Anadolu Agency; Mar-16(Tue)
အမေရိကန်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကာလရှည် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကို ထိန်းသိမ်းလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က မတ်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လွိုက်အော်စတင်အနေဖြင့် တူကီယဲနိုင်ငံ၏ အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်များ ဝယ်ယူရန်တောင်းဆိုမှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အထက်ပါ အတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အော်စတင်သည် တူကီယဲ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုရန် ငြင်းဆိုခဲ့သည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော တူကီယဲနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ F-16 တိုက်လေယာဉ် အစီး ၄၀ နှင့် ၎င်းတို့၏ တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ရေး အတွက် အဆင့်မြှင့်တင်ရေးကိရိယာ ၈၀ ခု ဝယ်ယူရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ အတွင်းက တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ဦးဆောင်သော အမေရိကန်အစိုးရသည် တူကီယဲနိုင်ငံသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုနှင့်စပ်လျဉ်း၍ ဇန်နဝါရီလတွင် လွှတ်တော်၌ အလွတ်သဘောအတည်ပြုခဲ့ပါသည်။ သို့သော်လည်း ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအတွက် တူကီယဲနိုင်ငံ၏ အတည်ပြုချက်မှာ ရေရာမှုမရှိသောကြောင့် အဓိကအမတ်အများစုအနေဖြင့် တူကီယဲ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချမည့်သဘောတူညီချက်ကို အခိုင်အမာငြင်းဆိုရန် ကြွေးကြော်ခဲ့ကြောင်း သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment