Tuesday, March 30, 2021

EU takes Poland to court over law that 'undermines judges'

 

Wed 31 Mar 2021 14.49 BST

The European commission has said it is taking Poland to the bloc’s highest court over a legal change it alleges undermines judges’ independence and prevents them applying EU law, drawing an instant and defiant response from Warsaw.

In the latest salvo in a longstanding dispute over respect for the rule of law, Brussels said on Wednesday it was also asking the European court of justice (ECJ) to make an interim order suspending Poland’s 2019 law until its final judgment is delivered.

“The commission believes the law infringes on the independence of the judiciary in Poland and is incompatible with the primacy of the law of the union,” the EU justice commissioner, Didier Reynders, told a news conference.

Advertisement

Poland’s nationalist government said there was no legal or factual justification for the move. A government spokesperson said the judiciary was “an exclusively national domain” and that Polish regulations “do not deviate from EU standards”.

The judicial law, which came into force in February 2020, prevents Polish judges from referring matters of law to the ECJ and created a national body to rule on judges’ independence without regard to EU law.

It also established a “disciplinary chamber” to oversee judges on the country’s supreme court, with powers to lift their immunity from criminal prosecution, temporarily suspend them from office and reduce their salaries.

The chamber, which is composed mainly of government loyalists, has so far suspended three supreme court judges after they criticised the changes and other justice ministry policies.

The commission, which started infringement proceedings against Poland in 2017, said in its referral that the 2019 law was incompatible with the primacy of EU law and, via disciplinary action, effectively prevented courts from directly applying EU law.

“Polish judges are also European judges,” said Věra Jourová, a commission vice-president. “They apply EU law and contribute to the mutual trust on which Europe is built. National governments are free to reform the judiciary but have to respect EU treaties.”

The commission said it was asking for interim measures “to prevent the aggravation of serious and irreparable harm inflicted to judicial independence and the EU legal order.”. The move was “a crucial step in the infraction procedure”, Reynders said.

The referral is part of a long-running campaign by the EU’s executive to bring the populist nationalist governments of Poland and Hungary back into line with what it considers European democratic norms.

The leaders of the main political groupings in the European parliament sent a letter last week to the commission president, Ursula von der Leyen, saying the erosion of the rule of law in Poland “may eventually end in the collapse of the union”.

https://www.theguardian.com/world/2021/mar/31/eu-takes-poland-to-court-over-law-that-undermines-judges


Sunday, March 21, 2021

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးသဘောတူညီချက်မှ တူရကီနိုင်ငံ နုတ်ထွက်ခဲ့ခြင်း

Reuters; Mar-20 (Sat)

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ဥရောပသဘောတူစာချုပ်မှနုတ်ထွက်ကြောင်း တူရကီနိုင်ငံက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ “အစ္စတန်ဘူလ်သဘောတူညီချက်” (Istanbul Convention) ဟု လူသိများသည့် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာ ဥရောပကောင်စီသဘောတူညီချက်” (The Council of Europe Convention on Preventing and Combating Violence Against Women and Domestic Violence) အား တူရကီနိုင်ငံက ၂၀၁၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော် လတ်တလောနှစ်များအတွင်း တူရကီနိုင်ငံ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တိုးပွားလာခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှု များနှင့် ရင်ဆိုင်ခဲ့ရပါသည်။

အစ္စတန်ဘူလ်သဘောတူညီချက်မှ မည်သည့်အတွက်ကြောင့် နုတ်ထွက်ရ ကြောင်း တူရကီအစိုးရက ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ သို့သော် အခြားသော သဘော တူညီချက်များ၊ စာချုပ်များထက် ပြည်တွင်းဥပဒေက အမျိုးသမီးများ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားကြပါသည်။ သဘောတူညီချက်မှနုတ်ထွက်မှုအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသည့်အနေဖြင့် အစ္စတန်ဘူလ်မြို့တွင် အမျိုးသမီးတစ်ရာကျော်သည် ခရမ်းရောင်အလံများကိုင်ဆောင်၍ လှည့်လည်ချီတက်ခဲ့ကြပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်မှနုတ်ထွက်ခဲ့သည့် တူရကီအစိုးရ၏ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပကောင်စီ (Council of Europe) အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံမှ ရှေးရိုးစွဲအများစုနှင့် အာဏာရ AKP ပါတီကမူ အစ္စတန်ဘူလ်သဘောတူညီချက်သည် မိသားစုပုံစံများကို ထိခိုက်လျော့ပါးစေပြီး အကြမ်းဖက်မှုဖြစ်စေရန် အားပေးအားမြှောက် ပြုကြောင်း ပြောကြားကြသည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုနှင့် အိမ်တွင်း အကြမ်းဖက်မှုအများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပါသည်။ အစ္စလာမ်ဘာသာရေး ထုံးတမ်းစဉ်လာများအရ အမျိုးသားများအနေဖြင့် အမျိုးသမီးများအပေါ် နှိမ့်ချဆက်ဆံ ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို တရားဝင်ခွင့်ပြုထားသကဲ့သို့ဖြစ်နေရာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက အမြဲတစေ ပြစ်တင် ဝေဖန်လျက်ရှိပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကာကွယ် တားဆီးရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာညီလာခံကို ၂၀၁၁ ခုနှစ်တွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တူရကီသည် အစောဆုံး လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံဖြစ်ပါသည်။ တူရကီအစိုးရအနေဖြင့် သဘောတူညီချက်မှ နုတ်ထွက်ရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့သည်ကို ယခုတိုင် ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း ဘာသာရေးအဖွဲ့အစည်းများနှင့် ရှေးရိုးစွဲများကမူ တူရကီ အစိုးရ၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်သည် အစဉ်အလာ မိသားစုစံနှုန်းတန်ဖိုးများကို ထိခိုက်လျော့ပါးစေကြောင်းနှင့် လိင်တူ စုံမက်သည့် LGBTQ အသိုင်းအဝိုင်းကို အားပေးအားမြှောက်ပြုနေကြောင်း ၎င်းတို့က ပြောကြားကြပါသည်။ တူရကီနိုင်ငံ၏ အဓိကအတိုက်အခံပါတီကမူ အာဒိုဂန်အစိုးရ၏ ဆုံးဖြတ်ချက်သည် အမျိုးသမီးများအား ဒုတိယတန်းစားနိုင်ငံသားများအဖြစ် ချောင်ထိုး နိုင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်းနှင့် သဘောတူညီချက်သို့ ပြန်လည်ဝင်ရောက်ရန် ဝေဖန်ပြောကြားခဲ့ပါသည်။ အစ္စတန်ဘူလ်သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် တူရကီအစိုးရ၏လုပ်ရပ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအိပ်မက်ကို ပိုမိုဝေဝါး သွားစေမည်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်ပြည်တွင်းဖိအားများကို ပိုမိုရင်ဆိုင်လာရဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

 

သူလျှိုလုပ်နေမှုများအား ရပ်တန့်သွားရန် ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ရုရှားနိုင်ငံအား ပြောကြားခဲ့ခြင်း

CAN; Mar-21 (Sun)

        ရုရှားနိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံအတွင်း သူလျှိုလုပ်နေမှုကို ရပ်တန့် သွားရန် ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ် (Boyko Borissov) က မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားစစ်သံမှူး ၁ ဦးအပါအဝင် အငြိမ်းစားနှင့်တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်ထောက်လှမ်းရေးအရာရှိ ၆ ဦးသည် ဘူလ်ဂေးရီးယားနိုင်ငံ၏ သတင်းအချက် အလက်များကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု ဘူလ်ဂေးရီးယားအစိုးရရှေ့နေများက မတ်လ ၁၉ ရက်တွင် တရားစွဲဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ၁၈ လအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ရုရှားနိုင်ငံမှ နိုင်ငံအတွင်း သူလျှိုလုပ်သည်ဟု သံသယဝင်ခဲ့ သဖြင့် စစ်သံမှူး ၁ ဦးအပါအဝင် ရုရှားသံတမန် ၆ ဦးကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် ဘူလ်ဂေးရီးယားနှင့် ရုရှားနိုင်ငံတို့အကြား သမိုင်းကြောင်း အရ ကောင်းမွန်ခဲ့သော သံတမန်ဆက်ဆံရေးမှာ တင်းမာခဲ့ရပါသည်။
    ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် ထင်မြင်ယူဆချက်များ ပြောကြားနေမှုကို တရားရုံးမှ စီရင်ချက်ချပြီးသည်အထိ ရပ်ဆိုင်းသင့်ကြောင်း မြို့တော် ဆိုဖီယာ(Sofia) ရှိ ရုရှားသံရုံးက မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်၊ ဗြိတိန်နှင့် အိမ်နီးချင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့သည် ဘူလ်ဂေးရီးယားနိုင်ငံအတွင်း ရုရှားနိုင်ငံ၏ ဆိုးဝါးသောလုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်းပြောကြားခဲ့ပါသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်(Dominic Raab) သည် မတ်လ ၂၀ ရက်တွင် ၎င်း၏တွစ်တာ၌ “ဘူလ်ဂေးရီးယားနိုင်ငံအပေါ် ထောက်လှမ်းရန်ကြိုးပမ်းမှုများအား နှောင့်ယှက်ရန်နှင့် ရုရှား၏ရန်လိုသောလုပ်ရပ်များအား ကိုင်တွယ်ရန်ကြိုးပမ်းမှုများအား အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူရကီသမ္မတနှင့်ဆလိုဗေးနီးယားသမ္မတတို့နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ကောင်မွန်စေမည့်နည်းလမ်းများနှင့်ပက်သက်၍ တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့ခြင်

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ဆလိုဗေးနီးယားသမ္မတ ဘိုရက်ပါဟော့ရ် (Borut Pahor) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေမည့်နည်းလမ်းများနှင့်ပတ်သက်၍ တယ်လီဖုန်း မှတစ်ဆင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း မတ်လ ၂၀ ရက်တွင် သတင်း အရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ အဆိုပါတယ်လီဖုန်းဆက်သွယ်မှုအတွင်း နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့သည့် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

လစ်ဗျားဝန်ကြီးချုက်နှင့်သမ္မတကောင်စီအကြီးအကဲတို့အား တူရကီသမ္မတတယ်လီဖုန်းဆက်သွယ်မှုဖြင့်ဆက်ဆံရေးနှင့်ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများဆွေးနွေးခဲ့ခြင်း

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Resecp Tayyip Erdogan) သည် လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘာ (Abdul Hamid Dbeibeh) နှင့် လစ်ဗျား သမ္မတကောင်စီအကြီးအကဲ မိုဟမ်မက်မန်ဖီ (Mohammad Menfi) တို့အား မတ်လ ၂၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း တူရကီအစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆက်သွယ်ပြောဆိုမှုအတွင်း သမ္မတ အာဒိုဂန်သည် တူရကီ-လစ်ဗျားဆက်ဆံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး လစ်ဗျားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအတွက် တူရကီနိုင်ငံအနေဖြင့် ကူညီ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် အပြန်အလှန်အကျိုးသက်ရောက်မှုများကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

Saturday, March 20, 2021

အယ်လ်ဘေးနီးယားနိုင်ငံ၌ လာမည့် ဧပြီလ၂၅ရက်တွင်လွှတ်တော်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ရာ ဆန်းစစ်လေ့ကျင့်မှုများပြုလုပ်ရန်အတွက် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ရုံးခန်းအားမြို့တော်တီယားနား၌ ဖွင့်လှစ်ခဲ့ခြင်း

        အယ်လ်ဘေးနီးယားနိုင်ငံ၌ လာမည့် ဧပြီလ ၂၅ ရက်တွင် လွှတ်တော် ရွေးကောက်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲတွင် ဆန်းစစ်လေ့လာမှုများပြုလုပ်ရန်အတွက် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Coopreation in Europe-OSCE) သည် ၎င်းတို့၏ ရုံးခန်းအား မတ်လ ၁၉ ရက်တွင် အယ်လ်ဘေးနီးယားနိုင်ငံ၏ မြို့တော် တီယားနား (Tirana) ၌ ဖွင့်လှစ်ခဲ့ပါသည်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကျွမ်းကျင် အဖွဲ့ ၁၂ ဖွဲ့သည် မတ်လ ၂၆ ရက်မှစ၍ အထွေထွေေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေရာများတွင် ထားရှိသွားမည်ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွား နေသော ကာလဖြစ်သဖြင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များအား ၎င်းတို့တာဝန် ထမ်းဆောင်မည့်နေရာများတွင် ကြိုတင်၍ ထားရှိခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါသည်။ လွှတ်တော် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ ၃.၅၈ သန်းကျော်သည် လွှတ်တော်အမတ် ၁၄၀ ဦးအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဟု သိရှိရပါသည်။

အမျိုးသမီးများအပေါ် ကာကွယ်ရေးစောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ဥရောပကောင်စီ၏ သဘောတူစာချုပ်မှ တူရကီသမ္မတနုတ်ထွက်ခဲ့ခြင်း

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အမျိုးသမီးများအပေါ် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ဥရောပကောင်စီ၏ သဘောတူစာချုပ်တစ်ခုမှ နုတ်ထွက်ခဲ့ကြောင်း Reuters သတင်းဌာနက မတ်လ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် အမျိုးသမီးများ၏ လူ့အခွင့် အရေးနှင့်ပတ်သက်၍ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တူရကီနိုင်ငံ၏ တရားစီရင်ရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်းနှင့် ၎င်းတို့ စည်းမျဉ်း ဥပဒေအတွက် လုံလောက်မှုရှိကြောင်း မိသားစု၊ အလုပ်သမား၊ လူမှုရေးနှင့် ပတ်သက်သည့် မူဝါဒရေးရာဝန်ကြီး ဇီရာဇူမာရတ် (Zehra Zumrut) က ပြောကြား ထားပါသည်။ တူရကီနိုင်ငံသည် အဆိုပါသဘောတူညီချက်ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံအတွင်း အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများမြင့်တက်လာကြောင်း သိရှိရပါသည်။

Friday, March 19, 2021

အမေရိကန်နိုင်ငံမှ F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များပေးပို့ရန် ငြင်းဆန်မှုအပေါ် တူရကီကာကွယ်ရေးဝန်ကြီးက ဝေဖန်ပြောကြားခဲ့ခြင်း

Ahval News;Feb-27(Sat)

အမေရိကန်နိုင်ငံအနေဖြင့် F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များအား တူရကီ နိုင်ငံသို့ပေးပို့ရန် ငြင်းဆန်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ(Hulusi Akar)က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံအနေဖြင့် F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များထုတ်လုပ်ရေးအစီအစဉ် တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါလေယာဉ်များထုတ်လုပ်ရန်အတွက် လိုအပ်သည့် အကူအညီများပေးအပ်ခြင်းနှင့် ဝယ်ယူရန်အတွက် ကျသင့်ငွေများပေးချေပြီးဖြစ်သော် လည်း အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါလေယာဉ်များအား ၎င်းတို့နိုင်ငံသို့ပေးပို့သွားရန် အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန်လျက်ရှိသည်ဟု အကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီရန်-တူရကီနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် ဒေသတွင်းဖြစ်ပေါ်နေသော ဖွံ့ဖြိုးတိုးတက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် တူရကီနိုင်ငံသို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

        အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ် (Javad Zarif)သည် အီရန်-တူရကီ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် ဒေသတွင်းဖြစ်ပေါ်နေသော ဖွံ့ဖြိုးတိုးတက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် မတ်လ ၁၉ ရက်တွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ဇာရစ်သည် အီရန်နှင့် တူရကီနိုင်ငံတို့အကြား ဆက်ဆံရေးအပါအဝင် လက်ရှိဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် ဇာရစ်သည် တူရကီနိုင်ငံသို့ရောက်ရှိစဉ် မြို့တော် အစ္စတန်ဘူလ် (Istanbul) ၌ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သံတမန်သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်ဟု သိရှိရ ပါသည်။

Thursday, March 18, 2021

E-residency, education, e-governance drives India-Estonia ties

Estonia and India are currently non-permanent members of the UN Security Council and have indicated areas of mutual cooperation. Besides there is increasing interest from Estonian entrepreneurs towards the Indian market.

India has announced the opening of an Embassy in Tallinn, capital of Estonia, by year-end and there are number of reasons why New Delhi has decided to do so as part of its efforts to enhance diplomatic presence in Europe including Baltics.

Estonia and India are currently non-permanent members of the UN Security Council and have indicated areas of mutual cooperation. Besides there is increasing interest from Estonian entrepreneurs towards the Indian market.

Estonian e-residency program continues to be popular among Indian people as it enables establishing and managing an EU company fully remotely which is very practical during the ongoing pandemic. Estonia also continues to be an attractive destination for higher education seekers as several programs in English are available and Estonia is known for its high quality of education.

It may be noted that Estonia and India are celebrating 30 years from the establishment of diplomatic relations. The EU leaders including Estonia will meet prime minister Modi in May in Porto during the EU-India leaders’ meeting.

Cybersecurity is one area where there is potential for Estonia and India to continue to work together and a bilateral cybersecurity dialogue with India may be set up. In 2018 Estonia entered into a MoU with Telangana which includes a cyber component. In 2019, India and Estonia decided to cooperate on cyber issues and e-governance and emerging digital technologies during the visit of the Vice President Venkaiah Naidu to Estonia.

India has decided to enhance its engagement with Nordic and Baltic states eyeing cooperation in the areas of high technology, Artificial Intelligence, green technology and investments. 

https://economictimes.indiatimes.com/news/politics-and-nation/e-residency-education-e-governance-drives-india-estonia-ties/articleshow/81588487.cms

Wednesday, March 17, 2021

အမေရိကန်နှင့်တူရကီနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး ကအမေရိကန်-တူရကီအဖွဲ့အစည်းထံပေးပို့ခဲ့ခြင်း

        အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် အလွန် အရေးကြီးသဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောကြားထားသည့် Video File တစ်ခုအား အမေရိကန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ဟာဆန်မူရတ်မာကန် (Hasan Murat Mercan) က အမေရိကန် -တူရကီအဖွဲ့အစည်း (Turkey-American Community) ထံ ပေးပို့ခဲ့သည်ဟု AA သတင်း ဌာနက မတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်-တူရကီ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန်မှာ အရေးကြီးဆုံးသော ဆောင်ရွက်ချက်များဖြစ်လိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်း‌ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းမှ အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များ၏ ကူညီထောက်ပံ့မှု၊ ပူးပေါင်းပါဝင်မှုနှင့် အကြံဉာဏ်များ လိုအပ်သည်ဟုလည်း ဟာဆန် မူရတ်မာကန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံထုတ်ရဟတ်ယာဉ်(၃၀)စီးအား ပါကစ္စတန်နိုင်ငံမှအမေရိကန်ဒေါ်လာဖြင့်ဝယ်ယူရန်သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်း

    ပါကစ္စတန်နိုင်ငံသည် တူရကီနိုင်ငံမှဝယ်ယူထားသည့် ရဟတ်ယာဉ်များ လွှဲပြောင်းလက်ခံရရှိရေးနှင့်ပတ်သက်၍ တူရကီနိုင်ငံအား နောက်ထပ် အချိန် ၆ လ ထပ်မံသက်တမ်းတိုးပေးခဲ့ကြောင်း အမေရိကန်စစ်ဘက် သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်ကို Dawn သတင်းဌာနက မတ်လ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ပါကစ္စတန်နိုင်ငံသည် တူရကီနိုင်ငံမှထုတ်လုပ်သည့် T129 Atak ရဟတ်ယာဉ် အစီး ၃၀ အား အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့်ဝယ်ယူရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါရဟတ်ယာဉ် များတွင် တပ်ဆင်အသုံးပြုရသည့် စက်ပစ္စည်းများနှင့် အခြားသောအစိတ်အပိုင်းများ သည် အမေရိကန်မှ ထုတ်လုပ်သည့်ပစ္စည်းများ တပ်ဆင်ရခြင်းဖြစ်ပြီး အမေရိကန်မှ ၎င်းပစ္စည်းများ၏ ပို့ကုန်လိုင်စင်ထုတ်ပေးရန် ငြင်းဆိုမှုကြောင့် အထက်ပါကဲ့သို့ လွှဲပြောင်းရေးလုပ်ငန်းများ နှောင့်နှေးခဲ့ခြင်းဖြစ်ပါသည်။ ပါကစ္စတန်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်လည်း ရဟတ်ယာဉ်လွှဲပြောင်းလက်ခံမှုနှင့်ပတ်သက်၍ တူရကီ နိုင်ငံအား ၁ နှစ် သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, March 16, 2021

တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားသို့ စစ်ပစ္စည်းများလွှဲပြောင်းပေးပို့ခဲ့မှုနှင့် ပတ်သက်၍ ရုရှားကစိုးရိမ်လျက်ရှိခြင်း




Sputnik; Mar-15 (Mon)
    တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားနိုင်ငံသို့ စစ်ပစ္စည်းများလွှဲပြောင်းပေးပို့ ခြင်းနှင့် ရက်ကွာ(Raqqa)စီရင်စုတွင် အခိုင်အမာခံစစ်ဆင်မှုပြုလုပ်ခြင်းတို့နှင့်ပတ်သက်၍ ဆီးရီးယားရှိ စစ်ပြိုင်ပါတီများ ပြန်လည်ပေါင်းစည်းရေးအဖွဲ့၏ ရုရှားအုပ်ချုပ်ရေးဗဟို ဌာနမှ ဒုတိယဥက္ကဌ ရေတပ်ဗိုလ်ချုပ် အလက်ဇန္ဒြားကာပို့ဗ် (Alexander Karpov) က စိုးရိမ်ကြောင်း အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏လုပ်ဆောင်မှု များသည် နားလည်မှုစာချွန်လွှာကိုချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံ၏ပဋိပက္ခဖြေရှင်းရေး တွင် နှစ်နိုင်ငံစလုံးမှ ကြိုးစားအားထုတ်မှုများကိုထိခိုက်စေကြောင်း အလက်ဇန္ဒြားကာပို့ဗ်က ပြောကြားခဲ့ပါသည်။

Monday, March 15, 2021

တူရကီနိုင်ငံအနေဖြင့် အီဂျစ်အစိုးရ၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်နိုင်မှသာ ပုံမှန်ဆက်ဆံရေးပြန်ရမည်ဟု အီဂျစ်က ပြောကြားခဲ့ခြင်း







    Reuters; Mar-15 (Mon)

        နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ရေးအတွက် တူရကီ အစိုးရ၏ လှုပ်ရှားမှုများသည် အီဂျစ်အစိုးရကချမှတ်ထားသော အခြေခံသဘောတရား များနှင့်ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်မှုရှိသည်ကို ပြသရမည်ဖြစ်ကြောင်း အီဂျစ် နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ(Sameh Shoukry) က မတ်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား နှစ်ပေါင်းများစွာကြာ တင်းမာ မှုများဖြစ်ပေါ်ခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးမှုများကို အနည်းအကျဉ်းသာပြုလုပ်ခဲ့ ကြောင်း ရှော့ခ်ရီက အတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် ပုံမှန် သံတမန်ဆက်ဆံရေး မူဘောင်အတွင်းမှာပင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တူရကီအနေဖြင့် အီဂျစ်အစိုးရ၏ အခြေခံသဘောတရားများနှင့်အညီ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိနိုင်မည်ဖြစ် ကြောင်း ရှော့ခ်ရီက ပြောကြားထားပါသည်။

    တူရကီအစိုးရအနေဖြင့် ပြီးခဲ့သောသီတင်းပတ်အတွင်းမှစတင်၍ အီဂျစ်နိုင်ငံ နှင့် သံတမန်‌ဆက်သွယ်ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ကြောင်း တူရကီထိပ်တန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား ဆွေးနွေးမှု များသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်းမရှိသေးသော်လည်း ကျေနပ်ဖွယ်ရာ ရလဒ်တစ်ခုရရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရေးကိစ္စနှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ပေးရန် အဆိုပြုခဲ့ကြောင်း အီဂျစ်ထောက်လှမ်းရေးသတင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အီဂျစ်နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများကြောင့် သမ္မတ အာဒိုဂန်၏မဟာမိတ် ဖြစ်သူ အီဂျစ်သမ္မတ မိုဟာမက်မော်စီ (Mohammed Mursi) ပြုတ်ကျခဲ့ပြီးနောက် အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား ဆက်ဆံရေးအေးစက်ခဲ့ကြောင်း သတင်းအရင်း အမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

Sunday, March 14, 2021

ပြင်သစ်၊ အစ္စရေး၊ ဂရိနှင့်ဆိုက်ပရပ်စ်တို့၏ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်း အဆုံးသတ်ခဲ့ခြင်း

Al-monitor; Mar-12 (Fri)

    အစ္စရေးရေတပ်သည် ဆိုက်ပရပ်စ်၊ ဂရိနှင့် ပြင်သစ်နိုင်ငံတို့နှင့်အတူ ယခုရက် သတ္တပတ်အတွင်း မြေထဲပင်လယ်အရှေ့ပိုင်း၌ “Noble Dina” အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတစ်ရပ်အားဆောင်ရွက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့ ၄ နိုင်ငံသည် တူရကီနှင့်တင်းမာမှုများ မြင့်တက်လျက် ရှိနေစဉ်အတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လျက် ရှိပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းအား ရေအောက်စစ်ဆင်မှုများ၊ ရှာဖွေကယ်ဆယ်ရေး၊ ရှာဖွေကင်းထောက်ခြင်းနှင့် ရေပေါ်တိုက်ခိုက်ရေးစွမ်းရည်များ မြင့်တက်လာစေရန် ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရေတပ်စစ်ဆင်ရေးများ၏ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် အီရယ်ဟာရယ် (Eyal Harel) က ပြောကြားခဲ့ပါသည်။

    ၎င်းစစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောဖျက်စစ်ရေးလေ့ကျင့်ခန်းများ၊ ဖြစ်နိုင်ဖွယ်ရှာဖွေကယ်ဆယ်မှုလေ့ကျင့်ခန်းများနှင့် စစ်သင်္ဘောများအကြား ဖြစ်နိုင်ဖွယ် တိုက်ပွဲများကို သဏ္ဌာန်တူပြုလုပ်၍လေ့ကျင့်ခဲ့ပြီး မတ်လ ၁၁ ရက်တွင် ၎င်းစစ်ရေး လေ့ကျင့်ခန်းအား အဆုံးသတ်ခဲ့ကြောင်း ဟာရယ်ကထပ်လောင်းပြောကြားခဲ့ပါသည်။ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင်တွေ့ဆုံခဲ့ကြပြီး စစ်‌ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် သွားရန် သဘောတူခဲ့ပါသည်။ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့်ဂရိနိုင်ငံတို့သည် ဥရောပသို့ တင်ပို့မည့် ရေအောက်သဘာဝဓာတ်ငွေ့အဓိကပိုက်လိုင်းတစ်ခုကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်တည်‌ဆောက်သွားရန် ရည်မှန်းချက်ထားလျက်ရှိသည့်အပြင် အခြားသော အခြေခံအဆောက်အဦစီမံကိန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

Saturday, March 13, 2021

ရုရှားအနေဖြင့် တူရကီနိုင်ငံသို့ တိုက်လေယာဉ်များရောင်းချသွားရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်သွားရန် အသင့်ရှိခြင်း

PressTV; Mar-13 (Sat)

    ရုရှားနိုင်ငံသည် ပြည်တွင်းထုတ် Su-35 နှင့် Su-57 တိုက်လေယာဉ်များကို တူရကီနိုင်ငံသို့ ရောင်းချပေးရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် အသင့် ရှိကြောင်း ရုရှားဖက်ဒရယ်ပြည်ထောင်စု၏ စစ်ဘက်နှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Russia’s Federal Service for Military and Technical Cooperation-FSVTS) ၏ ပြောရေးဆိုခွင့်ရှိသူ ဘာလီယာရီရှက်နီကိုဗာ (Valeria Reshetnikova) က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်ဘက်နည်းပညာ သတ်မှတ်ချက်ကို ပြည့်မီစေရန်အတွက် ရုရှားထုတ် Su-35 နှင့် Su-57 တိုက်လေယာဉ် များကို ရောင်းချပေးရန်တောင်းဆိုမှုရှိခဲ့ပါသည်။ ထို့ကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန်အသင့်ရှိကြောင်း ဘာလီယာရီရှက်နီကိုဗာက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်များဝယ်ယူရန်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၌ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်အားလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ တူရကီ၏အထက်ပါဝယ်ယူမှုကြောင့် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် တူရကီနိုင်ငံအပေါ် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။ အမေရိကန်၏လုပ်ဆောင်မှုသည် အမေရိကန်-တူရကီ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ထိခိုက်နစ်နာစေပြီး ခြိမ်းခြောက်မှု ဖြစ်စေနိုင်သောကြောင့် အမေရိကန်အပေါ် လက်တုံ့ပြန်သွားမည်ဟုလည်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှား၏ S-400 ကာကွယ်ရေးစနစ်သည် အမေရိကန်၏ F-35 တိုက်လေယာဉ်များအား ခြိမ်းခြောက်မှုဖြစ်စေနိုင်သဖြင့် တူရကီနိုင်ငံအတွင်း အမေရိကန်- တူရကီ နှစ်နိုင်ငံပူးတွဲထုတ်လုပ်မည့် F-35 တိုက်လေယာဉ်အစီအစဉ်အား ဖျက်သိမ်းသွားခဲ့ကြောင်း Press TV သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် စီစဉ်လျက်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Reuter; Mar–12 (Fri )

    တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ များအား ဧပြီလအတွင်း လက်ခံကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကိုလည်း ခန့်အပ်သွားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၁၂ ရက်၌ ပြောကြားခဲ့ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပမီကာလ၌ ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းတစ်ရပ်အားအဆိုပြုခဲ့ပြီးနောက် မဲလ်ဗက်ကာဗူဆိုဂလူ၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တာလီဘန်နှင့် အမေရိကန်အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဇန်နဝါရီလမှစတင်၍ ကာတာနိုင်ငံ၌ပြုလုပ်လျက်ရှိသော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာလျက်ရှိပါသည်။ အမေရိကန်သည် နှောင့်နှေးကြန့်ကြာလျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်အရှိန်အဟုန်ဖြင့် တိုးတက်မှုရရှိစေရေးအတွက် ငြိမ်းချမ်းရေးအစီစဉ်တစ်ရပ်အား အဆိုပြုတင်သွင်းခဲ့ပါ သည်။

    တူရကီအနေဖြင့် ၎င်း၏နိုင်ငံအတွင်း တာဘီဘန်-အာဖဂန်အစိုးရတို့အကြား အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရေးနှင့်ပတ်သက်၍ အာဖဂန်အစိုးရအရာရှိများနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ထိုသို့ ကျင်းပခြင်းသည် ကာတာနိုင်ငံတွင်ကျင်းပသည့် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တူရကီနိုင်ငံ၌ ပြောင်းလဲကျင်းပသည်ဟူ၍ဆိုလို၍မရကြောင်း၊ တူရကီတွင် ဆွေးနွေးပွဲ ကျင်းပသည့်ကိစ္စရပ်နှင့်ပတ်သက်၍ ကာတာနိုင်ငံနှင့်လည်း ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း မဲလ်ဗက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ တာလီဘန်နှင့် အာဖဂန် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပခြင်း၏ တစ်ခုတည်းသော ရည်ရွယ် ချက်မှာ အာဖဂန်ငြိမ်းချမ်းရေးရရှိမှုတစ်ခုတည်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါ သည်။ ထို့ပြင် တူရကီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန်အတွက် အာဖဂန် နိုင်ငံအတွင်း အကြမ်းဖက်မှုရပ်တန့်ရန် တာလီဘန်နှင့်အာဖဂန်အစိုးရထံ ပြောကြား လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့်လည်း ယခုလနှောင်းပိုင်း၌ အာဖဂန်နိုင်ငံဆိုင်ရာညီလာခံတစ်ခုအား ကျင်းပရန်စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

အစ္စရေးကြည်းတပ်ဦးစီးချုပ်နှင့် အစ္စရေးသမ္မတတို့သည် ပြင်သစ်၊ဂျာမနီနှင့် ဩစတြီးယားနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်းဖော်ပြခဲ့ခြင်း

    အစ္စရေးအစိုးရအနေဖြင့် အီရန်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း အစ္စရေးကြည်းတပ်ဦးစီးချုပ် အေဗစ်ကိုချာဗီ (Aviv Kochavi) က ပြောကြားခဲ့ပါသည်။ အစ္စရေးကြည်းတပ်ဦးစီးချုပ် ကိုချာဗီသည် အစ္စရေးသမ္မတ ရူဗင်ရစ်ဗလင် (Reuven Rivlin) နှင့်အတူ ပြင်သစ်၊ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံများသို့ မတ်လ ၁၆ ရက်တွင် ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း JP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း အစ္စရေးသမ္မတ ရစ်ဗလင်နှင့် ကြည်းတပ်ဦးစီးချုပ် ကိုချာဗီ တို့သည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron)၊ ဂျာမနီသမ္မတ ဖရန့်ဝေါ်လ်တာစတိန့်မိုင်ယာ (Frank-Walter Steinmeier)၊ ဩစတြီးယားသမ္မတ အလက်ဇန်းဒါးဗန်ဒါဘဲလန် (Alexander Van der Bellen)၊ ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ်(Sebastian Kurz)တို့နှင့် တွေ့ဆုံရန်မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်များအရသိရှိရပါသည်။

တူရကီနှင့်ရုရှားနိုင်ငံတို့ထံကိုယ်ုစားလှယ်များငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက်စေလွှတ်ပေးမည်ဖြစ်ကြောင်းအမျိုးသားလုံခြုံရေးအကြံပေးကပြောကြားခဲ့ခြင်း

    အာဖဂန်နစ္စတန်အစိုးရသည် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများပြုလုပ်ရန် အတွက် တူရကီနှင့်ရုရှားနိုင်ငံတို့သို့ ကိုယ်စားလှယ်များစေလွှတ်ပေးသွားမည် ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဟမ်ဒူလာမိုဟစ် (Hamdullah Mohib) က မတ်လ ၁၃ ရက်တွင်ပြောကြားခဲ့ပါသည်။ စေလွှတ်မည့်ကိုယ်စားလှယ်များအား အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အဆင့်မြင့်ကောင်စီတို့က ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ တာလီဘန်တို့အနေဖြင့် ကာတာနိုင်ငံမြို့တော် ဒိုဟာ(Doha)တွင်ရှိသည့် စေ့စပ် ညှိနှိုင်းသူများအား စေလွှတ်ပေးမည်ဆိုပါက အာဖဂန်နစ္စတန်အစိုးရသည်လည်း ဒိုဟာတွင် ရှိသည့် ၎င်းတို့၏ကိုယ်စားလှယ်များအားစေလွှတ်ပေးသွားမည်ဟု ဟမ်ဒူလာမိုဟစ်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Friday, March 12, 2021

တူရကီသံအမတ်ကြီးနှင့် ပါကစ္စတန်ခရီးသွားလာရေးဝန်ကြီး တို့တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံလေကြောင်းဆိုင်ရာဆက်ဆံရေးကိစ္စရပ်များဆွေးနွေးခဲ့ခြင်း

    ပါကစ္စတန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အီဆန်မူစတာဖာယူဒါကူလ် (Ihsan Mustafa Yurdakul) သည် မတ်လ ၁၂ ရက်တွင် ပါကစ္စတန်လေကြောင်း ခရီးသွားလာရေးဝန်ကြီး ဂူလမ်ဆာဝါခန် (Ghulam Sarwar Khan) နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလေကြောင်းကဏ္ဍအပါအဝင် အမျိုးမျိုးသောကဏ္ဍများတွင် ဆက်ဆံရေးမြှင့်တင် သွားရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ကာလကြာရှည်ကောင်းမွန်ခဲ့ပြီး လက်ရှိအချိန်တွင် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ထို့ပြင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်လျက်ရှိကြောင်း ဂူလမ်ဆာဝါခန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Thursday, March 11, 2021

ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာတာ နိုင်ငံခြားရေးဝန်ကြီးနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့သည် ဆီးရီးယား နိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ ပူးတွဲဆွေးနွေးတိုင်ပင်မှုတစ်ရပ်အား စတင်လုပ်ဆောင်ရန် ကြေညာခဲ့ခြင်း

        ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov)၊ ကာတာ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဘင်အဗ္ဗဒူလာမန်ရာမန် (Mohammed bin Abdulrahman Rahman)နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူ (Cavusoglu) တို့သည် ဆီးရီးယား နိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ ပူးတွဲဆွေးနွေးတိုင်ပင်မှုတစ်ရပ်အား စတင်လုပ်ဆောင်ရန် ကြေညာခဲ့ပါသည်။ အဆိုပါ လုပ်ငန်းစဉ်အသစ်သည် လူသားချင်းစာနာမှုကိစ္စများနှင့်အတူ အက်စတာနာ (Astana) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အဓိကထားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဝန်ကြီးများက ပြောကြားခဲ့ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားငြိမ်းချမ်းရေးကိစ္စကို ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် ကာတာနိုင်ငံသည်လည်း ပါဝင်လာခဲ့ပြီဖြစ်ကြောင်း ဆာဂျီ လက်ဗ်ရော့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူရကီနိုင်ငံသည် အနောက်မဟာမိတ်နိုင်ငံများ၏ ကုန်သွယ်ခွင့်ပိတ်ပင်မှုများကိုရင်ဆိုင်နိုင်ရန်အတွက် ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုများနှင့်မိတ်ဖက်အသစ်များရရှိရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်းဖော်ပြခဲ့ခြင်း

    တူရကီနိုင်ငံသည် အနောက်မဟာမိတ်နိုင်ငံများ၏ သွယ်ဝိုက်သော ကုန်သွယ်ခွင့် ပိတ်ပင်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် တောင်ကိုရီးယားနှင့် ယူကရိန်းနိုင်ငံများမှတစ်ဆင့် ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုများနှင့် မိတ်ဖက်အသစ်များရရှိရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း Defense News သတင်းဌာနက မတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါ သည်။ တူရကီနိုင်ငံ၏ တင့်ကားထုတ်လုပ်ရေး BMC ကုမ္ပဏီသည် Altay တိုက်ပွဲဝင်တင့် တည်ဆောက်ရန်အတွက် အင်ဂျင်နှင့်စက်ပစ္စည်းစနစ်များဝယ်ယူရန် တောင်ကိုရီးယား နိုင်ငံရှိ Doosan Group၊ S&T Dynamics ကုမ္ပဏီများနှင့် အကြိုသဘောတူညီချက် များအား လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းသတင်းဌာနက ထပ်လောင်းဖော်ပြခဲ့ပါ သည်။ တူရကီနိုင်ငံသည် ဂျာမနီရှိ MTU ကုမ္ပဏီနှင့် RENK ကုမ္ပဏီများမှ အင်ဂျင်နှင့် စက်ပစ္စည်းစနစ်များဝယ်ယူနိုင်ရေးအတွက် သဘောတူညီချက်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်၍ တူရကီနိုင်ငံသို့ လက်နက်တင်ပို့မှုများအား ဂျာမနီ နိုင်ငံက ကန့်သတ်ထားသောကြောင့် မည်သည့်သဘောတူညီချက်မှ ရရှိခဲ့ခြင်းမရှိ ကြောင်း သိရှိရပါသည်။

Wednesday, March 10, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည်ကာတာနိုင်ငံ၏ မြို့တော်ဒိုဟာ၌ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

        တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergey Lavrov) တို့သည် နာဂေါ်နို-ကာရာဘတ်ခ်၊ ဆီးရီးယားနှင့် လစ်ဗျားတို့၏အခြေအနေများနှင့်စပ်လျဉ်း၍ ကာတာ နိုင်ငံ၏ မြို့တော်ဒိုဟာ (Doha) တွင် မတ်လ ၁၀ ရက်၌ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအား ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီအခြေအနေ များသို့ပြန်လည်ရောက်ရှိရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ရုရှားအစိုးရနှင့်အစိုးရအချင်းချင်း အပြန်အလှန်သဘောတူညီချက်အရ တည်ဆောက် ခဲ့ကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Tuesday, March 9, 2021

အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိတို့သည် စွမ်းအင်ဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း


Middleeasteye; Mar-9(Tue)

      အစ္စရေးစွမ်းအင်ဝန်ကြီး ယူဗဲလ်စတိန်းနစ်ဇ် (Yuval Steinitz) သည် ဆိုက်ပရပ်စ် နိုင်ငံသို့သွားရောက်ခဲ့ပြီး ဥရောပ-အာရှဆက်သွယ်မှု (EuroAsia Interconnector) စီမံကိန်း အရ ဆိုက်ပရပ်စ်၊ ဂရိနိုင်ငံတို့နှင့်အတူ မြေထဲပင်လယ်အားဖြတ်သန်း၍ ပင်လယ်ရေအောက် လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုတည်ဆောက်ရန် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်အား မတ်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မြေထဲပင်လယ်အတွင်းရှိ EuroAsia Interconnector စီမံကိန်းသည် အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့၏ လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။ ဆိုက်ပရပ်စ်စွမ်းအင်ဝန်ကြီး နာတာရှာပီလိုက် (Natasa Pilides) နှင့် စတိန်းနစ်ဇ်တို့သည် ဓာတ်ငွေ့တူးဖော်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ပါဝင်လျက်ရှိသည့်ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များနှင့်လုပ်ငန်းလည်ပတ် နိုင်ရေးအတွက် ဖြေရှင်းနိုင်မည့် အခြေခံမူဘောင်တစ်ရပ်အား မတ်လ ၉ ရက်တွင် သဘောတူညီခဲ့ပါသည်။

    အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် ကမ်းလွန်သဘာဝအရင်းအမြစ်များ ခွဲဝေရေးနှင့်ပတ်သက်၍ ၉ နှစ်ကြာ သဘောထားကွဲလွဲနေမှုများကို ဖြေရှင်းရန်အတွက် အထက်ပါမူဘောင်အား သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ပါသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် Aphrodite ဓာတ်ငွေ့လုပ်ကွက်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းလုပ်ကွက် အချို့မှာ အစ္စရေး၏ရေကြောင်းဇုန်အတွင်း၌ ကျရောက်ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ဆိုက်ပရပ်စ်နိုင်ငံသည် အစ္စရေး၏ ရေကြောင်းဇုန်၌မပါဝင်သော ကျန်ရှိသည့်ဓာတ်ငွေ့ လုပ်ကွက်များအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှာလည်း ရှုပ်ထွေးလျက်ရှိ ပါသည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂,၀၀၀ မဂ္ဂါဝပ်အား ထုတ်လွှတ်ပေး နိုင်မည်ဖြစ်ပြီး ဆိုက်ပရပ်စ်၊ ဂရိနှင့် အစ္စရေးနိုင်ငံတို့အကြား ကီလိုမီတာ ၁,၅၀၀ ခန့် ရှည်လျားကာ ၂,၇၀၀ မီတာခန့်အား ရေအောက်မှ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

        တူရကီနိုင်ငံအနေဖြင့် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် စေ့စပ် ညှိနှိုင်းမှုများတွင် ကူညီဆောင်ရွက်ရန်အသင့်ရှိကြောင်းနှင့် အာဖဂန်နစ္စတန်သည် တူရကီအတွက် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း လက်ရှိအာဏာရ AK ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ အိုမာစီလစ်ခ် (Omer Celik) က မတ်လ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်တွင် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်အထူးသံတမန် ဇယ်လ်မေခါလီဇတ် (Zalmay Khalizad) က အာဖဂန်ငြိမ်းချမ်းရေးအတွက် အဆို ပြုချက်တစ်ခုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုပြုချက်သည် အာဖဂန်စစ်ပွဲအား အဆုံးသတ် နိုင်ရေးနှင့် အာဖဂန်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်သည့် အဆိုပြုချက် တစ်ခုဖြစ်ကြောင်း ကဘူလ်းအခြေစိုက် အာဖဂန်နစ္စတန် မဟာဗျူဟာလေ့လာရေး အဖွဲ့မှ အာဖဂန်ငြိမ်းချမ်းရေးကိုယ်စားလှယ် နာဒါနေဒရီ (Nader Nadery) က ပြောကြား ခဲ့ပါသည်။ လက်ရှိတွင် အာဖဂန်အစိုးရအနေဖြင့် အထက်ပါအဆိုပြုချက်သည် အာဖဂန် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ရရှိခြင်း ရှိ/မရှိ လေ့လာသုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံထုတ် ဘက်စုံသုံးတိုက်ခိုက်ရေးရဟတ်ယာဉ်၃၀စင်း ပါကစ္စတန်နိုင်ငံသို့ရောင်းချမှုအားအမေရိကန်ကတားမြစ်ခဲ့ကြောင်း

        တူရကီနိုင်ငံမှထုတ်လုပ်သော ဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၀ စင်း အား ပါကစ္စတန်နိုင်ငံသို့ရောင်းချမှုအပေါ် အမေရိကန်က တားမြစ်ခဲ့ကြောင်း ဝါရှင်တန်ရှိ သံတမန်သတင်းအရင်းအမြစ်များက Dawn သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ်များသည် အမေရိကန်ရှိ LHTEC ကုမ္ပဏီမှထုတ်လုပ်သည့် အင်ဂျင်များ တပ်ဆင်ရသော ATAK T-129 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပြီး လက်ရှိတွင် အမေရိကန်အနေဖြင့် အင်ဂျင်ပို့ကုန်လိုင်စင်ထုတ်ပေးရန် ငြင်းပယ် ခဲ့ခြင်းဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံမှ ရဟတ်ယာဉ်များဝယ်ယူရန် အတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ လက်ရှိတွင် အမေရိကန် အနေဖြင့် တူရကီနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုများသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေနိုင်ကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အိုင်ဘရာ ဟင်ကာလင် (Ibrahim Kalin) က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥဇဘက်ကစ္စတန်သမ္မတနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ခြင်း

    ဥဇဘက်ကစ္စတန်သမ္မတ ရှပ်ကတ်မီဇီရိုရက်ဗ် (Shavkat Mirziyoyev) သည် ၎င်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက် ကာဗူဆိုဂလူ (Mevlut Cavusoglu) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မတ်လ ၉ ရက်တွင်တွေ့ဆုံခဲ့ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အား အလေးထားဆွေးနွေးခဲ့ပါသည်။ ထို့ပြင် Turkic နိုင်ငံများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကောင်စီ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့အစည်းများ၏ မူဘောင်များအပါအဝင် ဒေသတွင်းစီးပွားဖက် နိုင်ငံများ၊ နိုင်ငံတကာမူဝါဒများနှင့်စပ်လျဉ်း၍ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

Monday, March 8, 2021

ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် အရှေ့မြေထဲပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်း

Arab News; Mar-9(Tue)

    ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် မတ်လ ၈ ရက်တွင် အီဂျစ်နိုင်ငံသို့သွားရောက်၍ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) နှင့်တွေ့ဆုံခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် လေ့လာစူးစမ်းရှာဖွေရေးဆိုင်ရာ ရေပိုင်နက်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများအား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်စဉ် အရှေ့မြေထဲပင်လယ်ဒေသရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးဆိုင်ရာ လေ့လာစူးစမ်းရှာဖွေရေးနယ်မြေများအား ရေပိုင်နက် နယ်နိမိတ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ယခင်ကတည်းကပင် သဘော တူညီမှုရရှိပြီးဖြစ်ကြောင်းနှင့် ဒန်ဒီရက်စ်က ပြောကြားခဲ့ပါသည်။ ယခုအခါတွင် အီဂျစ်ပိုင် နယ်မြေ ၃ ခုအနက် တစ်ခုသည် နှစ်နိုင်ငံသဘောတူသတ်မှတ်ထားသည့် နယ်မြေ ပိုင်နက်ထက် အရှေ့ဘက်သို့ ပိုမိုကျော်လွန်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ကျော်လွန်နေသော နယ်မြေသည် အီဂျစ်နိုင်ငံ၏ရေပိုင်နက်အမှန်ဖြစ်ကြောင်း တူရကီနိုင်ငံ၏ ပြောကြား နေမှုများနှင့်ပတ်သက်၍ ဂရိနိုင်ငံအနေဖြင့် လက်ခံသွားမည်မဟုတ်ကြောင်း ဂရိနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။

    အီဂျစ်အစိုးရအနေဖြင့် အရှေ့မြေထဲပင်လယ်ဒေသအတွင်းရှိ သဘာဝဓာတ်ငွေ့ လေ့လာစူးစမ်းရှာဖွေရေးနယ်မြေများနှင့်ပတ်သက်၍ တူရကီနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်သည်ဟူသောသတင်းများမှာ ကောလာဟလတစ်ခုသာဖြစ်ကြောင်း၊ တူရကီ နိုင်ငံနှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အီဂျစ်သံတမန်များနှင့် ဆက်စပ် လျက်ရှိသည့် သတင်းအရင်းအမြစ်တစ်ခုက အစောပိုင်းတွင် ပြောကြားထားပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် တူရကီနှင့် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ သဘော တူညီချက်အား ကန့်ကွက်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ တူရကီနိုင်ငံ၏လုပ်ဆောင်မှုသည် ဂရိနှင့်အီဂျစ်နိုင်ငံတို့အကြား ဒေသတွင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေမှုများကိုအသုံးချကာ အကျိုး အမြတ်ရရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ထပ်မံပြောကြားထားပါသည်။ ဂရိနှင့် အီဂျစ်နိုင်ငံတို့အကြား အငြင်းပွားလျက်ရှိသည့် အရှေ့မြေထဲပင်လယ်ဒေသအတွင်း သဘာဝဓာတ်ငွေ့လေ့လာစူးစမ်းရှာဖွေရေးနယ်မြေ များ၏ ရေပိုင်နက်နယ်နိမိတ်ရေပုံညွှန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံပညာရှင်များအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ပိုင်နက်နယ်နိမိတ်အတည်ပြုသတ်မှတ်ခြင်းအား သတင်း ထုတ်ပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂသည် ဆိုက်ပရပ်စ်အရေးကိစ္စနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများတွင် လိုအပ်သောအကူအညီများ ပေးအပ်သွားမည်ဆိုခြင်း

AA; Mar-8(Mon)

    ဥရောပသမဂ္ဂ(EU)အနေဖြင့် ဆိုက်ပရပ်စ်အရေးကိစ္စနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တူရကီဆိုက်ပရပ်စ်နှင့် ဂရိဆိုက်ပရပ်စ်ခေါင်းဆောင်များအပါအဝင် ကုလသမဂ္ဂတို့မှ လိုအပ်သည့် မည်သည့်အကူအညီမျိုးကိုမဆို ပေးအပ်ရန်အသင့်ရှိ ကြောင်း EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဇက် ဘော်ရယ် (Josep Borrell) က မတ်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆိုက်ပရပ်စ် အရေးကိစ္စသည် ဥရောပသမဂ္ဂ၏အခက်အခဲဟု ယူဆထားသည့်အတွက် ကုလသမဂ္ဂ ဦးဆောင်သည့် ဆိုက်ပရပ်စ်အရေးဆွေးနွေးပွဲများတွင်ပါဝင်ရန် လိုလားလျက်ရှိကြောင်းလည်း ဂျိုးဇက်ဘော်ရယ်က ပြောကြားခဲ့ပါသည်။ ဂျိုးဇက်ဘော်ရယ်အနေဖြင့် ပြီးခဲ့သော သီတင်းပတ်အတွင်းက သွားရောက်ခဲ့သည့် ဆိုက်ပရပ်စ်ချစ်ကြည်ရေးခရီးစဉ်အတွင်း တူရကီဆိုက်ပရပ်စ် (Turkish Republic of Nothern Cyprus- TRNC) သမ္မတ အာဆင်တက်တာ၊ ဂရိဆိုက်ပရပ်စ်သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nikos Anastasiadis) တို့နှင့်တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

    ကုလသမဂ္ဂသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၅၆၁ နှင့်အညီ ဆိုက်ပရပ်စ်အရေးတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုတစ်ရပ် ရရှိနိုင်ရေးဆိုင်ရာ ကန့်သတ်ချက်မူဘောင်များအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် EU အနေဖြင့် ဆိုက်ပရပ်စ်အရေးဆွေးနွေးပွဲများတွင် ကုလသမဂ္ဂ၏ရပ်တည်ချက်များကို အပြည့်အဝ ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း ဂျိုးဆက်ဘော်ရယ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆိုက်ပရပ်စ်အရေးကိစ္စအား ပြည်ပနိုင်ငံများ၏ အကူအညီများဖြင့် ဖြေရှင်းဆောင်ရွက်ရန် မရနိုင်ကြောင်း၊ ၎င်းပြဿနာအားဖြေရှင်းနိုင်ရန် ဆိုက်ပရပ်စ်နိုင်ငံသားများထံ၌သာ အပြည့်အဝတာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ယခုပြန်လည် ပြုလုပ်မည့် ဆိုက်ပရပ်စ်အရေးကိစ္စဆွေးနွေးပွဲများသည် တူရကီနှင့် ဥရောပသမဂ္ဂတို့ အကြားထားရှိသော ဆက်ဆံရေးများအပေါ်တွင် အကျိုးသက်ရောက်မှုများဖြစ်ပေါ်နိုင်သည့် အတွက် အရေးကြီးကြောင်း ဘော်ရယ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အာရပ်နိုင်ငံများနှင့် ဂရိနိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်အာရပ်အဖွဲ့ချုပ်က တောင်းဆိုခဲ့ခြင်း

        အာရပ်နိုင်ငံများနှင့် ဂရိနိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ဂရိနိုင်ငံ နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အာရပ်အဖွဲ့ချုပ်က တောင်းဆိုခဲ့ ကြောင်း Egypt Today သတင်းဌာနက မတ်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာရပ် အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် အာမက်အေဘောဂျီဟိန့် (Ahmed Aboul Gheit) သည် ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cairo) မြို့၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အထွေထွေအတွင်းရေးမှူးချုပ် အာမက်သည် ဒေသတွင်းနှင့် နိုင်ငံတကာကဏ္ဍပေါင်းစုံဖိုရမ်များတွင် ဂရိနိုင်ငံနှင့် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုများကို ပုံမှန်လုပ်ဆောင်သွားလိုသည့် အာရပ်အဖွဲ့ချုပ်၏ သဘောထားကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Sunday, March 7, 2021

ရုရှားနှင့် ဆီးရီးယားစစ်ဘက်တို့သည် တူရကီသို့ ရေနံမှောင်ခိုတင်ပို့နေသည့် စစ်သွေးကြွများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်း

  PressTv; Mar-7 (Sun)

              ရုရှားနှင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့ဝင်များသည် ဆီးရီးယားအနောက် မြောက်ပိုင်း အလက်ပို (Aleppo) စီရင်စုရှိ ယာယီရေနံချက်စက်ရုံများအား ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက မတ်လ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိတ်ဖက် အစ္စလာမ္မစ်စစ်သွေးကြွများ ထိန်းချုပ်ထားသည့် နယ်မြေရှိ ဆီသယ်ယာဉ်အစီး ၄၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရပါသည်။ ရုရှားစစ်သင်္ဘော များနှင့် ဆီးရီးယားတပ်ဖွဲ့ဝင်များအနေဖြင့် မတ်လ ရက်တွင် အယ်လ်ဘတ် (al-Bab) နှင့် ဂျာရာဘတ် (Jarablus) မြို့များအနီးရှိ ရေနံချက်စက်ရုံများကို စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြခဲ့ကြပါသည်။ တူရကီအထောက်အပံ့ ပေးထားသော စစ်သွေးကြွများအနေဖြင့် ဆီးရီးယား-တူရကီနယ်စပ်ကိုဖြတ်၍ ရေနံများ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းနေချိန်အတွင်း ဒုံးကျည်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း အခြားသတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။

              အဆိုပါဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က မတ်လ ရက်တွင် ပြောကြားခဲ့ပါသည်။ မကြာသေးမီလများအတွင်းကလည်း အလက်ပိုစီရင်စုအတွင်းရှိ တူရကီထိန်းချုပ်နယ်မြေများမှ ရေနံအဆောက်အအုံများ သည် ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထို့ပြင် လွန်ခဲ့သော ဇန်နဝါရီလ ၁၀ ရက်၌လည်း မောင်းသူမဲ့လေယာဉ်များက တူရကီထိန်းချုပ်နယ်မြေ များရှိ ရေနံချက်စက်ရုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။