ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် တူရကီနိုင်ငံသုံး
လိုင်ရာ (Lira) ငွေကြေးတန်ဖိုးများ
ဆက်လက်ကျဆင်းလျက်ရှိပြီး စီးပွားရေးဆိုင်ရာပြဿနာများ တိုးမြှင့်ဖြစ်ပေါ်နေချိန်အတွင်း
တူရကီဘဏ္ဍာရေးဝန်ကြီး ဘီရတ်အယ်လ်ဘေရက် (Berat
Albayrak) သည် ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် Instagram မှတစ်ဆင့် ကြေညာခဲ့ပါသည်။ တူရကီငွေကြေးတန်ဖိုးကျဆင်းမှုကို
ထိန်းချုပ် နိုင်ခြင်းမရှိသောကြောင့် တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)
က တူရကီဗဟိုဘဏ်အကြီးအကဲအား ရာထူးမှဖယ်ရှားပြီးနောက် ဘဏ္ဍာရေး ဝန်ကြီး၏နုတ်ထွက်မှု
ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေးထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်
ရုန်းကန်နေရချိန် အတွင်း လိုင်ရာငွေကြေးတန်ဖိုးသည်
၂၀၂၀ ပြည့်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Sunday, November 8, 2020
တူရကီငွေကြေးတန်ဖိုး ဆက်လက်ကျဆင်းလျက်ရှိပြီး စီးပွားရေးပြဿနာများနှင့်ရင်ဆိုင်ရလျက်ရှိခြင်း
Labels:
စီးပွားရေး,
တူရကီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment