Monday, February 28, 2022

တူရကီလက်ထောက်ပြည်ထဲရေးဝန်ကြီး အစ္စမေးဂါတာလီ နှင့် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်ရာဆက်အာမက် တို့သည် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

    တူရကီလက်ထောက်ပြည်ထဲရေးဝန်ကြီး အစ္စမေးဂါတာလီ (Ismail Gatakli) နှင့် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်ရာဆက်အာမက် (Sheikh Rashid Ahmed) တို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဒေသတွင်း လုံခြုံရေး၊ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့် လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း Thenews သတင်းဌာနက မတ်လ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ပါကစ္စတန်-တူရကီ နှစ်နိုင်ငံဆက်ဆံရေး အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။ ထို့ပြင် တူရကီနှင့်ပါကစ္စတန်တို့သည် အကောင်းဆုံးမိတ်ဖက် နိုင်ငံများဖြစ်သည့်အပြင် ရာစုနှစ်များစွာကြာ ကောင်းမွန်သည့်ဆက်ဆံရေးများရှိပြီး တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်အရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့သည် ၎င်းတို့ နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်တစ်ခုဖြစ်သည်ဟု ရှိတ်ရာဆက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံသည် ၎င်း၏ရေတပ်အားအဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာများစွာကုန်ကျမည့် အဆိုပြုချက်အား အတည်ပြုခဲ့ခြင်း

 

Thedefensepost; Feb-28 (Mon)

     ဂရိနိုင်ငံအနေဖြင့် ၎င်း၏ရေတပ်အား နှစ် ၂၀ အတွင်း ခေတ်မီရေတပ်မတော် တစ်ခုအဖြစ်ရောက်ရှိလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ရာ ရေတပ်ဆိုင်ရာအဆင့်မြှင့် တင်ခြင်းများ ပြုလုပ်သွားရန်အတွက် အမေရိကန်ဒေါ်လာဘီလီယံများစွာ သုံးစွဲမည့် အဆိုပြုချက်အား ဂရိအစိုးရက အတည်ပြုခဲ့သည်ဟု Thedefensepost သတင်းဌာနက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံနှင့်တူရကီနိုင်ငံတို့အကြား ဖြစ်ပွား လျက်ရှိသော ရေပိုင်နက်နှင့်အချုပ်အခြာအာဏာပိုင်နယ်မြေဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ တင်းမာမှုများမှာ မြင့်တက်လျက်ရှိပါသည်။ တူရကီအစိုးရအနေဖြင့် ဂရိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်အတွင်းရှိ တူရကီကမ်းရိုးတန်းနှင့်ထိစပ်နေသော ကျွန်းစုများအပါအဝင် ရေမိုင် ၁၂ မိုင်ကို တောင်းဆိုပါက တူရကီနှင့်ဂရိနိုင်ငံတို့အကြား စစ်ဖြစ်နိုင်မည့်အလားအလာရှိကြောင်း အဆိုပါသတင်းဌာနက ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ဂရိအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံ၏ရေတပ်အား အဆင့်မြှင့်တင် ခြင်းများပြုလုပ်မည့် အဆိုပြုချက်အား အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

      အထက်ပါဂရိအစိုးရ၏အတည်ပြုချက်အရ ဂရိနိုင်ငံသည် လာမည့် ၄ နှစ်အတွင်း ပြင်သစ်နိုင်ငံမှ Belharra ဖရီးဂိတ်စစ်ရေယာဉ် ၃ စီး ဝယ်ယူသွားရန်အတွက် အမေရိကန်ဒေါ်လာ ၂.၅၃ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဂရိနိုင်ငံ အနေဖြင့် ၂၀၂၃ ခုနှစ်တွင် Belharra ဖရီးဂိတ်သင်္ဘောနှင့် ကော်ဗတ်စစ်ရေယာဉ် ၄ စီး ဝယ်ယူသွားနိုင်ဖွယ်ရှိပါသည်။ အဆိုပါ Belharra ဖရီးဂိတ်များအား ကီလိုမီတာ ၂၀၀ အတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိသည့် Exocet အမျိုးအစားသင်္ဘောဖျက် ခရုဇ်ဒုံးကျည်များ တပ်ဆင်သွားမည်ဖြစ်ပြီး ၎င်းခရုဇ်ဒုံးကျည်များတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစွမ်းရည်များလည်း ပါဝင်ပါသည်။ ထို့ပြင် ကီလိုမီတာ ၁၂၀ ထိ ပစ်ခတ် နိုင်စွမ်းရှိသည့် Aster 30 အမျိုးအစား မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ (Surface-to-air missiles) ကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူရကီနှင့် ပါကစ္စတန်တို့သည် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များအား ပူးတွဲထုတ်လုပ်သွားမည်ဟု ကြေညာခဲ့ခြင်း

 

TheDefensePost; Feb-28 (Mon)

              တူရကီလေကြောင်းအာကာသစက်မှုလုပ်ငန်း (Turkish Aerospace Industries-TAI) သည် TF-X အမည်ရှိ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အား ၂၀၃၀ ပြည့်နှစ် အစောပိုင်းတွင် တပ်ဖြန့်ချထားနိုင်ရန် ပါကစ္စတန်နိုင်ငံပိုင် ( Pakistan Aeronautical Complex PAC ) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် အဆိုပါစီမံကိန်းအား ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း TAI ၏ ဥက္ကဋ္ဌ တီမဲလ်ကိုတီ (Temel Kotil) က Aaj News သတင်းဌာနနှင့်တွေ့ဆုံ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ အဆိုပါ TF-X အမည်ရှိ ပဉ္စမမျိုးဆက် တိုက်လေယာဉ်အား လက်ရှိအသုံးပြုလျက်ရှိသော အမေရိကန်နိုင်ငံ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးသွား မည်ဖြစ်ပြီး နှစ်နိုင်ငံစစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်း တည်ဆောက်နိုင်မည်ဟု မျှော်မှန်းထားလျက်ရှိပါသည်။

              အထက်ပါနှစ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် TF-X တိုက်လေယာဉ် ရှေ့ပြေးပုံစံ တစ်ခုအား တည်ဆောက်သွားရန်နှင့် ၂၀၂၆ ခုနှစ်တွင် TF-X တိုက်လေယာဉ်၏ ပထမဆုံးပျံသန်းမှုအား စတင်လုပ်ဆောင်နိုင်ရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံအနေဖြင့် ၂၀၄၇ ခုနှစ်တွင် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်တစ်အုပ်ပိုင်ဆိုင်နိုင်ရေး ရည်မှန်းချက်ထား  ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ထို့ပြင် TF-X စီမံကိန်းသည် ပါကစ္စတန်လေတပ် (Pakistan Air Force-PAF) တွင် ပထမဆုံးသော ပဉ္စမမျိုးဆက်တိုက်လေယာဉ်အား စတင်အသုံးပြုရန် ပထမဆုံးခြေလှမ်းလည်းဖြစ်ပါသည်။ TAI သည် TF-X တိုက်လေယာဉ် ထုတ်လုပ်ရေးစီမံကိန်းအား ဦးဆောင်မည်ဖြစ်ပြီး လေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၌  ပါကစ္စတန်နိုင်ငံမှ အင်ဂျင်နီယာများကို ငှားရမ်းအသုံးပြုသွားမည်ဖြစ်ပါသည်။ TAI သည် ၎င်း၏ပထမဆုံးရုံးခွဲအား ပါကစ္စတန်နိုင်ငံ National Science & Technology Park အမည်ရှိ ပထမဆုံးနည်းပညာဇုန်၌ ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် ရဟတ်ယာဉ်များဝယ်ယူခြင်းနှင့် ဒရုန်းများတည်ဆောက်ခြင်း အပါအဝင် ကာကွယ်ရေးစီမံကိန်းများစွာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Poland, Lithuania, Latvia and Estonia PMs dissatisfied with Google, YouTube, Facebook and Twitter actions

 

Google, YouTube, Facebook and Twitter should do more to combat disinformation related to Russia's invasion of Ukraine, the prime ministers of Poland, Lithuania, Latvia and Estonia have said.

In a joint letter to four company executives, the four prime ministers slammed the American tech giants, saying what they have done so far is inadequate, Reuters reports.

While online platforms have made significant efforts to counter the Russian government’s unprecedented attack on the truth, they have not done enough, the letter says.

 28.02.2022

Russian disinformation has been tolerated on online platforms for years; they are now complicit in the criminal war of aggression that the Russian government is waging against Ukraine and the free world.

They called on companies to actively block accounts that deny, glorify or justify wars of aggression, war crimes and crimes against humanity.

They also called on the tech giants to block the official accounts of Russian and Belarusian state structures, state-controlled media, and personal accounts of country leaders and their supporters who systematically spread disinformation about the situation in Ukraine.

Countries have urged companies to prevent Russian state media from circumventing restrictions placed against them by several national regulators.

Online platforms should adjust their search and recommendation algorithms to inform users of misinformation, they said, and immediately demonetize all accounts controlled by the Russian and Belarusian governments.

Poland, Lithuania, Latvia and Estonia PMs dissatisfied with Google, YouTube, Facebook and Twitter actions (news.am)

Presidents of Bulgaria, Czech Republic, Estonia, Latvia, Lithuania, Poland, Slovakia, Slovenia call for immediate granting Ukraine status of EU candidate country

 

The Presidents of Bulgaria, the Czech Republic, Estonia, Latvia, Lithuania, Poland, Slovakia and Slovenia called for immediate granting Ukraine the status of an EU candidate country.

"We, the Presidents of the EU member states: the Republic of Bulgaria, the Czech Republic, the Republic of Estonia, the Republic of Latvia, the Republic of Lithuania, the Republic of Poland, the Slovak Republic, and the Republic of Slovenia strongly believe that Ukraine deserves receiving an immediate EU accession perspective. Therefore, we call on the EU Member States to consolidate highest political support to Ukraine and enable the EU institutions to conduct steps to immediately grant Ukraine a EU candidate country status and open the process of negotiations," the Presidents said in a joint statement published on the website of the President of Lithuania on Monday.

The leaders said they reaffirmed our full solidarity with Ukraine and its people in this critical moment.

https://en.interfax.com.ua/news/general/804136.html