Sputnik; Nov-10 (Tue)
တူရကီကာကွယ်ရေးကုမ္ပဏီများဖြစ်သည့်
Meteksan Defense နှင့် Ares Shipyard တို့သည် လက်နက်ထည့်သွင်းတပ်ဆင်ထားသည့်
ပထမဆုံးမောင်းသူမဲ့ ရေယာဉ် (Armed Unmanned Surface
Vehicle-AUSV) အား
ပူးတွဲတည်ဆောက် သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်တွင် ပြောကြားခဲ့ကြပါသည်။ တူရကီ နိုင်ငံအနေဖြင့် အဆိုပါ AUSV ရေယာဉ်နမူနာပုံစံအား လာမည့်ဒီဇင်ဘာလတွင် ရရှိမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထပ်လောင်းပြောကြားခဲ့ကြပါသည်။ ULAQ ဟု အမည်
ပေးထားသည့် AUSV ရေယာဉ်သည် အကွာအဝေး ၄၀၀ ကီလိုမီတာအထိ မောင်းနှင် နိုင်ပြီး ၁ နာရီလျှင် အကွာအဝေး ၆၅ ကီလိုမီတာအထိ မောင်းနှင်နိုင်ကြောင်း
သိရှိရ ပါသည်။ ထို့ပြင် ရေယာဉ်တွင် ညကြည့်အာရုံခံကိရိယာနည်းပညာနှင့် ထောက်လှမ်းရေး
စနစ်များထည့်သွင်းထားပြီး
ရေပြင်စစ်ပွဲ၊ ဘက်မညီစစ်ပွဲ၊ အစောင့်အရှောက်မစ်ရှင်နှင့်
မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံများအား ကာကွယ်ခြင်းများကို ဆောင်ရွက် နိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ထို့ပြင် ULAQ ရေယာဉ်တွင် လေဆာလမ်းညွှန်စနစ်နှင့်
လေဆာပဲ့ထိန်းဒုံး၊ တင့်ဖျက် L-UMTAS ဒုံးကျည်စနစ်များအပြင် အဝေးထိန်းကိရိယာများနှင့် မှတ်ဉာဏ်တု
နည်းပညာစနစ်များ ထည့်သွင်းတပ်ဆင်ထားပါသည်။
တူရကီနိုင်ငံအနေဖြင့်
နိုင်ငံ အတွင်း ယခုကဲ့သို့ ပထမဆုံး လက်နက်ထည့်သွင်းတပ်ဆင်ထားသည့်
မောင်းသူမဲ့ ရေယာဉ် ULAQ တည်ဆောက်မည့်အပေါ် ဝမ်းမြောက်ကြောင်းနှင့် တူရကီ၏ ပင်လယ်ပြင်
ကာကွယ်ရေး (Blue Homeland Defense)၊ အထူးစီးပွားရေးဇုန်ကာကွယ်ရေး၊ တူရကီပိုင်ကျွန်းဆွယ်များ ကာကွယ်ရေးတို့အား အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း
Meteksan Defense ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်
ဆီဆက်အယ်ပါဆလန် (Selcuk Alparslan) က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment