာ (Moravia) ပြည်နယ်၊ ဒူကိုဗာနီ (Dukovany) ကျေးရွာအနီးတွင် နျူကလီးယားစက်ရုံတစ်ခု တည်ဆောက်ရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့်နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုး ရန် အစီအစဉ်မရှိကြောင်း တိုမတ်စ်ပက်ထရစ်က ပြောကြားခဲ့ပါသည်။ သို့ရာတွင် အမေရိကန်အခြေစိုက် Westinghouse Electric Company အ‌နေဖြင့် ဒူကိုဗာနီ ‌ကျေးရွာအနီးတည်ဆောက်မည့် နျူကလီးယားစက်ရုံစီမံကိန်းအား ဆောက်လုပ်ပေးသွား မည်ဆိုသောသတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ နျူကလီးယားစက်ရုံတည်ဆောက်ရေး သည် မိုက်ပွန်ပီယို၏ ချက်သမ္မတနိုင်ငံခရီးစဉ်တွင် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာ များအနက် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

News Bar

 

              ဂရိနှင့် အီဂျစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက် နှင့်စပ်လျဉ်း၍ ဂရိနိုင်ငံခြားရေးဝန်ကြီးဟောင်း နီကို့စ်ကော့ဇီယာ(Nikos Kotzias) က ဩဂုတ် လ ၇ ရက်တွင် ၎င်း၏ facebook စာမျက်နှာပေါ်၌ ပြစ်တင်ဝေဖန်ခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုအောက်ရှိ ကိစ္စရပ်အားလုံးအပေါ် တွင် လိုက်လျောမှုများပေးအပ်ခဲ့ရကြောင်း ကော့ဇီယာက ပြောကြားခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည်  အလယ်ဗဟိုနယ်နိမိတ်စည်းမျဉ်း “middle line principle” ပေါ်တွင်အခြေခံထားရှိခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်နှင့်အညီ ဂရိနိုင်ငံအနေဖြင့် ကမ်းရိုးတန်းများ အချိုးညီစွာ ခွဲဝေထားမှုအပေါ် အခြေခံထားရှိကြောင်း ကော့ဇီယာ က ပြောကြားခဲ့ပါသည်။ သို့သော် အီဂျစ်နိုင်ငံသည် အထူးစီးပွားရေးဇုန်ကို ညီတူညီမျှ ပိုင်းခြားထားခြင်းမရှိဘဲ ၅၅ ရာခိုင်နှုန်းထိ ရယူထားရှိပြီး ဂရိနိုင်ငံအား ၄၅ ရာခိုင်နှုန်း သာလျှင် ပေးအပ်ခဲ့ကြောင်း  ကော့ဇီယာက ပြစ်တင်‌ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

News Bar

           ရိုမေးနီးယားနှင့် အမေရိကန်စစ်ဘက်တာဝန်ရှိသူများသည် ရိုမေးနီးယားနိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံတပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍ ဩဂုတ်လ ရက် တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ရိုမေးနီးယားနိုင်ငံအတွင်း ထပ်မံတပ်ဖြန့်ချ သွားမည့် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်နှင့် တပ်ဖြန့်ချသွားမည့် တည်နေရာများအား အဓိကထားဆွေးနွေးခဲ့ကြပါသည်။ အမေရိကန်အနေဖြင့် ပင်လယ်နက်ဒေသဖြစ်သည့် ရိုမေးနီးယားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များကို ပိုမိုတပ်ဖြန့်သွားရန် ရည်ရွယ်ထား ကြောင်းနှင့် အဆိုပါဆောင်ရွက်မှုသည် ရိုမေးနီးယားနိုင်ငံအား အင်အားတောင့်တင်း သည့် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးဆိုင်ရာ ၎င်းတို့၏ ကတိကဝတ်များကို ပြသ လျက်ရှိကြောင်း အမေရိကန် ကြည်းတပ်ဦးစီးချုပ် ဂျိမ်းစ်စီမက်ကွန်ဗေးလ် (James C McConville) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

News Bar

 

              ပိုလန်နိုင်ငံတွင် အမြဲတမ်းအခြေစိုက်ထားရှိသော  အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ဦး အား  အမေရိကန်နိုင်ငံ၏ စစ်ရေးအရ တည်ရှိမှုဆိုင်ရာ ဗဟိုအချက်အချာတစ်ခုအဖြစ် ပုံဖော်သွားမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) က ဩဂုတ်လ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ မာရွတ်ဇ်ဘလက်ဇ်က်  သည် အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဂျိမ်းစ်မက်ကွန်ဗီးလ် (James McConville)နှင့် ပိုလန်နိုင်ငံတွင် တွေ့ဆုံစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာသဘောတူညီချက်နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပါသည်။ ပိုလန် နှင့်အမေရိကန်နိုင်ငံတို့သည် အဆိုပါသဘောတူညီချက်အား ဇူလိုင်လ ၃၀ ရက်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မကြာမီကာလအတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

News Bar

 

              အယ်လ်ဘေးနီးယားသမ္မတ အီလီရာမီတာ (Ilir Meta) သည် တူရကီနှင့် လက်မှတ်ရေးထိုးထားသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား ဩဂုတ်လ ၃ ရက်တွင် အတည်ပြုခဲ့ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် တူရကီနိုင်ငံ၏ ထုတ်ကုန်များကိုဝယ်ယူရာတွင် အယ်လ်ဘေးနီးယားအား ငွေကြေးအထောက်အပံ့ပေးအပ်နိုင်ရေးနှင့် စစ်ရေး ရည်မှန်းချက်ဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအတွက် စည်းမျဉ်းများချမှတ်ရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အယ်လ်ဘေးနီးယားနှင့် တူရကီတို့သည် အထက်ပါသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်နှင့် ဖေဖော်ဝါရီလ ၂၁ ရက်တို့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘေးနီးယားလွှတ်တော်က ဇူလိုင်လ ၂၃ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

News Bar

 

              လစ်သူရေးနီးယားစစ်ဘက်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် NATO တပ်ဖွဲ့ဝင်များအကြား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံအနောက်ပိုင်း တွင် လေ့ကျင့်ရေးအဆောက်အအုံသစ်တစ်ခု တည်ဆောက်ရန် စဉ်းစားသုံးသပ်လျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ရိုင်မွန်ဒက်စ်ကာရော့လစ် (Raimundas Karonlis) က ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံ၊ ပါဘရာဒီ (Pabrade) မြို့ရှိ စစ်ရေး လေ့ကျင့်ရာနေရာသည် အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအတွက် လုံလောက်မှုရှိသော်လည်း လစ်သူရေးနီးယားတပ်ဖွဲ့ဝင်များအတွက် နေရာလပ် အနည်းငယ်သာကျန်ရှိသောကြောင့် ပါဘရာဒီနှင့် ရုခ်လာ (Rukla) မြို့တို့ရှိ လေ့ကျင့်ရေး နေရာများတွင် ယခုကဲ့သို့အဆောက်အအုံသစ်ဆောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကာရော့လစ်က ပြောကြားခဲ့ပါသည်။ အဆိုပါအဆောက်အအုံသစ်သည် လစ်သူရေးနီးယားရှိ အတန်သင့်ကြီးမားကျယ်ဝန်းသည့် လေ့ကျင့်ရေးနေရာဖြစ်လာမည်ဖြစ်ပြီး လက်ရှိတွင် လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

News Bar

           ဂရိနိုင်ငံနှင့်တင်းမာမှုများမြင့်တက်နေစဉ် တူရကီစစ်ဘက်သည် အေဂျီယန် ပင်လယ်ပြင် (Aegean Sea) တွင် ရေ-လေ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ပြုလုပ် ခဲ့ကြောင်း သြဂုတ်လ ၂၂ ရက်တွင် တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ဂရိနှင့်အငြင်းပွားလျက်ရှိသော မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟု တူရကီနိုင်ငံဘက်မှ ကြေညာခဲ့ ပြီးနောက် အဆိုပါကဲ့သို့ စစ်ရေးစွမ်းရည်မြှင့်တင်နိုင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း များ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ပွဲ (၃)ကြိမ်တိုင်တိုင်ဖြစ်ပွားလုနီးပါးဖြစ်ခဲ့သည့် တူရကီ-ဂရိ နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၇၀ ပြည့်နှစ်အလယ်ပိုင်းမှ လက်ရှိအချိန်အထိ တင်းမာလျက်ရှိကြောင်း သိရှိရပါသည်။

News Bar

 

              တူရကီစစ်ဘက်ယာဉ်တန်း တန်းသည်  ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အိုင်ဒဲလစ် (Idlib)  မြို့ရှိ ဘေးကင်းဇုန်သို့  ဝင်ရောက်လာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါယာဉ်တန်းများတွင် သံချပ်ကာ လူသယ်ယာဉ်များအပါအဝင် သံချပ်ကာယာဉ် ၂၀ စီးခန့်ပါဝင်ကြောင်း၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် စစ်လက်နက်ပစ္စည်းများအား သယ်ဆောင်လာခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပါသည်။  တူရကီနိုင်ငံသည်  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သစ် ရရှိခဲ့သည့်အချိန်မှစ၍ စစ်ဘက်သုံးမော်တော်ယာဉ်အများအပြားကို ဆီးရီးယားပိုင်နက် အတွင်းသို့ပို့ဆောင်ခဲ့ရာ လက်ရှိအချိန်တွင်  ,၈၇၀ စီးအထိ ရောက်ရှိလာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

News Bar

 

              တူရကီကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံအနောက်ပိုင်း အေဂျီယန် (Aegean) ပင်လယ်အတွင်း စက်လှေတိမ်းမှောက်ခဲ့မှုတွင်ပါဝင်ခဲ့သည့် လူ ၁၂ ဦးအား ဖမ်းဆီးခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူ ၈၃ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသို့  ဦးတည်ထွက်ခွာလာသည့် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများ စီးနင်းလိုက်ပါ လာသော စက်လှေများသည် သြဂုတ်လ ၁၉ ရက်တွင် တူရကီနိုင်ငံအနောက်ပိုင်း အေဒင် (Aydin) ပြည်နယ်ရှိ ကူဆာဒါဇီ (Kusadasi) အပန်းဖြေစခန်းနှင့် အစ်ဇ်မာ (Izmir) ပြည်နယ်တို့တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။ ထို့ပြင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည်  သြဂုတ်လ ၂၀ ရက်၌လည်း တူရကီ နိုင်ငံ၊ အေဗာလခ် (Ayvalik) ဒေသအနီး၌ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူ      ၁၂ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း  သိရှိရပါသည်။

News Bar

 

              တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် NATO အဖွဲ့၏ အကြီးအကဲ ဂျန်စတိုတန်ဘတ်ချ် (Jens Stoltenberg) တို့သည် မြေထဲ ပင်လယ်အရှေ့ပိုင်းအတွင်း တူရကီ၏ စွမ်းအင်တူးဖော်ရေးကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၁၉ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဒေသတွင်း တင်းမာမှုများကိုလျှော့ချရန်နှင့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ပဋိပက္ခများအပေါ် နိုင်ငံတကာဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း ဂျန်စတိုတန်ဘတ်ချ်က ပြောကြားခဲ့ပါသည်။ တူရကီသည် ဒေသတွင်းရှိ ရေစွမ်းအင်အရင်းအမြစ်များကို သင့်တင့် မျှတစွာခွဲဝေအသုံးပြုခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေရန် ဆွေးနွေးပွဲအတွင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

News Bar

           တူရကီ၊ ကာတာနှင့် ကုလသမဂ္ဂအသိမှတ်ပြု လစ်ဗျားအမျိုးသားသဘောတူညီချက် အစိုးရ (GNA)  တို့သည် လစ်ဗျားနိုင်ငံ၊ မစ်ရာတာ (Misrata) မြို့တွင် တူရကီရေတပ် အခြေစိုက်စခန်းတစ်ခုတည်ဆောက်ရေးသဘောတူညီချက်အား ဩဂုတ်လ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါသည်။ ၎င်းသဘောတူညီချက်အရ အဆိုပါမြို့တွင် ၃ နိုင်ငံဆိုင်ရာစစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရေးစင်တာတစ်ခုအား တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် ကာတာနိုင်ငံတို့သည် GNA တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်အားမြှင့်တင်ရန်  လစ်ဗျားနိုင်ငံသို့  စစ်ဘက်အကြံပေးများနှင့် အမှုထမ်းများ စေလွှတ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

News Bar

           တူရကီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်ဂရိဆိုက်ပရပ် (Greek Cypriot) မျိုးနွယ်စု အာဏာပိုင်တို့အကြားရရှိခဲ့သည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ရှုတ်ချကြောင်း ဩဂုတ်လ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိဆိုက်ပရပ် မျိုးနွယ်စု အာဏာပိုင်များသည် တူရကီဆိုက်ပရပ် (Turkish Cypriots) မျိုးနွယ်စုများနှင့် ဆိုက်ပရပ် ကျွန်းတစ်ခုလုံးအား ကိုယ်စားပြုခြင်းမရှိသောကြောင့် အထက်ပါကာကွယ်ရေးသ​ဘော တူညီချက်အား ရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အထက်ပါ ကာကွယ်ရေးသဘောတူညီချက်သည်  ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင် ခဲ့သော်လည်း   ပြင်သစ်နိုင်ငံနှင့် ဂရိဆိုက်ပရပ် မျိုးနွယ်စုအာဏာပိုင်တို့က ဩဂုတ်လ ၁၅ ရက်မှသာ ၎င်းသဘောတူညီချက်အား ကြေညာခဲ့ကြောင်း သိရှိရပါသည်။

News Bar

 

              တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယာရှာဂူလာ (Yashar Guler)နှင့် စစ်ဘက်အရာရှိကြီးများသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများအား ကြည့်ရှုလေ့လာရန်အတွက် ဩဂုတ်လ ၁၂ ရက်တွင် အဇာဘိုင်ဂျန် နိုင်ငံသို့ရောက်ရှိခဲ့ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဇာဘိုင်ဂျန်-တူရကီ နည်းဗျူဟာမြောက် ပူးပေါင်းပစ်ခတ်စဉ် နှင့် ကြည်း-လေ နည်းဗျူဟာမြောက်ပျံသန်းရေးဆိုင်ရာ လေ့ကျင့်ခန်းများ၏ ပထမအဆင့် လေ့ကျင့်မှုများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အစောပိုင်းသတင်းများ၌ ဖော်ပြ ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းများသို့ အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) လည်း တက်ရောက်အားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

News Bar

           တူရကီနိုင်ငံက အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ် (Kurdistan) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ် အီရတ်စစ်ဘက်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့‌မှုအပေါ် အီရတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့်‌ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီဒီကန် (Sidekan) နယ်မြေတွင် မဆင်မခြင်လေကြောင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ချက်ချင်းရပ်တန့်ရန်လိုအပ် ကြောင်း အီရတ်သမ္မတရုံး သတင်းထုတ်ပြန်ရေးဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် နယ်စပ်ပြဿနာ များကို ‌ဖြေရှင်းရာတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းစွာ‌ဖြေရှင်း‌ဆောင်ရွက်သွားသင့်ကြောင်းကိုလည်း အီရတ်သမ္မတရုံး သတင်းထုတ်ပြန်ရေး ဌာနက ‌ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

News Bar

 

              တူရကီနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုယ်တိုင်လက်နက်ချအဖမ်းခံသူ အကြမ်းဖက်သမား ၁၂၃ ဦးအထိ ရောက်ရှိလာခဲ့သည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဌာနက ဩဂုတ်လ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ ထုတ်ဖော်              ပြောကြားချက်အရ တူရကီပြည်ထဲရေးဝန်ကြီးဌာနနှင့် မြို့ပြစစ်ဘက်တပ်ဖွဲ့ဌာနများ၏ စည်းရုံးဖျောင်းဖျပြောဆိုမှုများကြောင့် အကြမ်းဖက်သမားများအနေဖြင့် ကိုယ်တိုင်လာရောက် လက်နက်ချအဖမ်းခံမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ အဆိုပါ အကြမ်းဖက်သမားများသည် ၂၀၁၄ ခုနှစ်တွင် ခွဲထွက်ရေးအဖွဲ့များနှင့် သွားရောက် ပူးပေါင်းကာ ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများ၌ ပါဝင်ခဲ့သူများဖြစ်ပြီး တူရကီလုံခြုံရေးတပ်ဖွဲ့များထံသို့ ၎င်းတို့မိသားစုဝင်များအကူအညီဖြင့် လာရောက်အဖမ်းခံ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

News Bar

           ကိုဆိုဗိုဝန်ကြီးချုပ် အဗ္ဗဒူလာဟိုတီ (Avdullah Hoti) သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့်အတွက်  သီတင်းပတ်နှစ်ပတ်ခန့် အထိ နေအိမ်အတွင်း၌သာ နေထိုင်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂ ရက်တွင်  ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌ ရေးသား ဖော်ပြခဲ့ပါသည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဩဂုတ်လ ၂ ရက်တွင်  သေဆုံးသူ ၁၃ ဦးရှိ ခဲ့ပြီး ပြီးခဲ့သည့်ရက်များအတွင်းကလည်း ကိုဆိုဗိုဒေသ၌ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာမြင့်တက်လာခဲ့ရာ လုံလောက်သည့်ထိန်းချုပ်ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသည့်အတွက် အစိုးရအနေဖြင့် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ကိုဆိုဗို ဒေသတွင် မတ်လအလယ်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၉,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၂၄၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ 

News Bar

 

              တရုတ်နှင့် ဆားဘီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်း လာသည့် လက္ခဏာတစ်ခုအဖြစ် ဆားဘီးယားနိုင်ငံသည် အလယ်အလတ်တန်းစား ရေဒါဖြင့်ပဲ့ထိန်းနိုင်သော မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအား တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ ကြောင်း Reuter သတင်းဌာနက ဩဂုတ်လ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ FK-3 အမည်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူမှုကို အစိုးရပိုင်လက်နက်ကုမ္ပဏီတစ်ခုဖြစ် သည့် Jugoimport SDPR ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပါ သည်။ Jugoimport SDPR ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂၀.၃ သန်းဖြင့် နိုင်ငံပေါင်း ၃၁ နိုင်ငံနှင့် လက်နက်တင်သွင်းမှု ၁၆၃ ခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါလက်နက်များဝယ်ယူမှုတွင် တရုတ်နိုင်ငံမှ လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များနှင့် ဥရောပ၏ ပထမဆုံးသော FK-3 ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူ မှုတို့ပါဝင်ကြောင်း သိရှိရပါသည်။

News Bar

 

              ဘူလ်ဂေးရီးယားကြည်းတပ်နှင့် ဥရောပရှိ အမေရိကန်လေတပ်မှ တပ်ဖွဲ့ဝင် ၇၅၀ ဦးခန့်သည် ချက်ရှ်နက်ဂျီရိုဗို (Cheshnegirovo) လေတပ်အခြေစိုက်စခန်းဧရိယာ အတွင်း Thracian Summer 2020 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း Sofia Globe သတင်းဝဘ်ဆိုက်က ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းသည် ယခုနှစ်တွင် ဘူလ်ဂေးရီးယားလေတပ်မှ ဦးဆောင်၍ပြုလုပ်သည့် အကြီးဆုံးသော နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများထဲမှ တစ်ခုဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်ခန်း တွင် အမေရိကန် C-130 လေယာဉ်များနှင့် Spartan အမည်ရှိ ဘူလ်ဂေးရီးယားစစ်ဘက် လေယာဉ်များမှ လေထီးစစ်သည်များ၏ မြေပြင်သို့ဆင်းသက်မှုများအပါအဝင် Cougar နှင့် Mi-17 ရဟတ်ယာဉ်အဖွဲ့များက ထိခိုက်ဒဏ်ရာရသူများကို ပြန်လည်ကယ်ဆယ်ရေး ဆောင်ရွက်ချက်များနှင့် လေကြောင်းဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးသရုပ်ပြမှုများ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

News Bar

           အမေရိကန်နိုင်ငံသည် ဥရောပဒေသရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ရွှေ့ ပြောင်းတပ်ဖြန့်မှုတစ်စိတ်တစ်ဒေသအဖြစ် ဘူလ်ဂေးရီးယားနှင့်ရိုမေးနီးယား နိုင်ငံများသို့ တပ်ဖွဲ့ဝင်များ စေလွှတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က ဖော်ပြခဲ့ပါသည်။ အမေရိကန်အနေဖြင့် ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယားတို့တွင် Stryker တိုက်ခိုက်ရေးတပ်မများ  ပြောင်းရွှေ့တပ်ဖြန့်ခြင်းသည် ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့်အား ပြန်လည်ရုပ်သိမ်းမည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်မှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သတင်း အရင်းအမြစ်များက ထောက်ပြခဲ့ပါသည်။ ဂျာမနီမှရုပ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင် များအနက်မှ ထက်ဝက်ခန့်အား ပင်လယ်နက်ဒေသအပါအဝင် ဉရောပရှိ အခြားနေရာ များသို့လည်း စေလွှတ်သွားနိုင်ဖွယ်ရှိပြီး အဆိုပါလုပ်ငန်းစဉ်သည် နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်ကာ အနည်းဆုံးအမေရိကန်ဒေါ်လာ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, August 23, 2020

ဟန်ဂေရီသည် Raytheon ကုမ္ပဏီမှ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များအား ဝယ်ယူရေးဆိုင်ရာ ကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

 

Reuters; Aug-12 (Wed)

              ဟန်ဂေရီနိုင်ငံသည် အမေရိကန်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့် Raytheon ကုမ္ပဏီမှ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ဝယ်ယူရေး ဆိုင်ရာ ကြေညာချက်တစ်ခုကို ဩဂုတ်လ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနဖြစ်သော MTI သတင်းဌာနက ကာကွယ်ရေးဝန်ကြီး တီဘောဘန်ကို (Tibor Benko) ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ဖိုးရှိသော အဆိုပါသဘောတူညီချက်အား နိုင်ငံခြားစစ်ဘက်ရောင်းဝယ်ရေး အဖွဲ့က စီမံခန့်ခွဲ၍ စက်တင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ဟန်ဂေရီနိုင်ငံရှိ စစ်လက်နက်ပစ္စည်းအများစုသည် ကွန်မြူနစ်ခေတ်ကာလမှစတင် အသုံးပြုလာခဲ့သော လက်နက်များဖြစ်သောကြောင့် လက်ရှိတွင် ကာကွယ်ရေးအသုံး စရိတ်ကိုတိုးမြှင့်၍ စစ်ဘက်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

              ဟန်ဂေရီနိုင်ငံသည် မကြာသေးမီအချိန်က ဂျာမနီနိုင်ငံမှ တင့်ကားများဝယ်ယူ ခဲ့သည့်အပြင် ၎င်း၏လေကြောင်းစွမ်းရည်များကိုလည်း အဆင့်မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ဟန်ဂေရီနိုင်ငံ၏ ယခင်အစိုးရများသည် ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အဓိကထား လုပ်ဆောင်ခဲ့သော်လည်း လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban)၏ အစိုးရအဖွဲ့သည် စစ်ဘက်အဆင့်မြှင့်တင်မှုအား အဓိကထား လုပ်ဆောင်လျက်ရှိပါသည်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ် (Budapest) မြို့၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) နှင့် ၂၀၁၉ ခုနှစ်တွင်ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အမေရိကန်နိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူမည့်ကိစ္စရပ်အား ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

သုံးသပ်ချက်

              ဟန်ဂေရီနိုင်ငံသည် အရှေ့ဥရောပဒေသတွင် တည်ရှိသည့် NATO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဟန်ဂေရီနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ၁၈၆၇ ခုနှစ်မှစတင်၍ တရားဝင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ ဆက်ဆံရေးကောင်းမွန် လျက်ရှိပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ ခုနှစ်နောက်ဆုံးထား၍ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုရမည်ဟု သတ်မှတ်ချက် ရှိသဖြင့် ဟန်ဂေရီနိုင်ငံသည် လက်ရှိအချိန်တွင် ဂျီဒီပီ၏ ၁.၂ ရာခိုင်နှုန်းအထိသာ သုံးစွဲ လျက်ရှိသဖြင့် ယခုထက် ပိုမိုတိုးမြှင့်သုံးစွဲရန် လုပ်ဆောင်လျက်ရှိပါသည်။

              ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Vitor Orban)၏ အစိုးရအဖွဲ့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍထက် စစ်ဘက်ဆိုင်ရာမြှင့်တင်မှုကိုသာ အဓိက ထားလုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် ဟန်ဂေရီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် အဆင့်မြှင့်တင်ထားသော ဝေဟင်မှဝေဟင်ပစ် တာလတ်ပစ်ဒုံးကျည် (Advanced Medium-Range Air-to-Air Missiles -AMRAAM) ၁၈၀ စင်းနှင့် အပိုပစ္စည်း ၄ ခုကို ဝယ်ယူရန်တောင်းဆိုခဲ့ပြီး အမေရိကန်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် AMRAAM ၆၀ စင်းကို ဟန်ဂေရီနိုင်ငံသို့ ရောင်းချသွားမည်ဟု ကြေညာခဲ့ပါသည်။

                  ယခုတွင်လည်း ဟန်ဂေရီနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ၁ ဘီလီယံတန်ဖိုးရှိ  လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် NASAMS ( National  Advance Surface to Air Missile System) များဝယ်ယူရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဟန်ဂေရီနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ စစ်ရေးကဏ္ဍတွင်သာမက ကဏ္ဍအသီးသီးတွင်လည်း ဆက်လက်ကောင်းမွန်နေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။