တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် တူရကီနိုင်ငံမှတစ်ဆင့် ဥရောပဒေသသို့ သွားရောက်ရန်ကြိုးပမ်းလျက်ရှိသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၂၄၉ ဦးအား နိုဝင်ဘာလ ၁၆ ရက်တွင် တားဆီးနိုင်ခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် အာဖဂန်နစ္စတန်၊ အီရတ်၊ အီရန်နှင့် ဆီးရီးယား နိုင်ငံတို့မှ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၁၁၅ ဦးအား တူရကီနိုင်ငံ၊ အက်လီမန် (Akliman) ခရိုင်ရှိကမ်းခြေတစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူ ၁၀၇ ဦးကိုလည်း ဆီဖယ်ရီဟီဆာ (Seferihisar) ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ ထို့ပြင် နောက်ထပ်နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၂၇ ဦးအား အဗာလစ် (Ayvalik) ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း တူရကီအစိုးရက သတင်းထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment